ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 3


ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 3
HIGHEST, SUPREME, TOPMOST , UPPERMOST
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇

1။ ဤစကားလုံးများသည်​ ရုပ်​အားဖြင့်​ ​သို့မဟုတ်​ စိတ်​အားဖြင့်​ သို့မဟုတ် အရည်​အချင်းအားဖြင့်​  အမြင့်ဆုံးကို ဆိုလိုသည်​ ။

2။  HIGH - HIGHER - HIGHEST - မြင့်​​သော။ ပို၍ မြင့်​​သော။ အမြင့်​ဆုံး။
High price -  မြင့်​မား​သော ​ဈေး နှုံး
Highest price -  အမြင့်​ဆုံး​ဈေး နှုံး
The highest story in the building - အ​ဆောက်​အဦ၏ အမြင့်​ဆုံးအထပ်
The highest peak of the mountain - ​တောင်​၏ အမြင့်​ဆုံး​တောင်​​စောင်း

 3။ HIGHEST ကို အ​ရေးအပါဆုံးဟူ​သော အဓိပ္ပာယ်​ဖြင့်​လည်း သုံး နိုင်​သည်​။

Highest authority - အမြင့်​ဆုံးလုပ်​ပိုင်​ခွင့်
Highest importance - အ​ရေးအကြီးဆုံး ဖြစ်​ခြင်း
highest regard - အ​လေးစားဆုံး။ အထင်​အကြီးဆုံး။

 4။  SUPREME သည်​ အဆင့်​အရည်​အချင်း အ​ရေးပါမှုတို့တွင်​ အမြင့်ဆုံး ဖြစ်​ပြီး ဘယ်​သူနဲ့မှ မတူသည့်​သ​ဘောကို ​ဖေါ်ပြသည်​။

supreme court - တရားရုံးချုပ်

 The Thagyarmin is supreme among nats.
သိကြားမင်းသည်​ နတ်​များတွင်​ အမြင့်​ဆုံး ဖြစ်​၏

 ၅။ TOPMOST ကို လူ နှင့်​ပတ်​သက်​၍ သုံးလျှင်​ တိကျ​သော ရာထူး​နေရာတ​ခုခုတွင်​ အမြင့်​ဆုံးဟု ဆိုလိုသည်​။

Topmost executive of the company - ကုမ္မဏီတွင်​ ထိပ်​ဆုံးရာထူးရှိ​သောသူ

 ၆။ အရာဝတ္ထု အတွက်​ Topmost ကိုသုံးလျှင်​ အ​ပေါ်ဆုံးနေရာတွင်​ရှိ​သောအရာကို ဆိုလိုသည်​။
topmost drawer - အ​ပေါ်ဆုံး အံဆွဲ
Topmost branches of the tree - သစ်​ပင်​၏ အ​ပေါ်ဆုံးသစ်​ကိုင်းများ

 7. UPPERMOST သည်​ TOPMOST နှင့်​ အလဲအလှယ်​ သုံးနိုင်​သည်​။ သို့သော်​ UPPERMOST ကို အ​ရေးအပါဆုံး လူအများ သတိအပြုမိဆုံးဦးစား​ပေး အခံရဆုံးအတွက်​ သုံးသည်​။

 NLD is the uppermost among political parties.
NLD အင်​အယ်​ဒီသည်​ နိုင်​ငံ​ရေးပါတီများထဲတွင်​ ထိပ်တန်း ကရှိနေသည်​ ။

Those are thoughts uppermost in his mind.
ဤအ​တွေးများသည်​ သူ့စိတ်​ထဲတွင်​ ထိပ်တန်းက ရှိ​နေသည်​။

 8 - ဆင်​တူစကားလုံးများ။
farthest , steep , summit

9 -  ဆန့်​ကျင်​ဘက်​များ
Bottom , lowest , deepest ,undermost

Comments