ဒေါက်တာခင်မောင်ဝင်း (သချာင်္) - THE RIGHT WORD 4


ဒေါက်တာခင်မောင်ဝင်း (သချာင်္) - THE RIGHT WORD 4
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇
FLOW, GUSH, POUR, RUN , SPOUT , SPURT , SQUIRT , STREAM

1. ဤစကားလုံးများသည်​ ​ရေ၊ အရည်​ အမျိုးမျိုးနှင့်​ အမှုန်​က​လေးများ လှုပ်​ရှား စီးဆင်းခြင်းကို ​ဖော်​ပြရာတွင်​ သုံးသည်​။

2. FLOW သည်​ ဆက်​တိုက်​လွတ်​လပ်​စွာ မှန်​မှန်​ ​ဖြေး​ဖြေးစီးဆင်းသည့်​ သ​ဘောဖြစ်​သည်​။

  The river flows မြစ်​​ရေသည်​ စီးဆင်း​နေသည်​။

  Air current flows from west to east
လေစီး​ကြောင်းသည်​ အ​နောက်​မှ အ​ရှေ့သို့ တိုက်သည်​။

3. RUN သည်​ FLOW ထက်​ ပိုမို၍ လျှင်​မြန်​​သော စီးဆင်းမှုကို ​ဖော်​ပြသည်​။ အရည်​များအတွက်​ အထူးသုံးသည်​။ စီးဆင်းမှုသည်​ နည်းနိုင်​သည်​ များနိုင်​သည်၊​ လမ်း​ကြောင်းရှိ နိုင်​သည်​ လမ်း​ကြောင်း ကင်းမဲ့စွာလည်း စီးဆင်းနိုင်​သည်​။

Water is running down the window .
ရေသည်​ ပြူ တင်း ​ပေါက်​ ​ပေါ် တွင်​ စီး ဆင်း ​နေ သည်​။

In which direction does the river run .?
မြစ်​သည်​ ဘယ်​ကို စီးဆင်း ​နေသနည်း?

4. POUR သည်​ အ​ပေါ်မှ ​အောက်​သို့ စီးကျ ခြင်း ဖြစ်​သည်​။

Water is pouring over the dam.    
ရေသည်​ ​ရေကာတာ​ပေါ်မှ စီးကျ​နေသည်​။

5. STREAM သည်​ ​ ​ရေစီး​ကြောင်းပမာ အရာဝတ္ထုများ စီး​နေသည့်​ အဓိပ္ပါယ်​ ဖြစ်​သည်​။

Cars are streaming over the bridge .
မော်​​တော်​ကားများသည်​ တံတား​ပေါ်တွင်​ စီးဆင်း​နေသည်​။

Tears are streaming down her face .
သူ့ မျက်​နှာ​ပေါ်တွင်​ မျက်​ရည်​များစီးကျ​နေသည်​။

 6. GUSH သည်​ ရုတ်​တရက်​ ပန်းထွက်​သည်​ဟု ဆိုလိုသည်​ ။
Blood is gushing from his head.
သူ့​ခေါင်းက ​သွေး​တွေ ပန်းထွက်​​နေသည်​။

Water is gushing out from the fountain.
ရေသည်​ ​ရေပန်းမှ ပန်းထွက်​​နေသည်​။

 7. SPOUT သည်​ ဆက်​တိုက်​ ပန်းထွက်​​နေသည်​ဟု ဆိုလိုသည်​။
  Water is spouting from the leaky pipe.
ရေသည်​ ပိုက်​​ပေါက်​မှ ပန်းထွက်​​နေသည်​။

8. SPURT သည်​ ​သေးငယ်​​သော ပန်းထွက်​မှုများကို ​ဖေါ်ပြသည်​။ အစက်​က​လေးများကျခြင်း ကိုလည်း​ခေါ်သည်​။
The needle spurts out a few drops.
ဆေးထိုးအပ်​မှ အစက်​က​လေးများထွက်​သည်​။

9. SQUIRT သည်​ ခပ်​ဝေး​ဝေးမှ ပန်းထွက်​ခြင်းကို ​ဖေါ်ပြသည်​ ။
Water squirts from the fire hose.
မီးသတ်​ပိုက်​မှ ​ရေများပန်းထွက်​သည်​။

10. ဆင်​တူစကားလုံးများ Flood , Leak

11. ဆန့်​ကျင်​ဘက်​များ Congeal , freeze ', stagnate

Comments