ရန်လင်းအောင် ● ၈၈


ရန်လင်းအောင် ● ၈၈
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇

လူမှန်းသိတတ်လာတဲ့ နှစ်ပေါ့
ဘီလူးမှန်း မြင်တတ်လာတဲ့ နှစ်ပေါ့
ငါ -
လူမှန်းသိတတ်စ နှစ်ပဲပေါ့-
အာဏာညှီနံ့ကို ရွံလွန်းလို့
ပိုးစားခြကိုက် ရာဇဝင်အမှောင်ကို
ဂျင်ကလိစာကျွေးလို့
သမိုင်းအသိ သွေးသစ်လဲလို့
မုန်ယိုနေတဲ့ အာဏာကို
ကျောင်းမှန်းကန်မှန်းသိစေတဲ့ နှစ်
လူ့စည်း ဘီလူးစည်း ရန်ငါပြတ်တဲ့နှစ်
လူရိုသေရှင်ရိုသေ ဦးညွတ်ရတဲ့ နှစ်
အာဏာရူးတွေ ထောင့်ကျိုးဖို့
သွေးလက်ဆင့်ရမယ့်
၈၈_________ ။

ရန်လင်းအောင်

Comments