ဇေမှိုင်း ● ညကိုချိုးဖျက်ခဲ့ခြင်း

 ဇေမှိုင်း ● ညကိုချိုးဖျက်ခဲ့ခြင်း
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၆ 

အ ကာလ မဟုတ်ပေမယ့်
နှစ်ကာလများစွာ
ဆန္ဒမဲ့ ငြိမ်ဆိတ်နေခဲ့ရတဲ့ ည
ရှိသမျှကြယ်စင်တို့နဲ့ လမင်း
အလင်းကို အတင်းကာရံထားခံထားရတဲ့ ည
သောကတွေ
ဒဏ်ရာတွေနဲ့လျှာနဲ့သပ်ရင်း
ချဉ်းနင်းလာမယ့်
ချစ်ခြင်းတွေကိုမျှော်ကြ
"ကမ္ဘာမကြေဘူး-
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ..."
လှိုင်းလုံးတွေမောက်ကြွ
အားကိုးသံ, အားပေးသံတွေ
ဟုန်း ဟုန်း ထခဲ့ပေါ့
ရှစ်ရက်- ရှစ်လ- ရှစ်ဆယ့်ရှစ် ပါ
ကမ်းခြေမှာ အပန်းဖြေတာမဟုတ်ပါ
အာဏာဆိုတာ
ပြည်သူ့ လက်ထဲမှာဆိုတာပြတဲ့ ပွဲ
ကြားနေရေးမဲတွေကို ပုတ်ချ
စက်သေနတ်တွေဘက်ဆီ
ရင်ကော့တက်ချီသွားတဲ့ ပွဲ
သားတော် အစဉ်
မြေးတော် အဆက်
မြစ်တော် အညွန့်
တလွန့်လွန့် ထိုးတက်နေဦးမယ့် ရာဇဝင်မနက်.........။

(ကျဆုံးခဲ့ပြီးလေသော ရဲဘော်များနှင့် ရင်းနှီးခဲ့ရ ဘဝများစွာအား အလေးပြုလျက်) ။ ချိုစိမ့်/ ဇေမှိုင်း။

(မိုးမခ၏ မိတ်ဆွေ ကိုချိုစိမ့် (ဇေမှိုင်း) ကွယ်လွန်ကြောင်း ကြားသိရလို့ မိုးမခက ၀မ်းနည်းကြောင်း မှတ်တမ်း ပြုအပ်ပါသည်။ အမှတ်တရ သူ့ကဗျာကို ပြန်လည် တင်ဆက်လိုက်ပါသည်)

Comments