တင်လတ်ကို- ဖျားနေသူ

ဖျားနေသူ
တင်လတ်ကို
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၇ 

ကမ္ဘာမကြေဘူးလို့
ငါက
ဆိုနေရဦးမှာလား။

ငါ့မေးရိုးထိုးဖို့
လောကဓံ ဒင်းက
အကိုးအကားတွေနဲ့ပါလား။

တကြောင်းချင်းပြောမယ်
တခွန်းချင်းပြောမယ်
မင်း မရပါဘူးကွာ။

ဆုတံဆိပ်ဆိုတာကော
ငါစီးတဲ့ဖိနပ်လောက် ခံပါ့မလား
သြော်
ငါက ပုထုဇဉ်ကိုး။

ပုထုဇဉ်ဆိုတော့
ငိုခဲ့
ရယ်ခဲ့
ဒိုက်ထိုးခဲ့
ချီယားလုပ်ခဲ့
စိတ်ကြီးဝင်ခဲ့
စိတ်ဓာတ်ကျခဲ့
အစုံပါပဲ
ကမ္ဘာမကုန်မချင်း ထင်ရတာပဲ။

အဖေမရှိတော့ဘူး
အမေမရှိတော့ဘူး
အကိုမရှိတော့ဘူး
မိသားစုဆိုတာ
ငါ့ညီလေးနဲ့ ငါ့မိန်းမမျှသာ
မျက်ရည်မချုဘူး
ပြောပြတာ
လက်ခုပ်သံမတောင်းဘူး
ဖတ်ပြတာ။

ကဗျာရေးတယ်ဆိုတာလည်း
ငါမြင်တာ ငါပြောတာမျှသာ။

လူဖြစ်လာမှတော့
ဒုက္ခကြုံမှာပဲ။

လူဖြစ်မှတော့
ရယ်စရာ ကြုံမှာပဲ။

ခပ်တည်တည်ပဲ
အတည်ပေါက်ပဲ။

အိပ်မပျော်
ဖိတ်ခေါ်လိုက်လို့စဉ်းစားဖူးတာလည်း
ရယ်ခဲ့။

သြော်
ကိုယ့်ကိုယ်ကိုယ်ဖော်
မသူတော်ပါလား။
အိပ်မပျော် ဖိတ်ခေါ်လိုက်လို့စဉ်းစားဖူးတာလည်း
ရယ်ခဲ့။

သြော်
ကိုယ့်ကိုယ်ကိုယ်ဖော်
မသူတော်ပါလား။

ကမ္ဘာကြီးကို
နှာစီးနေတယ်လို့သာ
ပြောလိုက်ပါရစေတော့။
0