သန်းဌေးမောင် ● လွမ်းတယ်လို့မှတ်


သန်းဌေးမောင် ● လွမ်းတယ်လို့မှတ်
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇

အသက်ကငါးဆယ့်ကိုးခြောက်ဆယ်
မြင်စိတ်ကလေးပေါ်လာရင်
ဖြစ်လာတဲ့စိတ်ကို ချချရေးတယ်
လွမ်းရင် လွမ်းတယ်ပေါ့
တောင်ညိုပြာပြာတွေကြည့်ရင်း
လွမ်းတာကရိုးနေပြီ
မိုးတွေညို့လာရင် လွမ်းတာ
ကော်ဖီသောက်ရင်း လွမ်းတာ
လာဗဲန်ဒါပန်းတွေတွေ့တဲ့အခါ လွမ်းတာ
ပန်းသီးပင်အောက်မှာ ကြောင်လေးတစ်ကောင်
ထိုင်နေတာတွေ့ ရင် လွမ်းတာ၊
ဒါတွေဟာ ကမ္ဘာမြေဆွဲအားနဲ့ မဆိုင်ဘူး
အလွမ်းဆိုတာ အချစ်မြစ်ဖျားခံရာ
မျိးရိုးဗီဇကလာတာ၊
နာရီကြည့်ကြည့်
ပြက္ခဒိန်ကြည့်ကြည့် အလွမ်းတွေပဲ တွေ့တယ်
ဇိနတ္ထပကာသနီဖတ်ရင်းတောင် လွမ်းတယ်၊
အရေးထဲ ဥသြငှက်က လာတွန်နေသေးတယ်
ဘူးလေးရာဖရုံဆင့်တာပေါ့
လွမ်းရင်လွမ်းတယ်လို့သာ
အလွမ်းမှာ စိုးရိမ်ရေအမှတ်မရှိဘူး
လွမ်းသာလွမ်း
အဲဒီ အလွမ်းတွေပဲ
သေရင်ငါနဲ့အတူပါသွားမှာ။

သဌမ
သြဂုတ် ၆၊ ၁၇

Comments