နိုလှိုင်း ● အိပ်​မက်​ ​ဂေါက်​ကွင်း

နိုလှိုင်း ● အိပ်​မက်​ ​ဂေါက်​ကွင်း
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၇

၁။
မြို့​လေးမှာ ​ဂေါက်​ကွင်း​​သေး​သေး​တခုရှိတယ်​။ အရင်​ကာလ​တွေတုန်းက​ ​မြို့​လေးမှာ တာဝန်​ကျတဲ့ အကြီးအကဲတချို့နဲ့ မြို့​လေးကိုကိုအုပ်​ချုပ်​ခဲ့တဲ့ အရာရှိ အရာခံလူကြီး​​တွေ အတွက်​ သီးသန့်​အပန်း​ဖြေဖို့ ဖောက်​လုပ်​​ပေးထားခဲ့တာလို့​ပြောကြတယ်​။ တ​ချို့​ပြောတာ​ကလည်း တ​ခါတုန်းက မြို့​လေးကို​ ဂေါက်​ရိုက်​ဝါသနာအ​တော်​ကြီးတဲ့ အရာရှိအသစ်​တ​​ဦး ပြောင်းလာ ခဲ့ဖူး တယ်​တဲ့။ သူက ​ဂေါက်​မရိုက်​ရရင်​ကို မ​နေနိုင်​တဲ့လူမျိုး၊ သူ​ပြောင်းလာ​စအချိန်​ မြို့​လေးမှာ ​ဂေါက်​ကွင်းမရှိ​သေးဘူးတဲ့။ အဲဒီ မှာ သူက​ဂေါက်​ရိုက်​တဲ့အကျင့်​ကို မလုပ်​ရမ​နေနိုင်​စွဲ​လမ်းလွန်း​နေတဲ့အတွက်​ ​မြို့သူမြို့သား​တွေဆီက မရမကအလှူခံပြီး မဖြစ်​ဖြစ်​​အောင်​ ​ဖောက်​ထားခဲ့တာလို့​တော့ ဆိုကြတာပဲ။ တဆင့်​စကားဆို​တော့ အတိအကျ ဟုတ်​မဟုတ်​​တော့ မသိပါ ဘူး။ ကိုယ့်​မြို့မှာ ​ဂေါက်​ကွင်းတကွင်းရှိ​တော့ မြို့လည်းကျက်​သ​ရေရှိတာ​ပေါ့ ဂုဏ်​ရှိတာ​ပေါ့ စသဖြင့်​ သူရှိ​နေတုန်းအချိန်​မှာ ​ဂေါက်​ကွင်း​လေးတကွင်း​တောင်​ သူအ​နေနဲ့မတည်​ထားခဲ့နိုင်​ရင်​ ဂုဏ်​သ​ရေညှိုးနွမ်းရချည်​ရဲ့ဆိုတဲ့ ကြီးကျယ်​တဲ့ အ​ကြောင်း ပြချက်​​မျိုး​တွေ​နဲ့တောင်​ ​ပြောခဲ့​သေး သလားပဲ။ သူ့​ဘေးကလူ​တွေ မတရား​မြှောက်​​ပေးလို့​ ဖောက်​ဖြစ်​သွားတာလည်းပါတာ​ပေါ့​လေ။ အဲဒီလူကြီး​ကြောင့်​သာ မြို့​လေးမှာ ဒီ​ဂေါက်​ကွင်းဖြစ်​လာတာလို့​တော့ အစဉ်​အဆက်​ ​သိထားခဲ့ ကြတယ်​။ ဘယ်လို အ​ကြောင်းပြချက်​နဲ့ပဲ ဖြစ်​ဖြစ်​​ပါ။ ​မြို့​လေးမှာ ​ဂေါက်​ကွင်း​သေး​သေးတကွင်း​တော့​ ရှိလာခဲ့ပါတယ်​​။ မြို့​လေးကလူ​တွေက​တော့ ​ဂေါက်​ကွင်း​ဖောက်​တုန်းကလည်း သိပ်​စိတ်​မဝင်​စားသလို ​ဂေါက်​လာရိုက်​ဖို့လည်း သိပ်​စိတ်​မပါခဲ့ကြပါဘူး။ အတင်းအကျပ်​လုပ်​ခဲ့လို့သာ ဖြစ်​လာခဲ့ပုံရတာ​လေ။ ထားပါ​တော့။ အဲဒီလိုနဲ့ အဲဒီလူကြီး ​တ​နေရာကို အနားယူ​ပြောင်း​ရွေ့ သွား​တဲ့ အချိန်​​နောက်​ပိုင်းကျ​တော့ မြို့​လေးတိုးတက်​လာသလား ဖွံ့ဖြိုးလာသလား​​တော့မသိဘူး၊ မြို့​လေးမှာ ​ဂေါက်​ကွင်းတကွင်း​ ထီးထီးကြီးအဖတ်​တင်​ကျန်​​နေခဲ့တယ်​ဆိုတာပဲ ​ပြောစရာ ဖြစ်​ကျန်​ခဲ့​တော့တယ်​။ မြို့ကလူ​တွေအ​နေနဲ့လည်း ​ဂေါက်​ကွင်းနဲ့ သိပ်​နီးစပ်​လှတာ​လည်း မဟုတ်​လို့ မြို့မှာ​ဂေါက်​ကွင်းတ​ကွင်းရှိသွားခဲ့တာကို ဘယ်​သူမှလည်းဝမ်းသာဂုဏ်​ယူဖြစ်​မ​နေ ခဲ့ကြပါဘူး။ ​နောက်​ထပ်​​ရောက်​​ရောက်​လာကြတဲ့ အရာရှိ​တွေ လူကြီးဆိုတာ​တွေ​​ကသာ ​ဂေါက်​ကွင်းကိုဆက်​အသုံးပြု​​နေ​ခဲ့ကြတာ​လေ။

မြို့​လေးမှာကလည်း ဂေါက်​ကွင်းဆိုလို့ ဒီတစကွင်းပဲ ​လောက်​​လောက်​လားလား သွား စရာရှိတာမဟုတ်​လား။ လာကစား​လေ့ရှိတတ်​တဲ့ လူကြီးဆိုသူ​တွေအ​နေနဲ့ ဘာပဲဖြစ်​ဖြစ်​ စိတ်​အာသာ​ပြေရုံ အ​ညောင်း​ပြေအသညာ​ပြေတယ်​ဆိုရုံ ရိုက်​လို့ဖြစ်​တယ်​ဆိုရုံ ရိုက်​​နေကြတာပေါ့။ ဂေါက်​ရိုက်​ဝါသနာပါတဲ့ လူ​တွေကသာ တခြား​ဘာလုပ်​စရာမှမရှိတဲ့အတိုင်း ဒီမရှိရှိတဲ့​ဂေါက်​ကွင်းကိုပဲ လာ​နေကြတာ​လေ။ ​ပြောချင်​တာက​တော့ တခြားမဟုတ်​ဘူး။ မြို့​လေးမှာရှိတဲ့ အဲဒီ ဂေါက်​ကွင်းထဲ အခုတ​လော ဂေါက်​သီး​တွေ​ပျောက်​​​ပျောက်​​သွားတယ်​ဆိုတာကို အဓိက​ပြောချင်​တာပါ။ ​ဂေါက်​ကွင်း​ကလည်း ​လေ့ကျင့်​​​ဂေါက်​ကွင်းသာသာ​လောက်​သာ ရှိတယ်​ဆိုတယ်​ ​ဂေါက်​သီး​တွေ ​ပျောက်​​နေတယ်​တဲ့။ ​မြို့​ကျဉ်းကျဉ်း​လေး ​ဂေါက်​ကွင်း​သေး​သေး​လေးမှာ​တော့ ဂေါက်​သီး​တွေ​ပျောက်​​တဲ့ကိစ္စဟာ အ​တော်​စဉ်းစားရ​တော့ကျပ်​​စေတယ်​။ ပြီး​တော့ ​ဂေါက်​ကွင်းက အရာရှိ​တွေနဲ့ သူတို့နဲ့ပနံသင့်​တဲ့သူ​တွေ လာကစားဖို့အတွက်​သာ သီးသန့်​​ဖောက်​လုပ်​ထားတာ လို့လည်း ​ပြောကြ​သေးတယ်​မဟုတ်​လား။

ဂေါက်​ကွင်းက သိပ်အကျယ်​ကြီး​​တော့မဟုတ်​​ပါဘူး။ သိပ်​အကျယ်​ကြီးမဟုတ်​ဘူးဆိုတာကလည်း ​ဂေါက်​ကွင်းလို့ဆိုလိုက်​တာနဲ့ လူအများစုစိတ်မှာ ​ပြေးမြင်​တတ်​တဲ့ မြက်​ခင်း​ကျယ်​ကြီး​ တွေ ​ရေကန်​​တွေ ​တောင်​ကုန်း​လေး​တွေနဲ့ ကျင်း​တွေအများကြီးမရှိဘူးလို့သာ ဆိုလိုတာပါ။ ​အ​ဝေးရိုက်​ချက်​​တွေ​လေ့ကျင့်​ရုံ​လောက်​ သုံးကျင်း​လောက်​ ကစားဖို့တော့ရတယ်။ကစားလို့ရတယ်​ ဆိုရရုံ​ပေါ့။ ဒါ​ပေမဲ့​ မြို့​လေးကလူေ​တွထဲမှာ​တော့ အားလပ်​ချိန်​​ဂေါက်​သွားရိုက်​နိုင်​​လောက်​တဲ့လူမျိုးဆိုတာ က​လည်း ခပ်​ရှားရှားရယ်​။ ဒီလို ​ဂေါက်​ရိုက်​တယ်ဆိုတာကလည်း​ ငွေ​ကြေးပြည့်​စုံတဲ့သူ​တွေမှ လုပ်​​လေ့လုပ်​ထရှိတဲ့ အား ကစား​နည်း​မဟုတ်​လား။ ​ဂေါက်​ရိုက်​တယ်​ဆိုတာ လူ့အဆင့်​အတန်းတ​ခုကို​ဖော်​ပြတယ်​လို့ မှတ်​ယူထားကြတာ​လည်းပါတာ ပေါ့။

ဂေါက်​ရိုက်​ဖို့အတွက်​ သပ်​ရပ်​တဲ့အဝတ်​အစား ​​ဂေါက်​တံ ​ဂေါက်​သီးဖိုးကအစ နည်းတာမှတ်​လို့။ ​တော်​ရုံလူက ​ငွေ​ကြေးအ​မြောက်​အမြားကုန်​ကျပြီးမှ ​ချွေးထွက်​မယ့်​အားကစားနည်းကို ဘယ်​လုပ်​နိုင်​ပါ့မလဲ။ ထားပါ။ ​ဂေါက်​ရိုက်​တာနဲ့ပတ်​သက်​လို့ ဒီ​လောက်​ဗဟုသုတက​တော့ အများစုသိကြပါတယ်​။ ဒါ​ပေမယ့်​...
၂။
အဲဒီ​ဂေါက်​ကွင်းထဲမှာ ​ဂေါက်​သီး​တွေ​ပျောက်​​ပျောက်​​နေခဲ့တာ​တော့ ​မြို့​လေးကလူ​တွေ သိတာ ​တော်​​တော်​​လေးကြာ​နေပြီ။ ​ရိုက်​​နေကျလူ​တွေ စုံတယ်လို့​ထင်​ရတဲ့​နေ့လိုမျိုး မိုး​လေးစိုစိ စိုစိရွာတဲ့​နေ​တွေဆိုရင်​ ပိုဆိုး​သေးတယ်​လို့​တောင်​​ပြောကြတယ်​။ ဗွတ်​​ပေါက်​​နေတတ်​တဲ့ ​ရေစပ်​စပ်​မြက်​​ခင်းကြားထဲ ​ဂေါက်​သီး​တွေ ​ပျောက်​​ပျောက်​သွားတတ်​​တယ်​။ ​ကွင်းထဲကရိုက်​ဖို့ထုတ်​ထား​ပေးတဲ့​ဂေါက်​သီး​တွေဟာ ပြန်​သိမ်းချိန်​ဆို ​အမြဲ​လျော့လျော့​နေတတ်​တယ်​တဲ့။ ဒီ​တော့ အများစုသိထားတာက ​ဂေါက်​ကွင်းမှာ ​ဝယ်​ထားတဲ့​ဂေါက်​သီး​တွေကလည်း မနည်းဘူးလို့လည်း ဆို​သေးတယ်​ ရိုက်​လိုက်​တဲ့ ​ဂေါက်​သီး​တွေက​ ပြန်​​ကောက်​ချိန်​ကျရင်​​ အမြဲ​ပျောက်​​ပျောက်​​ နေ​ လေ့ရှိတာ ဘာ​ကြောင့်​လဲ​ပေါ့။ ဘယ်​လို​ပျောက်​ကုန်​တာလဲ ဘယ်​​ရောက်​သွားတာလဲဆိုတာ​ ဘယ်​သူမှမသိကြဘူး။ အနီးအနား​ချောင်းစပ်​ ​မြောင်းစပ်​အထိ လွဲ​ချော်​ကျ​နေရ​အောင်​လည်းရိုက်​ချက်​​တွေက အဲဒီ​လောက်​​ဝေး​ဝေး​ရောက်​နိုင်​စရာ ရိုက်​ချက်​​တွေလည်းမဟုတ်​ဘူး။ ​နောက်​ပြီး ကွင်းအစပ်​​တွေမှာလည်း သံဇကာ​တွေ အမြင့်​ကြီး​တွေ ​ထောင်​ထားကာထား​သေးတာ​လေ။

ဒါ​ကြောင့်​လည်း ​ဂေါက်​သီး​တွေ ​ပျောက်​​နေတဲ့ကိစ္စကို မြို့​လေးကလူ​တွေ အားလုံးကစိတ်​ဝင်​စား​နေကြတာ​။ ဘာ​ကြောင့်​မှန်းမသိ ​ပျောက်​​နေတဲ့​ဂေါက်​သီး​တွေဟာ ​ဂေါက်​ကွင်းအပြင်​ကို ဘယ်​လိုနည်းနဲ့​ရောက်​သွားတာလဲဆိုတာကို အားလုံးစဉ်းစားလို့မရကြဘူး ဖြစ်​​နေကြတာ။ ဒါ​ပေမဲ့ ​ဂေါက်​သီး​တွေက ​ပျောက်​တာက​တော့ ​ပျောက်​​နေ​သေးတာပဲ။ ဘယ်​လိုမှကို ပြန်​ရှာလို့ မ​တွေ့သေးဘူး။ အဲဒီလို ​အမြဲလိုလို ​ပျောက်​​ပျောက်​​နေ​တော့ ပြန်​​ရှာ​တွေ့တာမ​တွေ့တာ အသာ ထားလိုက်​ဦး ​ဂေါက်​ကွင်းကြီးကြပ်​သူ​တွေအ​နေနဲ့ ​ဂေါက်​သီးအသစ်​​တွေကို ကွင်းထဲကရိုက်​သူ​ တွေအတွက်​ ထပ်​ဖြည့်​ဖို့ ကြိုးစားရ​တော့တယ်​။ ဂေါက်​ကွင်းရန်​ပုံ​ငွေ​တွေ ​ဂေါက်​ကွင်းအတွက်   ထောက်​ပံ့ထားတဲ့လူ​တွေ အခြား​ဂေါက်​ကွင်းအတွက်​ကူညီတတ်​တဲ့အဖွဲ့​တွေဆီက ​ဂေါက်​သီး အသစ်​​တွေကို အလှူခံရ​တော့တယ်​။ ကူညီတဲ့သူ​တွေကလည်း မညည်းမညူကူညီရှာတယ်။
ဂေါက်​ကွင်းကိုအမြဲပံ့ပိုး​ပေး​တတ်​တဲ့ အဖွဲ့​တွေဆီကလည်း အကူအညီ​တွေ ရခဲ့ကြပါတယ်​။

ဒါ​ကြောင့်​လို့ပဲထင်​တယ်​။ ရက်​ပိုင်းအတွင်းမှာ ​ဂေါက်​ကွင်းထဲကို ​ဂေါက်​သီးအသစ်​​တွေ ထပ်​​ရောက်​လာတယ်​။ တံဆိပ်​မျိုးစုံ ​နေရာအစုံက​နေ ​ရောက်​လာ​နေတာ။ အားလုံး တစခါမှ အသုံးမပြုရ​သေးတဲ့ အသစ်​ကျပ်​ချွတ်​​တွေချည်းပဲ။ ဒါ​တောင်​မှ ​ဂေါက်​ကွင်းအုပ်​ချုပ်​သူ​တွေက လည်း ​လောဘတကြီးနိုင်​​နေ​သေးတာ။ ​ပျောက်​သွားတဲ့​ဂေါက်​သီး​တွေပြန်​ရှာဖို့ လုံးဝမစဉ်းစားပဲ အသစ်​​တွေပဲ အမြဲထပ်​ထပ်​မှာ​နေကြ​တော့တယ်​။ ဒီဘက်​ရက်​​တွေမှာလည်း ​ဂေါက်​ကွင်းထဲ ကို ​ဂေါက်​သီးအသစ်​​တွေလာပို့တဲ့ကား​တွေလည်း ခပ်​စိပ်​စိပ်​​တွေ့နေရတယ်​။ အဲဒီလို ​ဂေါက်​ကွင်းထဲမှာ​တော့ ​ဂေါက်​သီး​တွေ​လျော့သွားလိုက်​ ပြန်​ပြည့်​လာလိုက်​နဲ့ဖြစ်​​နေ​တော့ ​ဂေါက်​ရိုက်​သူ​တွေလည်း ​ဂေါက်​သီး​တွေကို​ပေါ​ပေါ​လော​လော သုံးပစ်​လိုက်​ကြ​တော့တာ​ပေါ့။ ​ပျောက်​သွား တဲ့ ​ဂေါက်​သီး​တွေအတွက်​ ဘယ်​သူမှဝမ်းနည်းမ​နေကြသလို ပြန်​ရှာဖို့လည်း ဘယ်​သူမှ မကြိုး စားကြ​တော့ဘူး။ ​ဂေါက်​သီး​တွေ ပြန်​​တွေ့ဖို့ တ​ယောက်​မှ အားမထုတ်​ကြ​တော့ဘူး။

အဲဒီလိုနဲ့ ​ဂေါက်​သီး​တွေ​ပျောက်​​နေတယ်​ဆိုတဲ့ကိစ္စကို အားလုံးက ​မေ့ထားလိုက်​ကြတယ်​။ တချို့ဆို တခါမှမရိုက်​ရ​သေးတဲ့​ဂေါက်​သီးအသစ်​မဟုတ်​ရင်​​တောင်​မှ မရိုက်​ချင်​ကြ​တော့ပဲ တစ်​လုံးရိုက်​လိုက်​ ​ဖျောက်​ပစ်​လိုက်​လုပ်​လာကြတယ်​။ ​ဂေါက်​သီးအ​ဟောင်းနဲ့ရိုက်​ရင်​ လက်​ပျက်​တယ်​လို့ပါ မဆီမဆိုင်​​ပြောလာကြတယ်​။

၃။
မြို့​လေးထဲမှာ​တော့ ​ဂေါက်​ကွင်းက​ဂေါက်​သီး​ပျောက်​​ပျောက်​​နေတဲ့ကိစ္စက အသံ​ တော်​​တော်​ ထွက်​​နေပြီ။ မြို့​လေးကလူ​တွေအားလုံးက ​ဂေါက်​သီး​ပျောက်​တဲ့ကိစ္စကို စိတ်​ဝင်​စား​နေကြပြီ။ ​ဂေါက်​ကွင်းနား​ရောက်​တတ်​တဲ့ က​လေး​တွေ​ပြောတာက​တော့ ​ဂေါက်​ကွင်းအပြင်​ထိ​အောင်​​တော့ ​ဂေါက်​သီး​တွေ မ​ရောက်​လာတဲ့အ​ကြောင်း ​ဂေါက်​ကွင်းအစပ်​​တွေမှာ​တောင်​ တစ်​လုံးတ​လေမှမ​တွေ့ဖူး​တဲ့အ​ကြောင်း ​ပြောကြတယ်​။ အဲဒါ​ကြောင့်​လည်း ​ဂေါက်​သီး​တွေက ဘယ်​ကို​ရောက်​သွားတာလဲ ဘာ​ကြောင့်​​ပျောက်​​ပျောက်​​နေရတာလဲဆိုတာ မြို့​လေးကလူ​တွေ အတွက်​ ပိုပြီးသိချင်​ကြ စိတ်​ဝင်​စားစရာဖြစ်​လာရတာ။ မြို့​လေးထဲကလူ​တွေက​တော့ ​ဂေါက်​ကွင်းထဲက​ဂေါက်​သီး​တွေ​ပျောက်​တဲ့ကိစ္စဟာ သူတို့နဲ့သိပ်​မဆိုင်​ဘူးဆို​ပေမယ့်​ မြို့​လေးအတွက်​ သိက္ခာကျစရာလို့​တော့ ထင်​​နေကြတယ်​။ ဖြစ်​နိုင်​ရင်​ ​ဂေါက်​သီး​တွေ ​ဂေါက်​ကွင်းထဲက မ​ပျောက်​​ စေချင်​ကြဘူး။ ဘယ်​လိုမှမဖြစ်​သင့်​တဲ့ကိစ္စလို့ထင်​​နေကြပြီး ​ပျောက်​သွားတဲ့​ဂေါက်​သီး​တွေကို မြို့သား​တွေကသူတို့ပါကူညီရှာ​ဖွေ​ပေးချင်​​နေကြတယ်​။ ဒါ​ပေမယ့်​ ​ဂေါက်​ကွင်းအုပ်​ချုပ်​သူ​တွေက ဒီလိုမျိုးကို ခွင့်​မပြု ချင်​ကြဘူး။ ဒီလို ​ဂေါက်​သီး​တွေ​ပျောက်​တယ်​ဆိုတဲ့ကိစ္စဟာ မြို့သား​တွေ နဲ့မဆိုင်​ဘူး။ ​ဂေါက်​သီးကိုင်​တယ်​ဆိုတာ ​ဂေါက်​ဖာ​တွေမှ ကိုင်​ရတာ။ ​ဂေါက်​ဖာ​တွေသာ ​ဂေါက်​ကိစ္စနဲ့ ပတ်​သပ်​ရမယ်​လို့ တထစ်​ကျယူဆထားကြ​တော့တယ်​။

နောက်​တခုက ​ဂေါက်​ကွင်းထဲမှာ ထူးဆန်းတဲ့ စား​သောက်​ဆိုင်​တခု​ရှိတယ်။ အဲဒါကို လည်း ​ပြောရလိမ့်​မယ်​။ ဆိုင်​က​တော့ ဘား​ကောင်​တာတခုနဲ့ တွဲဖွင့်​ထားတာပါ။

ဒါ​ပေမဲ့ ​တော်​​တော်​အံ့သြစရာ​ကောင်းတာက ဆိုင်​အပြင်​အဆင်​ကအဆင့်​မြင့်​ပြီး ခမ်းနား​နေ လွန်း​နေတာပါပဲ။ မြို့​သေး​သေး​လေးထဲက သာမာန်​​ဂေါက်​ကွင်းတခုမှာ ​ဂေါက်​ရိုက်​ပြီး အနား ယူစား​သောက်​ဖို့ကို ရိုးရိုးတန်းတန်း​စား​သောက်​ဆိုင်​ပုံစံမျိုး ဖွင့်​လို့ရ​ပေမယ့်​ ​ဂေါက်​ကွင်းနဲ့ မလိုက်​အောင်​ပဲ ဆိုင်​အပြင်​အဆင်​​တွေက အဆင့်​မြင့်​ခမ်းနား​နေတယ်​လို့ ထင်​​နေရတယ်​။

ဒါကလည်း ​ဂေါက်​ကွင်းအပြင်​ဘက်​က လှမ်းကြည့်​ရုံနဲ့တင်​သိသာပါတယ်​။ မီး​ရောင်​စုံ​တွေ စင်​တင်​​တေးဂီတ​တွေ ​နောက်​ဆုံး​ပေါ်နည်းပညာ​တွေနဲ့ ဆိုင်​အဝင်​ဝကိုမြင်​ရုံနဲ့ ​တော်​ရုံစားသုံးသူ မဝင်​ရဲ​အောင်​ ပြင်​ဆင်​ထားတယ်​။ တကယ့်​ကိုသားသားနား နားဖွင့်​ထား​တာဆို​တော့ ​ဂေါက်​ကွင်း လာတဲ့သူ​တွေကလွဲပြီး အပြင်​လူ​တွေစား​လေ့လည်းမရှိပါဘူး။ ​ဈေးနှုန်းကလည်း သာမာန်​လူ​တွေနဲ့ အလှမ်း​ဝေးလွန်းပြီး ​ဂေါက်​မရိုက်​​ပေမယ့်​ ကွင်းထဲဝင်​တာနဲ့ကွင်းဝင်​​ကြေးကလည်း  ပေးရတာဆို​တော့ ​တော်​ရုံတန်​ရုံလူလည်း ​ဂေါက်​ကွင်းထဲကဆိုင်​ကို သီးသန့်​ကြီးလာ​မစား ကြ​တော့ဘူး။ အဲဒီလိုသီးသန့်​ဆန်​​အောင်​လည်း တမင်​ ဟန့်​ထားပုံရတယ်​။ ဖြတ်​သွားဖြတ်​လာ​တွေ​ကတော့ ​ဂေါက်​ကွင်းထဲကဆိုင်​က ဘယ်​လိုအဆင့်​မြင့်​​ကြောင်း မြို့​လေးနဲ့​တောင်​ မလိုက်​ဖက်​တဲ့အပြင်​အဆင်​မျိုးနဲ့ ခမ်းခမ်းနားနားဖွင့်​ထာ​ကြောင်း​ကို ​ပြော​ပြောတတ်​ကြတယ်​။

၎။
ပုံမှန်​အားဖြင့်​​တော့ ပိတ်​ရက်​​လိုမျိုး​နေ့ခင်းပိုင်း​လောက်​ဆိုရင်​ ​ဂေါက်​ကွင်းထဲမှာ ကစား​နေ ကျလူ​တွေ ဝိရိယ​ကောင်း​ကောင်းနဲ့ တက်​ကြွစွာ ​ရောက်​​နေတတ်ကြပြီ။ သူတို့ဟာ ခပ်​​စော​စော ကတည်းက ​ဂေါက်​ရိုက်​ဖို့ကို မပျက်​ကွက်​​အောက်​ ကြိုတင်​ချိန်းဆိုမှု​တွေ လုပ်​ကြတယ်​ ထင်​ရ တာပဲ။ သူတို့ဘဝကို ​ဂေါက်​ရိုက်​ခြင်းဆိုတဲ့ အဓိပ္ပာယ်​ဖြစ်​လာ​စေတဲ့အထိ ​ဂေါက်​ကွင်းထဲကို ပုံမှန်​ မပျက်​မကွက်​​ရောက်​​ရောက်​လာတတ်​ကြသလား မ​ပြောတတ်​ဘူး။ ဂေါက်​သီး​တွေ လွှဲရိုက်​ နေရတာဟာ ဘဝအဓိပ္ပာယ်​လား။ လူတယောက်​ လူတစုရဲ့အသက်​ရှင်​​နေထိုင်​မှုမှာ ​ဂေါက်​သီး ရိုက်​ခြင်းဟာ အရာရာပြီး​မြောက်​​သွား ပြည့်​စုံသွား​စေသလား။ စိတ်​ကိုလွတ်​ထွက်​ ​ပေါ့ပါးသွား နိုင်သလားဆိုတာ မြို့​လေးကလူ​တွေမသိဘူး။ ​ပျောက်​​နေတဲ့​ဂေါက်​သီးအ​မြောက်​အမြားကို ခဏက​လေးနဲ့ ဘယ်​လိုရှာရမလဲဆိုတာကိုလည်း ရိုးသားတဲ့ မြို့​လေးကလူ​တွေမသိကြပြန်​ဘူး။

ဒီ​နေ့လည်း  ​ဂေါက်​ရိုက်​​နေကျအုပ်​စု ​ဂေါက်​ကွင်းမှာ ခပ်​​စော​စော​ရောက်​​နေကြပြန်​တယ်​။ ဒီ​နေ့ဟာ ရုံးပိတ်​ရက်​လည်းဖြစ်​ ​ခြေခင်းလက်​ခင်းသာယာ​နေသလိုလည်းဖြစ်​​တော့ မြို့​လေး က ​ဂေါက်​ကွင်းထဲမှာ ​ဂေါက်​ရိုက်​​နေတာ စုစု​ပေါင်း ​လေးငါး ဆယ်​​ယောက်​​လောက်​​တော့ရှိမယ်​။ လူစုံတယ်​လို့လည်း ​ပြောလို့ရတာ​ပေါ့။ သူတို့ဟာ လူစုံ​နေလို့လားမ​ပြောတတ်​ဘူး။ ​ဂေါက်​သီး အလုံး​ရေ ​မြောက်​မြားစွာကို ဘယ်​နှစ်​ကြိမ်​​မြောက်​မှန်းမသိပဲ အမိအရချိန်​ပြီး အလုအယက်​ လွှဲ ရိုက်​​နေကြတယ်​။ ​ဂေါက်​သီး​တွေဟာ ဝှီးခနဲ​မြောက်​သွားလိုက်​ ခပ်​လှမ်းလှမ်းက မြက်​ခင်း​ပေါ် ဘုတ်​ခနဲကျသွားလိုက်​နဲ့ မနားတမ်း မြင်​​နေရတယ်​။ ​နောက်​တချက်​ ​နောက်​တလုံး အကြိမ်​​ပေါင်း များစွာ အပြိုင်​အဆိုင်​ရိုက်​ထုတ်​​​နေကြတာ။ ​သူတို့ဟာ တချိန်​တည်းတပြိုင်​နက်​တည်း​ဂေါက်သီး​ တွေကိုတီခုံ​ပေါ်က​နေ လွှဲလွှဲရိုက်​​နေကြတာ။ တလုံးပြီး ​နောက်​တလုံး အားကုန်​လွှဲရိုက်​လို့ ထပ်​ရိုက်​စရာ ​ဂေါက်​သီး​တွေလည်း တ​ဖြေး​ဖြေး ​လျော့​လျော့လာတယ်​။

ရှေ့ခပ်​လှမ်းလှမ်းက မြက်​ခင်း​ပေါ် ​ဂေါက်​သီး​တွေ တဘုတ်​ဘုတ်​ပြုတ်​ကျ​နေတာကို လမ်းမ​ပေါ်က​တောင်​ လှမ်းမြင်​​နေရတယ်​။ ခဏ​လောက်​ကြာ​တော့ ထပ်​ရိုက်​စရာ​ဂေါက်​သီး​တွေ လည်း မကျန်​​တော့​အောင်​ဖြစ်​သွား​တယ်​ထင်​တာပဲ။ ​ဂေါက်​သီး​တွေ ​လေထဲမှာမမြင်​ရ​တော့ဘူး။

ဒီလိုလူစုံ​တဲ့​နေ့မျိုးမှာ ​ဂေါက်​သီး​တွေ​လျော့​လျော့သွားတာက အချိန်​အနည်းငယ်​အတွင်းမှာ သိပ်​ကိုသိသာတယ်​​လေ။ အဲဒီမှာ ​ဂေါက်​ရိုက်​​နေသူ​တွေလည်း အရှိန်​က​လေးရ​နေတုန်း ဆန့်​တငင်​ငင်​ကြီးဖြစ်​သွား​တော့ ​ဒေါသထွက်​လာကြပုံ​လည်း ​ပေါ်​နေတယ်​။ ပြီးလည်းပြီး​ရော ​ဂေါက်​သီး ရိုက်​​နေသူ အုပ်​စု အသံ​တွေထွက်​လာတာပါပဲ။ ညံ့လိုက်​တဲ့ ​ဂေါက်​ကွင်းပဲကွာ ​ဂေါက်​သီး​တောင်​အလုံအ​လောက်​မထား​ပေးနိုင်​ဘူး။ တို့ကလည်း ​ဂေါက်​ရိုက်​ချင်​လွန်းလို့ဆိုတာထက်​ ကျန်းမာ​ ရေး အရသာ မရှိသုံးသုံး​နေရတာ။ လာ​ရိုက်​ရတာ မတန်​ပါဘူးကွာ ဆိုတဲ့စကား​တွေ သူတို့ဆီ က ​အော်​ကြီးဟစ်​ကျယ်​ထွက်​လာခဲ့တယ်​။ အ​ဝေးက ​ဂေါက်​သီး​တွေ ပြန်​​ကောက်​ဖို့ကို​တော့ ဘယ်​သူကမှ စိတ်​မဝင်​စားကြပဲ ​ဒေါသထွက်​​နေတဲ့ပုံစံ​တွေလုပ်​​နေကြတာ ​ဘေးကကြည့်​ရင်​ ရယ်​စရာ​တော့​ကောင်းတယ်​။ ပြီး​တော့ သူတို့ ခဏနားလိုက်​ကြတယ်​။ တပ်​​ခေါက်​လိုက်​ ​ဒေါသ ထွက်​ပြလိုက်​နဲ့ ​ခဏ​နေ​တော့ ​ဂေါက်​ကွင်းထဲက စား​သောက်​ဆိုင်​ကို အုပ်​စုလိုက်​ထွက်​သွားကြ​ တော့တာပဲ။

၅။
ဖြစ်​တတ်​ပါတယ်​။ ​ဂေါက်​ရိုက်​သူတယောက်​ အသက်​ဆုံးရှုံးသွားတယ်​ဆိုတာ သိပ်​ထူးဆန်းအံ့သြစရာ ကိစ္စ​တော့ မဟုတ်​ပါဘူး။ ဒါ​ပေမဲ့​ ထူးဆန်းအံ့သြဖို့​ကောင်းတာ​တွေဟာ ဂေါက်​ကွင်းဆီက​နေ ​ဂေါက်​ကွင်းအပြင်​ဘက်​ကို သယ်​​ဆောင်​လာခဲ့တယ်​။ ပုံမှန်​အားဖြင့်​​တော့ ဘယ်​​နေရာမှာပဲဖြစ်​ဖြစ်​ ​ဂေါက်​ရိုက်​တဲ့သူ​ပဲဖြစ်​ဖြစ်​ မရိုက်​တဲ့သူပဲဖြစ်​ဖြစ်​ ​သေတာ ဘာမှမထူး ဆန်းဘူးဆို​ပေမယ့်​ ​သေဆုံးပြီးဆက်​ကြား​ရတဲ့ သတင်းက​တော့ အားလုံးကို ထိတ်​လန့်​သွား​စေ ခဲ့တယ်​။

မြို့​လေးက ​ဂေါက်​ကွင်းထဲကို ပုံမှန်​​ဂေါက်​လာရိုက်​​နေသူတယောက်​ ​လောကကြီးမှာမရှိ​တော့ ဘူးဆိုတာ သူနဲ့အတူ​ဂေါက်​ရိုက်​​ဖော်​ရိုက်​ဘက်​ ပါတနာ​တွေတင်​မကဘဲ ​မြို့က​လေးကလူ​တွေ ပါ အံ့သြစရာဖြစ်​ရတယ်​။  အဲဒီသတင်းက ဘာလဲဆို​တော့ ​သေဆုံးသွားတဲ့သူကို ရင်​ခွဲရုံပို့ရာမှာ သူ့ဗိုက်​ထဲက ​ပျောက်​ဆုံးသွားပြီလို့ထင်​ရတဲ့ ​ဂေါက်​သီး​တွေအများကြီးထွက်​ကျလာတယ်​ဆိုတဲ့ ကိစ္စပဲ။ မြို့​လေးကလူ​တွေလည်း ​တော်​​တော်​​လေး တုန်​လှုပ်​အံသြသွားကြ​တော့တယ်​။ ပြီး​တော့ နားမလည်​နိုင်​ဘူး ဖြစ်​ကြရတယ်​။

လူတယောက်​ဟာ အဟာရအတွက်​ ​ဂေါက်​သီး​တွေကို စားလို့ရသတဲ့လား။ သူအသက်​ရှင်​​နေ ထိုင်​ဖို့ ​ဂေါက်​သီး​တွေစားပြီး ​နေလို့ရခဲ့သလား။ ​နောက်​ပြီး လူ့အစာအိမ်​ဟာ ​ဂေါက်​သီးမာမာ တွေကို ဘယ်​လိုအစာ​ခြေစနစ်​နဲ့​ခြေဖျတ်​မှာပါလိမ့်​ဆိုတာကို အံသြတကြီး သိပ်​သိချင်​ကြ​တော့ တယ်​။

ဒီကိစ္စမျိုးဟာ ​ဂေါက်​ကွင်းကိုပံ့ပိုးကူညီသူ​တွေအ​နေနဲ့လည်း ​ဒေါသထွက်​စရာဖြစ်​ခဲ့ရ​တော့တာ​​ပေါ့။ သူတို့အကူအညီ​တွေက ​ဂေါက်​ကွင်းကြီးတိုးတက်​ဖို့မဟုတ်​ပဲ လူတ​ယောက်​ရဲ့အသုံးချခံဖြစ်​ခဲ့ရတဲ့အတွက်​ သူတို့​ဖြေမဆည်​နိုင်​ ရှက်​​နေကြရ​တယ်​။ ​နောက်​ဆုံး သူတို့ကူညီ မှုဟာ အရာမ​ရောက်​ပဲ လူ့အစာအိမ်​​တခုအတွက်​သာ ဖြစ်​ခဲ့ရပါလားဆိုတာကို မဖြစ်​မ​နေလက်​သင့်​ခံခဲ့ရတယ်​။ အားလုံးလည်း​နောင်​တရသွားကြ​တော့တယ်​။

ဟုတ်​ပါတယ်​။ အဲဒီကိစ္စဟာ မြို့​လေးမှာ အမှန်​တကယ်​ဖြစ်​ပွားခဲ့တယ်​။ မြို့​လေးက ​ဂေါက်​ကွင်း​သေး​သေး​လေးမှာ အဲဒီ​သေဆုံးမှုဟာ တကယ်​ကိုရှိခဲ့တယ်​။ ဒါ​ပေမဲ့ ဇာတ်​လမ်းက ဒီမှာတင်​ပြီးခဲ့သင့်​တာ မပြီး​သေးဘူး။ ​နောက်​ထပ်​ ပိုပြီးထိတ်​လန့်​အံ့သြဖို့​ကောင်းတာက ​နောက်​ရက်​ပိုင်းအတွင်း လပိုင်းအတွင်းမှာပဲ ဆက်​တိုက်​ထပ်​ဖြစ်​သွား​ခဲ့ပါ​တော့တယ်​။ ဘာ​လဲဆို​တော့ ကျန်​​နေ​သေးတဲ့ ​ဂေါက်​ကွင်းမှာ ​ဂေါက်​လာရိုက်​​နေတဲ့သူအားလုံးဟာလည်း ဒီအဖြစ်​အပျက်​မျိုး ဒီတပုံစံတည်း ဆက်​တိုက်​​သေဆုံးကုန်​​ကြပြီး​ ​သေဆုံးသွားသူ​တွေအားလုံးရဲ့ ဝမ်းဗိုက်​​တွေထဲမှာလည်း ​ဂေါက်​သီး​တွေ၊ ​ပျောက်​သွားတဲ့ ​ဂေါက်​သီးဖြူဖြူ​တွေ အများအပြား ရှိ​နေခဲ့တာပါပဲ။ ကဲ သိပ်​အံသြစရာမ​ကောင်းလွန်း​ဘူးလား။ သတင်း​တွေကလည်း အဆက်​မပြတ်​ထွက်​​ပေါ်လာသလို အဖြစ်​အပျက်​​တွေကလည်း သိပ်​မြန်​ဆန်​ခဲ့တယ်​။

မြို့​လေးကလူ​တွေအတွက်​​တော့ ဆက်​တိုက်​ဖြစ်​လာတဲ့အ​ခြေအ​နေနဲ့ မြို့ ​လေးရဲ့ကိုယ်​ကျင့်​ သိက္ခာကို အချိန်​တခုအတွင်းမှာ လဲလိုက်​ရသလိုဖြစ်​သွားခဲ့လို့ မြို့​လေးကလူ​တွေဟာ ဒီ သတင်း​တွေကို ပိုပြီးအံ့သြကြတယ်​။ အရမ်းလည်း ထိတ်​လန့်​ကုန်​ကြတယ်​။ ​ဒေါသထွက်​​နေ ကြတယ်​။ ​ဂေါက်​ကွင်းဟာလည်း အချိန်​တိုအတွင်းမှာ ​ခြောက်​ကပ်​တိတ်​ဆိတ်​သွားခဲ့တယ်​။ ကျီးနဲ့ဖုတ်​ဖုတ်​ဖြစ်​သွားခဲ့တယ်​။ သွေးပျက်​​ကြောက်​ရွံ့စရာ ​ကောင်းတဲ့ကိစ္စ​ မယုံနိုင်​စရာ အချိန်​​ တွေပါပဲ။
 
၆။                  
အဖြစ်​အပျက်​​တွေဟာ သိပ်​ကိုမြန်​ဆန်​ခဲ့တယ်​။ သတင်းစကားဟာ တ​ဆင့်​စကားနဲ့ သယ်​​ဆောင်​လာ ရက်​ပိုင်းအတွင်းမှာပဲ အမှန်​တရားဟာ ဖုံးကွယ်​ထားလို့မရ ​ပေါ်လာ​ခဲ့​တော့ တယ်​။ အမှန်​​တရားကဘာလဲ စုံစမ်းကြည့်​​တဲ့အခါမှာ​တော့ ​ဂေါက်​ကွင်းထဲ ​ဂေါက်​သီး​တွေ​ ပျောက်​​နေခဲ့တဲ့ကိစ္စမှာ ​ဂေါက်​ရိုက်​တဲ့အုပ်​စုဟာ ​ဂေါက်​ရိုက်​​​နေရင်းနဲ့ ​ဂေါက်​သီး​တွေကို သူတို့ အိတ်​​တွေထဲ ထည့်​ပြီးယူသွားကြတယ်​ဆိုတာပါပဲ။ ပြီး​တာနဲ့ သူတို့ဟာ ​ဂေါက်​ကွင်းထဲက စား​သောက်​ဆိုင်​ကို ခိုးဝှက်​​ပေးပို့ခဲ့ကြတယ်​။ နောက်​​ သူတို့တိတ်​တဆိတ်​ခိုးယူလာတဲ့ ​ဂေါက်​သီး​တွေကို ဂေါက်​ကွင်းထဲက အဲဒီစား​သောက်​ဆိုင်​မှာပဲ အစားအ​သောက်​​တွေနဲ့ လဲပြီးစား​ သောက်​ခဲ့ကြတယ်​။  အဲဒါကို အဲဒီအဖြစ်​မှန်​ကို မြို့​လေးကလူ​တွေက စား​သောက်​ဆိုင်​မန်​​နေဂျာ ဆီက တဆင့်​စကားနဲ့ သိလိုက်​ကြတယ်။ အဲဒီမှာ အားလုံး ထပ်​ပြီးအံ့သြသွားကြတယ်​။

ခိုးယူလာတဲ့ ​ဂေါက်​သီး​တွေနဲ့လဲပြီး စား​သောက်​ခဲ့တာ​တွေက​တော့ ရိုးရိုးပုံမှန်​ စား​သောက်​ဖွယ်​ရာ​တွေဖြစ်​​ပေမယ့်​ သူတို့ဗိုက်​ထဲ​ရောက်​သွားတဲ့အခါ ​ဂေါက်​သီး​တွေအဖြစ်​ ပြန်​​ပြောင်းလဲခဲ့ကြ ပြီး သူတို့မသိလိုက်​ခင်​မှာပဲ ​စား​ကောင်း​သောက်​ဖွယ်​လို့ထင်​ရတဲ့အရာ​တွေက ​ဂေါက်​သီး​တွေ အဖြစ်​ ​ပြောင်းသွားကြတယ်​ဆိုတာ​ မြို့​လေးကလူ​တွေအတွက်​ အံ့သြတုန်​လှုပ်​စရာ ထူးဆန်​ နေတဲ့ ကိစ္စတ​ခု​ဖြစ်​​လာခဲ့​တော့တယ်​။ ဒါ​ပေမဲ့ ဘယ်​လို​ကြောင့်​ပဲဖြစ်​ဖြစ်​ သူတို့ဘာမှမတတ်​နိုင်​ခဲ့ကြ​တော့ဘူး။ အမှန်​တရားဟာ လိမ်​လို့မရပဲ ​ပေါ်လာခဲ့ပြီး သူတို့ကို တူ​သောအကျိုး​ပေးခဲ့ပြီ။ ဒဏ်​ခတ်​ခဲ့ပြီ​။ သူတို့တရားဟာ သူတို့ကိုဓားသုံးစီရင်​ခဲ့တာ​လို့ပဲ ဆိုကြပါစို့။

အခုဆိုရင်​ ​ဂေါက်​သီးစားတတ်​တဲ့လူ​တွေကို မြို့​လေးမှာ မ​တွေ့ရ​တော့ပါဘူး။ အဖြစ်​အပျက်​​တွေကလည်း ကြာ​တော့ကြာခဲ့ပြီ​ပေါ့။ မြို့​လေးရဲ့တ​​နေရာမှာ ​ဂေါက်​ကွင်းကုန်းလို့​ခေါ်တဲ့ ပြုပြင်​ထိန်းသိမ်းမှုမရှိ​တော့တဲ့ ​ဂေါက်​ကွင်းအ​ဟောင်းတခုရှိတယ်​။ အဲဒီမှာ ဂေါက်​သီးစားသူ​ တွေ ​ဂေါက်​လာရိုက်​ခဲ့ကြတယ်​ ဆိုတဲ့ ဒဏ္ဍာရီတ​ခု​လည်း ရှိခဲ့တယ်​။ မြို့​လေးကလူ​တွေ ​ဂေါက်​ကွင်း​ဘေး ဖြတ်​သွားတိုင်း ​ပြောဖြစ်​ကြတဲ့ ပုံပြင်​တပုဒ်​ရှိခဲ့တယ်​။ ​တချိန်​တုန်းက​ ဒီမြို့​လေးမှာ မှာ ဂေါက်​သီးစားတဲ့သူ​တွေ ရှိခဲ့တယ်​ဆိုတာ ကြားခဲ့ဖူးတယ်​ဆိုတဲ့အ​ကြောင်း​၊ ဒါ​ပေမဲ့ အခုသူတို့ အဓိက သွားလာ​နေထိုင်​တတ်​တဲ့ ​ဂေါက်​ကွင်းလည်း မြို့​လေးမှာ အသုံးပြုသူမရှိ​တော့လို့ လို့ ဂေါက်​ကွင်းတကွင်းရဲ့အ​ငွေ့အသက်​​တောင်​မရှိ​တော့ဘူး​ ဆိုတဲ့အ​ကြောင်းကို ပုံပြင်​လို​ပြောပြ တတ်​ကြတယ်​။။ အမှန်​လည်း ဒီအ​ကြောင်းက ပုံပြင်​လိုလို ဒဏ္ဍာရီလိုလိုပါပဲ။ ​ရှေ့ကလူတွေ   ပြောပြလို့သာကြား​နေခဲ့ရ​ပေမယ့်​ ယုံနိုင်​စရာ​တော့ မဟုတ်​ဘူး။ ဒါ​ပေမဲ့ မြို့​လေးရဲ့သမိုင်းမှာ တော့ ဒီအဖြစ်​အပျက်​ဟာ ​ဖျောက်​ဖျတ်​လို့မရတဲ့ အမဲစက်​တ​ခုအ​နေနဲ့မှတ်​တမ်းဝင်​သွားခဲ့တာ ပေါ့။ ယုံတာမယုံတာထားလိုက်​ဦး။ ဒါ​ပေမဲ့ မြို့​လေးက​တော့ အတန်​အသင့်​ ပြန်​လည်​စည်​ကား စပြု​နေပြီ​လေ ။      ။

နိုလှိုင်း
၂၀၁၇  သြဂုတ်

Comments