မင်းငြိမ်းအေး- သီတင်းကျွတ်

သီတင်းကျွတ်
မင်းငြိမ်းအေး
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇


ကောင်းကင်နဲ့ မိုးသားလို
မသိမှုဟာဘဝအိမ်ကိုတည်ခဲ့
ထိုသို့သောအကြောင်းတရားတို့သည်
ဤမည်သောအကျိုးတရားတို့အား
ဖြစ်စေခဲ့၏။

ကောင်းကင်၏အမျက်နှင့်တူသော
မြူမှုန်မိုးဖွဲ့တိမ်များ
အကာလအခါတွင်းသို့
ဥပဒေမဲ့စွာလွှမ်း၏။

ပြည့်ပြည့်ဖြိုးဖြိုးရှိလှသောအမိုက်တိုက်တွင်
ခိုးယူခံရသောလရောင်အား
ဝမ်းနည်းမှုအထိမ်းအမှတ်ဖြစ်
ဆီမီးတစ်ဝက်လင်း၏။
ကျန်တဝက်သည်၊
ဗုဒ္စရှင်တော်၏သိမှုတရားစုကဲ့သို့
ပြည့်မတ်လင်းလက်ရလို၏။ ။


Comments