ကမ်လူဝေး- ကျပ်နေ

ကျပ်​​နေ
ကမ်​လူ​ဝေး
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇
 
အင်္ကျီထဲမှာ ငါက ကျပ်​​နေ
ချွတ်​ချင်​​ပေမဲ့ ချွတ်​မရ
အင်္ကျီထဲမှာ ငါက ကျပ်​​နေ
မဝတ်​ဖို့ တားတဲ့ကြားက
ဇွတ်​အတင်း ဝတ်​ထားရင်း
အင်္ကျီထဲမှာ ငါက ကျပ်​​နေ
အ​ဆောင်​အ​ယောင်​အဖြစ်​ သတ်​မှတ်​ရတဲ့
အင်္ကျီထဲမှာ ငါက ကျပ်​​နေ
အရှက်​မဲ့ ဂုဏ်​သိက္ခာမရှိတဲ့ အဝတ်​အစား
အင်္ကျီထဲမှာ ငါက ကျပ်​​နေ
အစိမ်း​ရောင်​ အင်္ကျီထဲမှာ
နီစပ်​စပ်​ငါ့ခန္ဓာက ကျပ်​​နေ။ ။
 

Comments