ဝါကျဖြူ ● ပြာခံခွက်

ဝါကျဖြူ ● ပြာခံခွက်
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၇

စဉ်းစားမှုကို
အစိုင်အခဲတခုအဖြစ်ပြောင်းလဲပစ်ဖို့
စဉ်းစားကြည့်တယ်
ဖန်သားပြင်အစိုင်အခဲထဲက
မီးခိုးငွေ့တွေ... ပြာစတွေ
ထိုးခြေထားတဲ့အတွန့်အကွေးတွေ
မထိုးဖောက်နိုင်သောရက်စွဲများ
စင်္ကြဝဠာဟာ ပွစာကျဲ
တလွင့်လွင့်တုန်တုန်ရီရီ
ကမ္ဘာဆွဲအား
အနန္တစကြာဝဠာ
ပေါက်ကွဲဖွာလန်ကျဲပြစ်လိုက်တဲ့
ရင်ဘတ်ထဲရောက်နေတဲ့ကမ္ဘာ။

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

Comments