နေထက်နိုင် ● ငါ​ပြောတယ်

နေထက်နိုင် ● ငါ​ပြောတယ်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၇

ဒီကဗျာမှာ
မေတ္တာပန်း​တွေ ​ဒီ​ခေတ်​ကြီးမှာညှိုးနွမ်း​နေတယ်​ဆိုတာပါတယ်​။

ဒီကဗျာမှာ 
ကျောင်းနဲ့​ဝေး​နေတဲ့ က​လေး​တွေရဲ့
အနာဂတ်​ပါတယ်​။

ဒီကဗျာမှာ
ရွှေချထားရမယ့်​ မနက်​​စော​သာယာတဲ့
ငှက်​က​လေး​တွေရဲ့​တေးသံပါတယ်​။

ဒီကဗျာမှာ
တိမ်​မည်း​တွေ ​နောက်​ကလိုက်​​နေလို့
လူကြိုက်​နည်းတဲ့လူတ​ယောက်​ရဲ့
ကောင်းကင်​​ပျောက်​​နေတဲ့ည​နေ​တွေပါတယ်​။

ဒီကဗျာမှာ
ကိုယ့်​လူ​တွေအတွက်
ကော်ဖီစစ်​စစ်​တအိုးနဲ့ မန္တ​လေးရမ်​တလုံးပါတယ်​။

ဒီကဗျာမှာ
နိုင်​ငံ​ရေးကို​ပြော​နေ​ပေမယ့်
နိုင်​ငံ​ရေးမှန်းမသိ​အောင်​ လှလှပပဖုံးကွယ်​ထားတဲ့
နိမိတ်​ပုံ​တွေပါတယ်​။

ဒီကဗျာမှာ
တိမ်း​တွေ​ပျောက်​​နေတဲ့ကြယ်​တာရာနက္ခတ်​အစုံနဲ့
ကြည်​နူးစရာ ည​ကောင်းကင်​တခုပါတယ်​။

ဒီကဗျာက
ကဗျာဆရာရဲ့အဇ္ဈတ္တကိုကြည့်​မှန်​တချပ်​လို

ထောင်​ပြထားပါတယ်​။

ဒီကဗျာက
ကဗျာဖတ်​သူ ကိုယ်​တိုင်​ရဲ့ ဝင်းလက်​တဲ့ အနာဂါတ်
ဆီသွားတဲ့တံခါးတချပ်လည်းြ​​ဖစ်​နိုင်​ပါတယ်​။ ။

နေထက်နိုင်
အောက်​တိုဘာ ၇၊ ၂၀၁၇

Comments