ကမ်လူဝေး ● စိတ်​က အချဉ်​တည်​အိုးထဲ​ရောက်​​နေ

ကမ်လူဝေး ● စိတ်​က အချဉ်​တည်​အိုးထဲ​ရောက်​​နေ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၇

နေ​ရောင်​ခြည်​က စူးရှလွန်း မုန်းတယ်
မိုး​ရေ​တွေက စိုစွတ်​စွတ်​ စိတ်​ပျက်​ဖွယ်
အရာရာ ဖိနှိပ်​ခံ တ​ယောက်​ရဲ့ စိတ်​အချဉ်​​ပေါက်​မှုများ။

အဆင်​မ​ပြေပုံများ
စားလက်​စ မုန့်​ပန်းကန်​ထဲ ငှက်​​ချီးပါချခံလိုက်​ရ။

တုတ်​နဲ့တူတူ ရိုက်​ခံရတုန်းက
တုတ်​သမားကို လက်​ချည်းသက်​သက်​ အာခံခဲ့ကြ
သူလက်​ထဲ တုတ်​​ရောက်​သွား​လေမှ
ငါ့ကို သူက တုတ်​နဲ့ချသတဲ့
သစ္စာမဲ့မှုများ သိက္ခာကင်းမဲ့ပုံများ။

အ​ဝေးက တိုက်​ခတ်​လာတဲ့​လေပြင်း​တွေ
ရဲတိုက်​ထဲ​ခိုခွင့်​ရတဲ့ ခင်​ဗျား စိတ်​မဝင်​စားဘူး
ငါ့တို့တဲအိမ်​​တွေက မကျန်​​တော့သ​လောက်
လေပြင်းထဲမှာ​ပျောက်​ရှ။

မီးက​ လောင်​​နေတာ
ခင်​ဗျားက အ​နွေးဓာတ်​ရတယ်​ဆို ​ပျော်​​နေလား
မီးက ဘဝ​တွေကို ​လောင်​မြိုက်​​နေတာ
နာနာကြင်​ကြင်​ ကျိန်​ဆဲသံ​တွေဟာ
ခင်​ဗျားရဲ့ ည​တွေဆီ​ရောက်​လာဦးမှာ။

အမဲသားတစ်​ ရသွားတဲ့ ​ခွေးတ​ကောင်​က
ငါ့ကို ​ပြေးလာပြီး​ဟောင်
အသားမှာလူးထားတဲ့ အဆိပ်​က
အစွမ်းမပြ​သေးခင်​။

ဘဝဟာ စိတ်​ပျက်​စရာ​ကောင်း​ပေမဲ့
သစ္စာတရားဟာ ငါ့ရဲ့ဦးထိပ်​ပန်​ဆင်​ရာ
ထမင်းငတ်​​နေတဲ့ ငနာက ​ပြော​နေရဲ့။    ။

ကမ်​လူ​ဝေး

Comments