တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား


ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - ၅
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇


ဒီလိုဖြစ်စဉ်ရဲ့နောက်ကွယ်မှာ သံသယဖြစ်နိုင်ဖွယ်ရှိနေကြတဲ့ (အစိုးရ/ တပ်မတော်) ဘက်၂ဘက်ရဲ့ သဘောထား အမြင်တွေအပေါ် ဖြေရှင်းချက်၊
၅၂။ လူမှုမီဒီယာနယ်ပယ်မှာ အစိုးရဘက်တော်သားများနဲ့ တပ်မတော်ဘက်ရပ်တည်သူများဟာ တဖက်နဲ့ တဖက် အပြန်အလှန်စွပ်စွဲကာ သံသယစကားများကြောင့် ထိပ်သီးနှစ်ဦးအဖို့ အနေကြပ်မျက်နှာပူရပြီး စည်းလုံး ညီညွှတ်ရမည့်အချိန်မှာ သံသယစိတ်တွေကို သင်ပုန်းချေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ သူတို့ရဲ့ဆန္ဒအတိုင်းဆိုရင် စာရေးသူ သုံးနှုံးနေတဲ့ နောက်ကွယ်က လက်မဲကြီးအဖြစ် ထပ်တပ်ရမလိုဖြစ်ပါက ပြည်သူလူထု နှလုံးလေဟပ်သွားနိုင်တာမို့ သူတို့တွေအားလုံး တင်းမာမှုတွေ လျော့စေဖို့ နှစ်ဘက်စလုံးအား စာရေးသူ ဖြေရှင်းချက်ကို လက်ခံပေးဖို့ တောင်းပန်လိုပါတယ်။

သူတို့ရဲ့အမြင်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-

(က) အမျိုးသားရေးဝါဒီနဲ့ မျိုးချစ်တပ်မတော်အရာရှိများ၊ ဖေ့ဘုတ်အခေါ် စစ်လော်ဘီနဲ့ အဘ ဘောမတို့က - ” ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ထိန်းချုပ်ကာ Power ချလိုတဲ့အတွက် ကိုဖီအာနန်ကိုထိုးတင်၊ အနောက်နိုင်ငံတွေ၊ UN တွေနဲ့ ပေါင်းလို့ ဘင်္ဂလီတိုက်ကွက်ဖေါ် ဖိအားပေးလာတယ်” ဆိုတဲ့ စွပ်စွဲချက်။

(ခ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနဲ့ ဒီမိုကရေစီဘက်တော်သားများ၊ ၈၈မျိုးဆက် ကျောင်းသားအဆက်အနွယ်များ၊ ဖေ့ဘုတ်အခေါ် ထမိန်ခြုံများက - ”ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားရေးပါတီများတို့ဟာ (ကာ/လုံ) ခေါ်ဖို့ အပါအဝင် ရခိုင်ကိစ္စအား အချူပ်အချာအာဏာ ထိခိုက်နေတယ်၊ အမျိုးသားလုံခြုံရေးယိုယွင်း လာပြီဆိုကာ ထောက်ပြပြီး အတင်းအကျပ် ဖိအားပေးခိုင်းတာဟာ ဒေါ်အောင်ဆန်းစုကြည် Power ကျအောင် တပ်မတော်က နောက်ကွယ်က ကြိုးကိုင်နေတယ်” ဆိုတဲ့ စွပ်စွဲချက်။

” ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ထိန်းချုပ်ကာ Power ချလိုတဲ့အတွက် ကိုဖီအာနန်ကိုထိုးတင်၊ အနောက်နိုင်ငံတွေ၊ UN တွေနဲ့ ပေါင်းလို့ ဘင်္ဂလီတိုက်ကွက်ဖေါ် ဖိအားပေးလာတယ်” ဆိုတဲ့ စွပ်စွဲချက်
၅၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ အာဏာပိုမိုရရှိရေးအတွက် UN ၊ အနောက်နိုင်ငံတွေနဲ့ပေါင်းပြီး ဘင်္ဂလီကိစ္စ လုပ်ဖြစ်မယ်ဆိုရင် အမျိုးသားသစ္စာဖေါက်ဖြစ်သွားမှာမို့ တပ်မတော်နဲ့ထိပ်တိုက်တွေ့ပြီး နိုင်ငံပျက်စီးမည့် အလုပ်မျိုး လုပ်မှာ မဟုတ်ဖူးဆိုတာ သူမရဲ့ရိုးသားမှုကို ယုံကြည်စေလိုပါတယ်။ နိုင်ငံတကာက နိုင်ငံတွေရဲ့ဖွဲ့စည်းပုံအရ နိုင်ငံတော်အတိုင်ပင်ခံရာထူး မရှိတာကို နားလည်သည်းခံပြီး လုပ်ကိုင်ခဲ့တာမို့ သူမရဲ့သဘောထားကြီးမှူကို တွေ့ရမှာဖြစ်တယ်။ ဘယ်သူမဆို ပြည်သူလူထုအများစု MANDATE ရထားသူပီပီ နိုင်ငံတော်သမ္မတလုပ်ချင်ကြမှာ ဖြစ်ပြီး မရခဲ့ရင် ဘယ်လို ခံစားပေးနိင်မလဲဆိုတာ နားလည်ပေးစေလိုပါတယ်။ အနောက်နိုင်ငံတွေထဲ ဗြိတိန်နဲ့ သူမဆက်ဆံရေးဟာ ဘယ်လိုမျိုး အနှုတ်လက္ခဏာတွေနဲ့ ရင်ဆိုင်နေရတာကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ချက်ကို သဘောပေါက်နိုင်ပါတယ်။

၅၄။ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်က သမ္မတအဖြစ် ပြင်ဆင်ခွင့် မပေးတာကို နားလည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအရ တပ်မတော်ကို ယုံကြည်စွာနဲ့ လက်တွဲနေတာဖြစ်ပါတယ်။ ဗြိတိန်က တပ်မတော်အရာရှိများကို ပြန်လည်စေလွှတ်တဲ့ကိစ္စမှာလည်း သူမ လုပ်ပေးထားတဲ့ကိစ္စ အနေနဲ့ စိတ်ကောင်းမှာ မဟုတ်တဲ့အပြင် အမျိုသားရေးဘက်က ရပ်တည်နေတဲ့ တပ်မတော်နဲ့ကျောခြင်းပိုကပ်သွားပြီး အားဖြည့်ပေးလိုက်သလို ပိုမိုခိုင်မာသွားအောင် လုပ်ပေးလိုက်တဲ့ ဗြိတိန်ကို စာရေးသူ ကျေးဇူးတင်ရှိပါတယ်။

”ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားရေးပါတီများတို့ဟာ (ကာ/လုံ) ခေါ်ဖို့ အပါအဝင် ရခိုင်ကိစ္စအား အချူပ်အချာအာဏာ ထိခိုက်နေတယ်၊ အမျိုးသားလုံခြုံရေးယိုယွင်း လာပြီဆိုကာ ထောက်ပြပြီး အတင်းအကျပ် ဖိအားပေးခိုင်းတာဟာ ဒေါ်အောင်ဆန်းစုကြည် Power ကျအောင် တပ်မတော်က နောက်ကွယ်က ကြိုးကိုင်နေတယ်” ဆိုတဲ့ စွပ်စွဲချက်
၅၅။ တပ်မတော်က အမျိုးသားရေးဝါဒီများနဲ့ မျိုးချစ်တပ်မတော်အရာရှိတွေအပေါ် သြဇာသက်ရောက်မှု အပြည့်ရှိပါတယ်။ သူတို့တွေကို လက်ရှိတပ်မတော်ခေါင်းဆောင်တွေက စစ်မှုထမ်းဟောင်း ထောက်ပံ့ငွေပေးအပ်တဲ့အခါမှာဖြစ်ဖြစ်၊ သူရဲကောင်းစစ်သည်ဗိမာန်မှာဖြစ်ဖြစ်၊ ဂေါက်ပွဲနဲ့ အပတ်စဉ်လုပ်နေကြ အမှတ်တရ ကျောင်းဆင်းပွဲ အထိမ်းအမှတ် ညစာစားပွဲမှာဖြစ်ဖြစ်၊ အမျိုးသားရေးဝါဒီတွေကိုလည်း အခမ်းအနားတွေမှာ ဖြစ်ဖြစ် မိန့်ခွန်းမဟုတ်ခဲ့ရင်တောင် အလွတ်သဘောအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး လက်တွဲဆောင်ရွက်နေပုံနဲ့ အမြင်ရှင်းဖို့ တိုက်တွန်း ပြောပြ ရှင်းလင်းတင်ပြစေလိုပါတယ်။ လောက်ကိုင်တိုက်ပွဲမှ ဒဏ်ရာရစစ်သည်များကို ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးလို့ ဒုသမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌတို့ အားပေးခိုင်းတာ၊ တိုက်ပွဲနဲ့ ပတ်သက်ပြီးတပ်မတော်ကို လွှဲမချဘဲ တာဝန်ခံမှုနဲ့ တာဝန်ယူမှုတွေကို ပြန်ပြောင်း ပြောပြစေလိုပါတယ်။ သူမဟာ UN အနောက်နိုင်ငံတွေနဲ့ပေါင်းပြီး တပ်မတော်ကို ဖိအားပေးဖို့ မဖြစ်နိုင်ကြောင်း လက်တွေ့ဖြစ်ရပ်တွေက သက်သေပြပြီမို့ ဒီအချိန်မှာ သံသယစိတ်တွေဖျောက်ပြီး စည်းလုံးညီညွှတ်ရမည့်အချိန်ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြစေလိုပါတယ်။ ပြင်ပမှာထွက်နေတဲ့ သတင်းမှား၊ သတင်းလိမ်တွေက ဖေါင်းပွနေတာကြောင့် ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှု သက်သာစေဖို့ တိုက်တွန်းနေရတာဖြစ်ပါတယ်။

၅၆။ စာရေးသူအနေနဲ့ အဖွဲအစည်းအမည်တွေနဲ့ ခေါင်းဆောင်တွေကို မထိခိုက်စေလိုဘဲ မကောင်းတဲ့သူကို မကောင်းတဲ့ အလျောက် တိုက်ရိုက် ပစ်မှတ်ထားစေလိုပါတယ်။ ဒီလိုနှစ်ဘက် မသင့်တင့်ဖြစ်နေချိန်မှာ အားရဝမ်းသာဖြစ်နေသူတွေကတော့ အကြမ်းဖက်သမားတွေသာ ဖြစ်မယ်ဆိုတာ သတိပေးလိုပြီး ညီညွှတ်မှုအား တည်ဆောက်စေလိုပါတယ်။

တပ်မတော်က နောက်ညှိနှိုင်းပေးစေလိုတာကတော့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များကို ဘင်္ဂလီကိစ္စနဲ့စပ်လျဉ်းပြီး အစိုးရဆောင်ရွက်တော့မည့် လုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးဖို့ညှိနှိုင်းစေလိုပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားပါတီတွေ ပြောသလို ထိတွေ့ဆက်ဆံရေးနဲ့ပွင့်လင်းမြင်သာစေဖို့ တောင်းဆိုတာဟာ ကောင်းမွန်တာကြောင့် အစိုးရအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊တပ်မတော်က တဆင့်ဖြစ်စေ ဘင်္ဂလီကိစ္စ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ဆွေးနွေးစေလိုပါတယ်။

၅၇။ ဒါဆိုရင် လက်ရှိအစိုးရဟာ တပ်မတော်ရဲ့ရန်သူလား၊ မိတ်ဆွေစစ်လား၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ကြည့်လိုက်ကြရအောင် ... နိုင်ငံတကာက ရခိုင်မှာ အကြမ်းဖက်ဘင်္ဂလီတွေကို စစ်ဆင်ရေးလုပ်မည့်တပ်မတော်ကို မျက်စိဒေါက်တောက် ကြည့်နေခဲ့ပါတယ်။ ဒါကိုရိပ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို အင်အားကုန်မသုံးဖို့နဲ့ ဥပဒေအတိုင်းဆောင်ရွက်ဖို့ မှာကြားချက်အတိုင်း တပ်မတော်က သတိထား ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေဟာ လက်မလျှော့သေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကနေ တပ်မတော်ကို ပြစ်တင်ဝေဖန်ဖို့ အလိုရှိနေပေမဲ့ သူမက နားမထောင်ဘဲ တာဝန်ခံမှု၊ တာဝန်ရှိမှု လုပ်သွားတာဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် တပ်မတော်က အသိအမှတ် ပြုရပြီဖြစ်ပါတယ်။

၅၈။ တပ်မတော်က အခင်းဖြစ်ပွားနေရာ ဒေသတွေကို စစ်အုပ်ချုပ်ရေးလွှဲပေးတာကြိုက်ပေမဲ့ အစိုးရက လက်မခံဘဲ နိုင်ငံတကာနဲ့လူ့အခွင့်အရေးအဖွဲ့တွေ စောင့်ကြည့်နေလို့ အကန့်အသတ်နဲ့စစ်ဆင်ရေးလုပ်ခဲ့တာကိုက အမိန့်နာခံမှု သက်သေဘဲဖြစ်ပါတယ်၊

ယခင်ကြံခိုင်ရေးပါတီက ဘင်္ဂလီအမတ် ရွှေမောင်တို့နဲ့ ပေါင်းပြီး မဲရရေး အမျိုးသားရေးသစ္စာဖေါက်တာကို တပ်မတော်နဲ့လုံးထွေးဝေဖန်ရင်တော့ မှားသွားပါလိမ့်မယ်။ ချုပ်လိုက်ရင် တကယ်လို့ လက်ရှိအစိုးရကို ဖြုတ်ချခဲ့ရင်တောင် ရင်ဆိုင်ရမည့် စစ်မျက်နှာတွေဟာ ကြီးမားတာကြောင့် ကြံ့ဖွှံ့ပါတီနဲ့အပေါင်းအပါတွေက နိုင်ငံတကာဖိအားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ယှဉ်လိုက်ရင် ထိန်းနိုင်မှာမဟုတ်ဘဲ နိုင်ငံ ဗရမ်းဗတာဖြစ်သွားမည့်အရေး တပ်မတော်က အဲဒီလောက်ထိ မိုက်မဲမှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။

၆၀။ ဒီနေ့အစိုးရဖြစ်နေတဲ့ ယခင်အတိုက်အခံအချို့ဟာ ဒေါ်အောင်ဆန်းစုကြည်ပြောပြောနေတဲ့ Mindsetတွေပြောင်းဖို့တိုက်တွန်းနေတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတာကို အလေးမမူဂရု မပြုဘဲ နဂိုခံစားချက်များကို သင်ခန်းစာယူမည့်အစား ယနေ့ထိ တပ်မတော်အဖွဲ့အစည်းအပေါ် အာဃာတ တရားထား၊ အပြစ်မြင်နေကိုက စိတ်မကောင်းစရာဖြစ်ပါတယ်။ တပ်မတော်ကို အရပ်သားအုပ်ချုပ်ဖို့ ဆိုတာဟာ နားလည် တတ်ကျွမ်းအောင် အချိန်ယူလေ့လာဖို့လိုနေသေးတယ်ဆိုတာ စာရေးသူနဲ့ အင်ဒို ဗိုလ်ချုပ်ကြီး ဆွေးနွေးခန်းတခုမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီထိကွက်ကို တောကြောင်များက လက်ခမောင်းခတ်ကာ အသုံးချသွားမှာဘဲ စိုးရိမ်ပူပန်မိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Comments