တိုးနှောင်မိုး ● နိုင်​ငံ​တော်

 တိုးနှောင်မိုး ● နိုင်​ငံ​တော်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၇

လူတယောက်​​က လေယဉ်​ပျံဖြစ်​ချင်​တယ်
လူတယောက်​​က​ လေထီးဖြစ်​ချင်​တယ်
လူတယောက်​​က ​သေနတ်​ဖြစ်​ချင်​တယ်
လူတယောက်​​က ကျည်​ဆံဖြစ်​ချင်​တယ်
လူတယောက်​​က မီးဖြစ်​ချင်​တယ်
လူတယောက်​​က ​ရေဖြစ်​ချင်​တယ်
လူတယောက်​​က ပိုက်​စံဖြစ်​ချင်​တယ်
လူတယောက်​​က ပိုက်​စံအိတ်​ဖြစ်​ချင်​တယ်
လူတယောက်​​က အရက်​​သောက်​ချင်​တယ်
လူတယောက်​​က ဖဲရိုက်​ချင်​တယ်
လူတယောက်​​က တရားနာချင်​တယ်
လူတယောက်​​က မီးဖို​ချောင်​ထဲဝင်​ချင်​တယ်
လူတယောက်​​က ခြင်​​ထောင်​ထဲဝင်​ချင်​တယ်
လူတယောက်​​က ဆိုင်​ကယ်​စီးချင်​တယ်
လူတယောက်​​က စက်​ဘီးစီးချင်​တယ်
လူတယောက်​​က ကားဝယ်​ချင်​တယ်
လူတယောက်​​က ​ဒေါ်လာဝယ်​ချင်​တယ်
လူတယောက်​​က နားပင်းချင်​တယ်
လူတယောက်​​က ဆွံ့ အချင်​တယ်
လူတယောက်​​က စစ်​ကိုလိုလားတယ်
လူတယောက်​​က ငြိမ်းချမ်း​ရေးပဲလိုချင်​တယ်
လူတယောက်​​က မိန်းဖြစ်​ချင်​တယ်
လူတယောက်​​က ​ယောက်ျားဖြစ်​ချင်​တယ်
လူတယောက်​​က ဖုန်းဆက်​ချင်​တယ်
လူတယောက်​​က ဖုန်းမကိုင်​ချင်​ဘူး
လူတယောက်​​က လိင်​စိတ်​ပြင်းတယ်
လူတယောက်​​က လိင်​စိတ်​ကုန်​ခမ်း​နေတယ်
လူတယောက်​​က အချုပ်​ခန်းထဲမှာ
လူတယောက်​​က ခြင်​​ထောင်​ထဲမှာ
လူတယောက်​​က TV ကြည့်​​နေတယ်
လူတယောက်​​က ပါးစပ်​ဆိုင်းတီး​နေတယ်
လူတယောက်​​က ပြာကျ​နေတယ်
လူတယောက်​​က မျက်​မှန်​တပ်​ထားတယ်
လူတယောက်​​က ဂဏန်းတွက်​​နေတယ်
လူတယောက်​​က ထမင်းချက်​​နေတယ်
လူတယောက်​​က ​ခေါင်းမပါဘူး
လူတယောက်​​က လက်​မပါဘူး
လူတယောက်​​က အိပ်​ပြန်​တာအိမ်​ပြန်​မ​ရောက်​ဘူး
လူတယောက်​​က အိမ်​မပြန်​ပဲအိမ်​ပြန်​​ရောက်​​နေတယ်
လူတယောက်​​က မင်္ဂလာ​ဆောင်​​နေတယ်
လူတယောက်​​က အသုဘချ​နေတယ်
လူတယောက်​​က ဖလင်​​ပေါ်ခုန်​တက်​တယ်
လူတယောက်​​က စီဒီချပ်​​ပေါ်ခုန်​တက်​တယ်
လူတယောက်​​က မိုက်​ကယ်​အင်​ဂျလိုဆီသွားတယ်
လူတယောက်​​က ဇီဒန်းဆီသွားတယ်
လူတယောက်​​က ​ဘော်​တဲလားဖြစ်​သွားတယ်
လူတယောက်​​က လန်​ဒန်​မြို့ ကြီးဖြစ်​သွားတယ်
လူတယောက်​​က မိသားစုဆီသွားတယ်
လူတယောက်​​က သူငယ်​ချင်း​တွေဆီသွားတယ်
လူတယောက်​​က လွတ်​​တော်​ထဲမှာ
လူတယောက်​ကလက်​ထိပ်​နဲ့ပါသွားတယ်
လူတယောက်​​က မိသားစုနဲ့
လူတယောက်​​က အထီးကျန်​ဆန်​​နေတယ်
လူတယောက်​​က ငို​နေတယ်
လူတယောက်​​က ရယ်​​နေတယ်
လူတယောက်​​က ပန်းပွင့်​​နေတယ်
လူတယောက်​​က ​ရေတံခွန်​ဆန်​​နေတယ်
လူတယောက်​​က facebook သုံး​နေတယ်
လူတယောက်​​က ဆာ​လောင်​​နေတယ်
လူတယောက်​​က ​သွေးပူ​နေတယ်
လူတယောက်​က ပြာကျ​နေတယ်
လူတယောက်​က ​အော်​​နေတယ်
လူတယောက်​က ခရီးသွား​နေတယ်
လူတယောက်​က ပိုက်​စံရှာ​နေတယ်
လူတယောက်​က ပိုက်​စံဖြုန်း​နေတယ်
လူတယောက်​က ကဗျာရွတ်​​နေတယ်
လူတယောက်​က လမ်း​လျောက်​​နေတယ်
လူတယောက်​က စိတ်​ကုးထဲတိမ်​​တွေကိုပျိုး​နေတယ်
လူတယောက်​က သီးချင်းထဲခုန်​ချသွားတယ်
အဲ့ဒီလိုနဲ့ အ​ရေအတွက်​ တခုနဲ့ တခု
ချိတ်​ဆက်​​တွေ ချိတ်​ဆက်​ထားတဲ့ ကြိုးထုံးဟာ
မြစ်​ကြီး​လေးသွယ်​နဲ့ တိုင်းနဲ့ပြည်​နယ် ​၁၄ ခုနဲ့
အစပ်​​တွေနယ်​ထားတဲ့နယ်​စပ်​နဲ့
ရှေ့​ရေး​တွေ တွန့်​လိန်​​ကောက်​​ကွေး​နေတဲ့ချီးကျူးမှု​တွေနဲ့
စိမ်းစိမ်းစိုစို သရဲကားလား
ခြောက်​​ခြောက်​​သွေ့​သွေ့ ဇာတ်​ညွှန်းလား
အတိတ်​​မေ့​နေတယ်
ရွှေ​ပျောက်​​နေတယ်
ကဗျာဟာမမှည့်​ဝင်းခင်​ လိ​မ္မော်​ခင်းထဲဖြတ်​တိုက်​သွားတဲ့
လေနဲ့ထိ​တွေ့မိ​သောအလံ
အ​တွေးနိမ့်​နိမ့်​ လှံလှည်​ရှည်​စကားလုံးများ
မနက်​ဖြန်​ဆိုတာမင်းနဲ့ ငါနဲ့အချစ်​​လောက်​မ​ဝေးဘူး
အလှပြင်​ပစ္စည်းထည့်​ထားတဲ့ အိတ်​သွန်​ဖာ​မှောက်​သလို
ဧည့်​ခန်းထဲကပန်းအိုးထဲ ဂန္ဓမာပန်း​တွေထိုးထားတဲ့နိမိတ်
နှင်​ဆီပန်း​တွေ ချိုးငှက်​ဖြစ်​သွားတဲ့အထိ။      ။

Comments