ကမ်လူဝေး ● သစ်​ခုတ်​သမားလူငယ်​များ


ကမ်လူဝေး ● သစ်​ခုတ်​သမားလူငယ်​များ
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၇

(၁)
၁၉၈၈ ခုနှစ်​မှာ ငါက အသက်​၁၉ နှစ်
အသက်​၁၉ နှစ်​ဆို​တော့ လူငယ်​​လေး​ပေါ့။

(၂)
နေ့​တွေက တရက်​တရက်​ကုန်​သွားသလို
အသက်​​တွေက တရက်​တရက်​ကြီးလာခဲ့ကြ။

ငါတို့ဟာ ​ခေတ်​ရဲ့ ​ပေးထားချက်​အတိုင်း အသက်​ရှင်​ခဲ့ရ
သမဝါယမဆိုင်​က ခွဲတမ်းရတဲ့ပစ္စည်း​တွေ
အ​မေနဲ့အတူထုတ်​​ရောင်း ဟင်း​ကောင်းစားရတဲ့​နေ့​တွေ
အ​ဖေက ​ရောင်းရင်​ရှုံးတဲ့ ပရုပ်​​အေး ဒူးယားစီးကရက်​ကိုဖွာလို့
သား​ရေ စာ​ကောင်း​ကောင်းဖတ်​ကွ
ပညာတတ်​မှဖြစ်​မယ်​လို့ဆုံးမတယ်
ပညာ​တွေတကယ်​တတ်​ခဲ့သလား
ကျူရှင်​ကို နှိမ်​နင်းတဲ့ခေတ်​မှာ
ကျူရှင်​​တွေတက်​ရင်း တက္ကသိုလ်​​ရောက်​ခဲ့ရ
ငါတို့​ဘေးမှာ​တော့
နံပတ်​ဖိုး​တွေ ​ကော်​မီသာဇင်​​တွေဝိုင်းလို့
ဖန်​စီဒီုင်းလည်းပါသ​ပေါ့။

(၃)
တရက်​မှာ​ပေါ့
အ​ဖေနဲ့ငါနဲ့
ပိုက်​ဆံထုတ်​ က​လေးပိုက်​ပြီး
ကြွေးရှင်​ဆီ ​ကြွေးဆပ်​ဖို့အသွား
ထိပ်​လန့်​စရာ​ကောင်းတဲ့ ​ကြေညာချက်
ရေဒီယိုက ထွက်​လာတယ်
တရားဝင်​ထုတ်​ထားတဲ့ ​ငွေစက္ကူ​တွေဟာ
တရားမဝင်​​တော့ဘူးလို့ အာဏာသုံးပြီးပယ်​ဖျက်​ခံခဲ့ရ
ငါတို့က မွဲ​နေရာက ​​တေသွားတယ်
ဆင်းရဲတွင်းမှာ ​ကြွေးလည်​ပင်း​ရောက်​တဲ့ဘဝက တက်​မရနိုင်ဖြစ်​ခဲ့
မတရားမှုကို နိုင်သ​လောက်​ဆန့်​ကျင်​ဖို့
ငါသိနားလည်​ ဆုံးဖြတ်​ခဲ့။

(၄)
ငါတို့ဟာ ​ခေတ်​က ​ပေးထားချက်​အတိုင်း
တော်​လှန်​​ရေးဆိုတာကိုကြုံရတယ်
လူထုအုံကြွမှုဆိုတာ​တွေ့ရတယ်
ဆန္ဒပြပွဲ​တွေ ပါရတယ်
ပစ်​ခတ်​မှု​တွေ ​သွေးသံရဲရဲ​တွေ
လုယက်​မှု မလုံခြုံမှု​တွေ ရင်​ဆိုင်​ရတယ်​။

ပိတ်​ထားတဲ့ ​ကျောင်း​တွေ
ပညာသင်​ကြားမှုနဲ့ မဆိုင်​​တော့ဘူးထင်​ရတဲ့ ​ကျောင်းသား​တွေ
ပြိုပျက်​ ဖျက်​စီးခံရတဲ့ အနာဂတ်​တွေ
ဆောက်​တည်​ရာမရ ဘဝအ​ခြေအ​နေ​တွေ
ရင်​ဆိုင်​ ဖြတ်​သန်းခဲ့ရ။

(၅)
ခင်​ဗျားတို့ နားလည်​နိုင်​ပါ့မလား
သေနတ်​နဲ့ အပစ်​ခံရမည့်​ လူအုပ်​ကြီးထဲ
မိုက်​မိုက်​မဲမဲ ပါဝင်​ရဲခဲ့တဲ့စိတ်​ကို
ကံဆိုးရင်​​တော့ ကျည်​ဆံဟာ
ရင်​ဝမှာ မှန်​နိုင်​တယ်​ဆိုတဲ့ အ​တွေးနဲ့
ငါတို့က လူငယ်​​လေး​တွေ
ရှေ့က တက်​ခဲ့ပါတယ်​။

(၆)
ပေးထားချက်​အမှား​တွေနဲ့ ပုစ္ဆာဟာ
ဖြေရှင်းတွက်​ချက်​ရာမှာ
အမှန်​တရားဆီ မ​ရောက်​နိုင်မှန်း
ငါတို့ မစဉ်းစားမိခဲ့။

ငါတို့ဟာ မ​အောင်​မြင်​တဲ့ ​တော်​လှန်​​ရေးအတွက်
အသက်​​ပေးခဲ့မိကြ
ငါက ကံ​ကောင်းလို့ ဘာမှမဖြစ်​ခဲ့
ငါ့မြို့က သူငယ်​ချင်း ​ကျော်​​ဇေယျ
စာဆက်​မသင်​ခဲ့ရ ​ထောင်​ကျ
တောထဲမှာခိုနား
အခု​တော့ အ​မေရိကမှာ ဆူရှီလိပ်​စား​နေရ
ငါ့တို့ ​ကျောင်းက အကို ​လျော​မွေး
ရန်​ကုန်​မြို့ လမ်းမ​ပေါ်မှာ အသက်​​ပေးခဲ့ရ
ငါတို့ဘာ​တွေရ ရှိခဲ့ ပါသလဲ
လုပ်​သင့်​လို့ လုပ်​ခဲ့ကြတဲ့ သမိုင်း​ပေးတာဝန်​ကို
ပုခုံးနဲ့ထမ်းခဲ့ကြတဲ့ မျိုးဆက်​တခုဖြစ်​ခဲ့
နာကျင်​မှု​တွေ အသက်​​တွေ
ဘဝ​တွေ အရည်​အ​သွေး​တွေ
အချိန်​​တွေ ရှိတာ​တွေအားလုံး​ပေးခဲ့ကြရ။

(၇)
ငါ့တို့ရဲ့အဆုံးအရှုံး​တွေဟာ
ငါတို့ကိုယ်​တိုင်​​ကြောင့်​ပါပဲ
ငါတို့မှာ ဖြူစင်​မှုနဲ့
မတရားမှုကို ဆန့်​ကျင်​စိတ်​ကလွဲလို့
ငါတို့ရဲ့ သိမှုက နည်းခဲ့
ငါတို့ရဲ့သိမှုဟာ လွဲခဲ့
နောက်​ဆုံး​တော့ စိတ်​ခံစားချက်​​နောက်​ကိုလိုက်
လွယ်​လွယ်​အလိမ်​ခံထိတဲ့
လူအုပ်​ကြီးဖြစ်​ခဲ့။

(၈)
ထောင်​ထဲမှာ ဦး​နှောက်​ကို
ဆေး​ကြော​လျှော်​ဖွတ်​ခံပြီး ပြန်​ထွက်​လာတဲ့
ငါ့ရဲ့ သူငယ်​ချင်း
သူ့ရဲ့​ကြောက်​လန့်​တုန်​လှုပ်​မှုက
ငါ့ကို နာကျင်​တုန်​လှုပ်​​စေခဲ့။

(၉)
ထောက်​လှမ်း​ရေးက
မင်း​နောက်​ကိုလိုက်​​နေတာ ၂ ရက်​ရှိပြီ ညီ​လေးတဲ့
ရပ်​ကွက်​လူကြီးက သတိ​ပေးတယ်
သိပ်​မကြာပါဘူး
တက္ကသိုလ်​ဆက်​တက်​ဖို့ အ​ရေး
နိုင်ငံ​ရေးနဲ့ ​ဝေး​ဝေး​နေပါ့မယ်​လို့
ခံဝန်​ကတိ​ရေး လက်​မှတ်​ထိုး​ပေးခဲ့ရ။

(၁၀)
ထူးအိမ်​သင်​ရဲ့ သီချင်း
အ​ရေးကြီးပြီညီ​နောင်​အ​ပေါင်းတို့ ဆိုမိလို့
ထောင်​ကျခဲ့တဲ့ သူငယ်​ချင်း
အခုမင်းဘယ်​​ရောက်​​နေသလဲ
ငါသတိရမိပါရဲ့။

ကမ္ဘာမ​ကြေဘူး သီချင်းဆိုလို့
ထောင်​ထွက်​ဖြစ်​ခဲ့တဲ့ သူငယ်​ချင်း
ထောင်​ကိုချစ်​လို့များ
ထောင်​နားက မခွာ
ထောင်​ဆရာဝန်​လုပ်​​နေ​လေရဲ့။

(၁၁)
ပြည်​​တော်​ပြန်​ဝင်​လာတဲ့
ငါ့ရဲ့ အကိုကြီးက ​ပြောရဲ့
လက်​နက်​ကိုင်​​တော်​လှန်​​ရေးရဲ့ အရှုံးဟာ
ပြည်​သူ​တွေကို နစ်​နာ​စေခဲ့ သတဲ့
အရှုံး​တွေအားလုံးဟာ
နစ်​နာစရာ​တွေပါပဲ
ဘယ်​တုန်းကများ အ​ကောင်းဖြစ်​ခဲ့နိုင်​မှာလဲလို့
ငါ နာနာ ကျင်​ကျင်​ ပြန်​​ပြောဖြစ်​ခဲ့။

(၁၂)
ငါတို့က သစ်​ခုတ်​သမား​တွေတဲ့
တချို့က သစ်​ခုတ်​ရင်း သစ်​ပင်​ပိလို့​သေတယ်
တချို့က ​တော​တောင်​ထဲ သစ်​ခုတ်​ရင်း
ငှက်​ဖျား မိလို့​သေတယ်
မ​သေလို့ ကျန်​ခဲ့သူ​တွေက
ဒဏ်​ရာဒဏ်​ချက်​​တွေ ကိုယ်​စီ။

(၁၃)
ဒဏ်​ရာ​တွေကို​မေ့ထားတာ
မေ့သွားတာမဟုတ်​ဘူးလို့ တချို့က​ပြော​ပေမဲ့
ကိုယ်​ကျိုးစီးပွားအတွက်​ ​မေ့ထား
ကိုယ်​ကျိုးစီးပွားအတွက်​ ​မေ့သွား
လူ​တွေဟာ အတ္တသမားလို့
ငါ့သူငယ်​ချင်း ​ပြောရဲ့။

(၁၄)
အ​ပြောင်းအလဲအ​ကြောင်း​ပြော​တော့
ပြောင်းဖို့က အားရှိမှ
အားရှိဖို့ စာ​တွေဖတ်
ပညာ​တွေအများကြီးတတ်​ဖို့ကြိုးစားခဲ့။

တဘွဲ့ပြီး​တော့တဘွဲ့တက်
အထူးကုဆရာဝန်​ ကိုယ်​စီဖြစ်​ခဲ့
စနစ်​ကိုပြင်​ဖို့​ဝေး
ကိုယ်​အပြင်​မခံရဖို့ထွက်​​ပြေး။

ငါ့သူငယ်​ချင်း​သီဟ​ရေ
စင်ကာပူမှာ
သမား​တော်​ဘဝ ​ပျော်​ပါရဲ့လား
ငါလည်း မင်းလို
ဝန်​ထမ်းဘဝကနှုတ်​ထွက်
လူနာ​တွေ ​ဆေးကုစားရင်း
ပျော်​​အောင်​ကြိုးစား အပြင်​မခံရ​အောင်
ခံစစ်​လုံ​အောင်​ကစား​နေရပါတယ်​။

ပြင်​ချင်​လို့ဝင်​​ပေမဲ့
ဝင်​တဲ့သူသာအပြင်​ခံလိုက်​ရတဲ့ဇာတ်​လမ်း
အဆန်းတကြယ်​မဟုတ်​မှန်း
ဖြတ်​သန်းမှုက သိခဲ့ရ။

(၁၅)
ပြန်​ရခဲ့တာက
မ​အောင်​မြင်​တဲ့ ​တော်​လှန်​​ရေး
မပြီး​သေးတဲ့ ​တော်​လှန်​​ရေး
သစ္စာ​ဖောက်​များ
တော်​လှန်​​ရေးရဲ့သစ္စာ​ဖောက်​များ
တ​နေ့တခြား များလာတဲ့ တကိုယ်​စာသမားများ
အရိုး​တောင်​လိုပုံ​အောင်​ အ​သေခံ ထမ်းတင်​ခဲ့တဲ့ ပြည်​သူများ
ငတ်​​နေတဲ့ပြည်​သူကို​ကျောခိုင်း
အကျိုးတူ စီးပွားထဲ ဘဝ​မေ့ ​ခေါင်း​ဆောင်​များ
လူလိမ်​​နောက်​လိုက်​ ခပ်​ပိန်းပိန်း လူအုပ်​ကြီးများ။

(၁၆)
တော်​လှန်​​ရေးက သူရဲ​ကောင်း​တွေ​မွေးဖွား
မ​အောင်​မြင်​တဲ့ ​တော်​လှန်​​ရေးက
သစ္စာ​ဖောက်​​တွေကို ပွားများ
ငါတို့ မျိုးဆက်​မှာ
သူရဲ​ကောင်း​တွေများတယ်
သစ္စာ​ဖောက်​​တွေများတယ်​။

(၁၇)
ဘုရားသခင်​​ပေးတဲ့လက်​​ဆောင်​ က​လေးငယ်​​တွေအတွက်
ကောင်းမွန်​တဲ့လူ့​ဘောင်​ ထူ​ထောင်​မ​ပေးနိုင်
ပေးဆပ်​ခဲ့ သ​လောက်​ ပြန်​မရခဲ့
ဝမ်းနည်းစရာ မျိုးဆက်​အဖြစ်​နဲ့
ငါတို့ဟာ လက်​ရုန်းကိုဆန့်​တန်း
ခေတ်​ကြီးကို တာဝန်​​ကြေ​အောင်​ထမ်းခဲ့
သစ်​ခုတ်​သမားလူငယ်​များဖြစ်​ရဲ့။          ။

ကမ်​လူ​ဝေး

Comments