ကမ်လူဝေး - ​လော်​ဘီတ​ယောက်​နှင့်​စကားစမြည်
လော်​ဘီတ​ယောက်​နှင့်​စကားစမြည်
ကမ်လူဝေး
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၇
အဲဒီခွက်​ထဲမှာ အဆိပ်​မပါဘူးလို့ ​ပြောတဲ့ ခင်​ဗျား
ဒီခွက်​ထဲက အရည်​ကို ​သောက်​ပြီးပြီလား။
သောက်​ဖို့အလှည့်​​ရောက်​ပြီ
ရဲရဲ​သောက်​ချလိုက်​ပါ
ရှေ့​ကသောက်​သွားတဲ့ လူအများအပြား
အဆိပ်​မိတယ်​လို့ တ​ယောက်​တ​လေ ​ပြောသံကြား
အန္တရာယ်​ကင်းပါတယ်​ ​သောက်​လိုက်​ပါလို့ တရား​ဟောတဲ့ခင်​ဗျား
အရင်​ဆုံးခွက်​ကို ယူသောက်​ပြ​ပေးပါလား။
မယုံကြည်​မှု​တွေ​ပေါ်မှာ
မယုံကြည်​မှုနဲ့ တည်​​ဆောက်​ထားတဲ့ကမ္ဘာမှာ
ယုံကြည်​စိတ်​ချရမှုအ​ကြောင်း​ပြောတဲ့ခင်​ဗျားကို
ဟ ဟ ​ပေးမိတာ ငါများ လွန်​သွားသလား။
အဆိပ်​မပါဘူးဆိုတဲ့ခွက်​ထဲက အရည်
ခင်​ဗျား ​အရင်​သောက်​ပါ
ဝမ်း​မြောက်​ဝမ်းသာ ဂါရဝပြုပါရ​စေ။       ။
ကမ်​လူ​ဝေး
Comments