လင်းသက်ငြိမ် ● လူရုပ်

လင်းသက်ငြိမ် ● လူရုပ်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇

သေနတ်​​တွေမှာ ခလုတ်​ပါတယ်
လူ​တွေမှာ ခလုတ်​မပါဘူး
သေနတ်​​တွေကိုစက်​ရုံကထုတ်​တယ်
လူ​တွေကို စက်​ရုံကမထုတ်​ဘူး
ဆင်​ခြင်​တုံတရား​တွေ​ ကျ​ပျောက်​ခဲ့တဲ့​နေ့က
လူဟာ ​သေနတ်​ကို တီထွင်​မိတယ်
မေတ္တာတရား​တွေ​ပေါက်​ပြဲခဲ့တဲ့အချိန်​မှာ
လူ​တွေက လူ​တွေကို ပြန်​ထုတ်​လုပ်​ပစ်​လိုက်​တယ်
စက်​ရုံထုတ်​​သေနတ်​​တွေနဲ့ လူထုတ်​ကုန်​လူ​တွေ
က​လေး​တွေလို​ ဆော့ကစား​နေကြတယ်
က​လေး​တွေလို​တော့ ရိုးသားမှုမရှိ ဖြူစင်​မှုမရှိ
လမ်းက​ကောက်​​နေတာသိသားပဲ
မ​ကောက်​​ကောက်​​အောင်​​ ​ဖောက်​​နေတာလည်းသိသားပဲ
ကျည်​ဆံဆိုတာ ​အော်​ရာမင်းဂျီမဟုတ်​​တော့လည်း
ငါတို့ပြားပြားဝပ်​​နေခဲ့တဲ့ နှစ်​​တွေ
ငါတို့ ပြားပြားဝပ်​ရဦးမယ့်​နှစ်​​တွေ
စက်​ရုပ်​​ဆိုတာ သိပ္ပံကား​တွေထဲပဲကြည့်​​ဖူးတာပါ
လည်​ပင်းကိုတက်​နင်းထားတဲ့ လူရုပ်​​တွေကအစစ်
ဘယ်​နတ်​ဘုရားကမှ ​စေခိုင်းထားခြင်းမဟုတ်
လူရုပ်​​တွေကို လူယုတ်​​တွေက ထုတ်​လုပ်​တယ်​။

လင်းသက်​ငြိမ်

Comments