လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37)


လောကဓာတ်ခန်း သာဂိ – Google Application in the Cloud (37)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇

Adding transitions and animations

ဆလိုက်များမှာ အကူးအပြောင်းနဲ့ လှုပ်ရှားမှုများ ထည့်ခြင်း

လက်ရှိသင်ခန်းစာများမှာ ပုံမှန်ရိုးရိုး ဆလိုက်တွေပဲ ထည့်သွင်းတာ ဖြစ်ပါတယ်။ ဆလိုက်တွေထဲမှာ လှုပ်နေတဲ့ အရုပ်တွေ စာသားတွေ (animation) နဲ့ ဆလိုက်အကူးအပြောင်း အလှအပတွေ (transition) တွေလည်း ထည့်သွင်းလို့ ရပါတယ်။ ရုပ်သံစာတန်းထိုးသလိုမျိုး စာသားတွေ ဘေးက အပေါ်က အောက်ကနေ ၀င်လာတာ၊ မှိန်သွား၊ ထင်းသွားတာ။ အရုပ်တွေက ပေါ်လာ ပျောက်သွားတာတွေကို Presentations မှာ ထည့်သွင်းလို့ ရပါတယ်။ ဒါတွေကို transition လုပ်တယ်၊ animation လုပ်တယ်လို့ ခေါ်ပါတယ်။

Google Slides မှာ Animations pane ကို ခေါ်သုံးလို့ ရပါတယ်။ ဒါတွေအတွက် command sets တွေ ပါဝင်ပါတယ်။
The Animations pane.

To add a transition: Transition ကို ခေါ်သုံးပုံ

  1. မိမိအလိုရှိရာ ဆလိုက်ကို ကလစ်လုပ်ပါ။ ပြီးတော့ Toolbar ပေါ်က Transition ကို နှိပ်ပါ။
  2. Clicking the Transition command
  3. Animations pane ပေါ်လာပါတယ်။ အဲသည်က ပုံစံမျိုးစုံကို ရွေးချယ်လို့ ရပါပြီ။
  4. Selecting a transition
  5. အခန်းအကူးအပြောင်း အဖြစ် slide from right ဆိုပါစို့။ အဲသည်ဆလိုက်က ညာဘက်ကနေ ၀င်လာမယ်လို့ ပြောတာပါ။ အဲသည်မှာ အချိန်ဘယ်လောက်နဲ့ ၀င်လာမလဲ တို့။ ပြီးတော့ ဆလိုက်တွေ အားလုံး သည် transition တခုတည်းပဲ သုံးမလားတို့ ရွေးချယ်လို့ ရပါတယ်။
  6. Clicking Apply to all slides

To add an animation: Annimation ထည့်သွင်းပုံ

  1. အင်နီမေးရှင်းဆိုတာကတော့ ဆလိုက်ထဲက object တွေကို လှုပ်ရှားမှု ထည့်တာ ဖြစ်ပါတယ်။ စာသားတို့ အရုပ်တို့ ပုံတို့ကို အဖက် effect ထည့်တဲ့ သဘောပေါ့။ မိမိအလိုရှိရာ ပုံကို ရိုက်ကလစ် (ညာဖက်မောက်စ်ခလုပ်နှိပ်) ပြီး ရွေးချယ်ပါ။ Animate ဆိုတာကို ကလစ်လုပ်ပါ။
  2. Animate in the context menu
  3. Animations pane ပေါ်လာပါတယ်။ လက်ရှိ animation setting က ဥပမာ - fade in on click ဆိုတာကို တွေ့ရမယ်။ မောက်စ်ကလစ်ရင် မှိန်သွားမယ်ပေါ့။
  4. A new animation in the Animations pane
  5. အဲသည်မှာ fade in ကို ဆွဲချပါ။ အခြား ရွေးချယ်စရာ animation (လှုပ်ရှားမှု) မျိုးစုံကို တွေ့ရပါတယ်။
  6. Selecting an animation

Animations pane က ဖွင့်ထားပြီးသားဆိုရင် တခြား animation တွေ ထပ်ထည့်လို့လည်း ရပါတယ်။ object တခုကို ရွေးပါ။ animation တခုခု ထည့်ပါ။ ထည့်ပြီးသား object ပေါ်မှာ နောက် animation ကိုလည်း ထည့်သွင်းလို့ ရပါတယ်။
Add animation

Animation options (အခြား ရွေးချယ်စရာများ)


အကယ်၍ စာသားတခုခု သို့မဟုတ် ရုပ်ပုံတခုခုကို animation လုပ်ခိုင်းထားတယ် ဆိုပါစို့။ ဆလိုက်ရှိုး ပြသနေစဉ်အတွင်းမှာ သူက ပုံမှန်အားဖြင့် မောက်စ်သွားနှိပ်လိုက်မှ အဲသည် လှုပ်ရှားမှုကို လုပ်မှာ ဖြစ်ပါတယ်။ သင်က အက်ဖက်တွေ အများကြီး ထည့်ထားရင် မောက်စ်ကို ဆလိုက်တခုတည်းမှာ အကြိမ်ကြိမ် လိုက်နှိပ်ပြီးတော့ animation ကို ခေါ်ပြရမှာ ဖြစ်ပါတယ်။ သည်တော့ start option မှာ mouse click ဆိုတာထက်  after the previous effect ဆိုတာကို ဆွဲချပြီး ရွေးချယ်တာ ပိုကောင်းပါတယ်။ animation တွေက တခုပြီး နောက်တခု သူ့ဖာသာသူ ပြသွားမယ် ဆိုတဲ့ သဘောပေါ့။
Selecting a trigger
By paragraph check box ဆိုတာက ဘာသဘောလည်း ဆိုတော့ သင် animation လုပ်ချင်တာက စာသားတွေ စာပိုဒ်တွေ ဆိုရင် စာပိုဒ်တခုလုံးကို ရွေးချယ်ပြီး animation လုပ်ခိုင်းတာ ဖြစ်ပါတယ်။ စာသား တခုချင်းစီကို animation လုပ်ချင်ရင်တော့ ဒါကို ရွေးချယ်စရာ မလိုပါ။

The By paragraph checkbox
အဲသည်မှာ animation အချိန်ကိုလည်း animation speed slider ကို ရှေ့နောက် ဆွဲပြီး ချိန်ဆပေးလို့ ရပါတယ်။
The animation speed slider

Challenge! (အိမ်စာ)


  1. အပေါ်က ဆလိုက်ဖိုင်ကို ကလစ်လုပ်ပြီး ဖွင့်ပါ။ File > Make a copy လုပ်ပြီး သင့်ဖိုင်အဖြစ် ကော်ပီယူလိုက်ပါ။
  2. ပထမဆလိုက်ကို ကလစ်လုပ်ပါ။ flip transition ဆိုတာကို ရွေးပါ။ speed ကို medium ထားပါ။  ပြီးတော့ ဆလိုက်အားလုံးရဲ့ transition အဖြစ် Apply to all slides လုပ်ပါ။
  3. slide 6 ကို ရွေးပါ။
  4. Animation က Fade in (on click) ကို Delete လုပ်ပါ။
  5. Nice Work ဆိုတဲ့ text box ကို ပြန်ရွေးပါ။ ပြီးတော့ spin animation လို့ သတ်မှတ်ပါ။
  6. သူ့ကို မောက်စ်ကလစ် ဆိုတာထက် after previous ဆက်တင်းပြောင်းပါ။ medium speed ဆိုပြီး ထားပါ။
  7. Next week, Space: The Final Exam ဆိုတဲ့ text box ကို ရွေးပါ။
  8. Fly in from left ဆိုတဲ့ animation ကို ရွေးပါ။ ပြီးတော့ သူ့ကို after previous ဆက်တင်ပြောင်းပါ။
  9. play button ကို နှိပ်ပါ။ အဲသည်ဆလိုက်က အောက်ပါအတိုင်း ပြသပါလိမ့်မယ်။

  1. Transitions Challenge GIF

(ဆက်လက်ဖော်ပြပါမည်)

Comments