ပြည့်ပြည့် (Myanmar Now) ● ဆုံချက်ကျသည့်နေရာမှ ငြိမ်းချမ်းရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)


ပြည့်ပြည့် (Myanmar Now) ● ဆုံချက်ကျသည့်နေရာမှ ငြိမ်းချမ်းရေးလှုပ်ရှားမှု 
(ဓာတ်ပုံသတင်း)
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇

ရန်ကုန်မြို့၏ ၄ ကြိမ်မြောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို အောက်တိုဘာ ၃၁ ညနေပိုင်းက မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။

ဆုတောင်းပွဲပြုလုပ်သည့် မြို့တော်ခန်းမသည် ဆူးလေစေတီ၊ ဧမာနွေလဘုရားကျောင်းနှင့် ဗလီတစ်ခု ဝန်းရံနေသည့်နေရာဖြစ်ပြီး မလှမ်းမကမ်းတွင်လည်း ဟိန္ဒူဘုရားကျောင်းတစ်ခုလည်း ရှိနေသည်။

နိုင်ငံတဝန်း ပြည်တွင်းစစ်ဖြစ်ပွားမှု နှစ် ၇ဝ ဝန်းကျင်ကြာလာချိန်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုများအနက် ရန်ကုန်ရှိ ဆုတောင်းပွဲများမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည်။

















Comments