ကျော်နိုင် - စည်ပင်ဥပဒေ - တာဝန်ယူမှု တာဝန်ခံမှု မရှိ (ဂျင်းနံပါတ် - ၇)


ကျော်နိုင် - စည်ပင်ဥပဒေ - တာဝန်ယူမှု တာဝန်ခံမှု မရှိ (ဂျင်းနံပါတ် - ၇)
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇
ပုဒ်မပေါင်း ၄၃၄ ခုရှိတဲ့ စည်ပင်ဥပဒေမူကြမ်းမှာ ပုဒ်မ ၄၂၈ ဟာ နောက်ဆုံးနားက ပုဒ်မပါ။ ဒီဥပဒေမူကြမ်းမှာ ဂျင်းတွေအများကြီးပါတယ်ဆိုတော့ ပုဒ်မနံပါတ်အလိုက်ပြောမယ်ဆိုရင် နောက်ဆုံးဂျင်းဖြစ်မှာပါ။ ဒါပေမယ့် ဒီဂျင်းအကြောင်း စောစောသိရအောင်လို့ စောစောဖေါ်ပြလိုက်ပါတယ်။

- စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးထားသည်။

- စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကို စီးပွားရေးလုပ်ပိုင်ခွင့်များ ပေးထားသည်။

- စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ COI ကင်းဘို့ မတားမြစ်ထား။

- စည်ပင်ဥပဒေကြမ်းတွင် စည်ပင်ကော်မတီဝင်များ၊ အာဏာပိုင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မကြေငြာခိုင်း။ တနည်းအားဖြင့် ယင်းတို့၏ ပိုင်ဆိုင်မှုကို အစစ်အဆေးမရှိ။

ထိုကဲ့သို့ အာဏာနှင့်လုပ်ပိုင်ခွင့် အပြည့်အဝရယူထားသော၊ စည်းကမ်းထိန်းသိမ်းမှု မရှိသလောက်လျှော့ရဲသော စည်ပင်ကော်မတီဝင်များနှင့် စည်ပင်ဝန်ထမ်းများ ပြည်သူ့ဘဏ္ဏာများကို အလွဲသုံးစားလုပ်လျှင်၊ အာဏာအလွဲသုံးစားလုပ်လျှင်၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လျှင် "ပြစ်မှုကြောင်း အရ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရှိတယ်" လို့ ပုဒ်မ ၄၂၈ တွင်ပြဌာန်းထားပါတယ်။

Comments