တိုးနှောင်မိုး - တယ်လီဗေးရှင်းပျက်ခြင်း

KT#
 တယ်လီဗေးရှင်းပျက်ခြင်း
တိုးနှောင်မိုး
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၇

 

လုပ်လေ့လုပ်ထရှိသောအလုပ်၊ အကျင့်
ရယ်သံကို ကိုယ်စားပြုသောစကားလုံးက ဟားဟား
တိရစ္ဆာန်/သစ်ပင်တို့၏သဘာဝတည်နေရာ
အကျင့်ပါနေသောဆင်းရဲဒုက္ခများ
ပင်လယ်ရေမျက်နှာပြင်အထက်မြွေပူရာကင်းမှောက်
မီးခိုးတွေစီးကရက်ကိုစိတ်ရှိလက်ရှိလောင်ကျွမ်းပြီးမှ
ထွက်ခွာ
အတိုးမပေးရသောစိတ်ကူးများ
မိမိတို့နဲ့ပက်သက်ခဲ့သည်။

လုံးဝရပ်တန့်လို့မရဘူး
လိင်စိတ်ကပျားရည်စုသလို
လရောင်တို့ရဲ့ထိတွေ့မှုတိုင်းလက်ခုတ်သံတွေ
အချည်းအနှီး၊ အလဟသ၊အကျိုးမဲ့
ခိုးကြောင်ခိုးဝှက်ဒေါကန်ခြင်းနဲ့
ဖျူးကြိုးပျော်သွားသလိုလျှပ်စစ်ရပ်တန့်ခြင်းက
လေယာဉ်ပျံကိုယ်ထည်တွေနဲ့မတူဘူး
ဂျုံတွေကအဲ့ဒီမဲဆန္ဒနယ်ထဲဂျူံနယ်သလို
အနယ်ခံနေရတယ်။

ရိုးရိုး အများမသိသောမသိမသာစိမ့်ဝင်မှု
သင်္ချာ အင်္ဂလိပ်စာ ဝက်သစ်ချသားအရာဝတ္ထုတခု၏မျက်နှာအမူအရာ
စိတ်အဆင့်ဆင့်ပြောင်းလဲမှုများ
နေမြင့်လေအရူးရင့်လေ
ပုံပြင်ဟာ ကျီးကန်းလိုဝိုင်းအုံလာတယ်။

သောကနဲ့မဆိုင်သောအရပ်လေးမျက်နှာ
လေပြင်းမုန်တိုင်းအစပြုသော
ကမ္ဘာနဲ့အခြားထိပ်ပြောင်နေသောမော်ကွန်း
လွတ်တော်ကိုယ်စားလှယ်လည်းလယ်ထွန်သွားနွားမေ့
သံပုရာပင်အောက်မှာတီကောင်တွေရောက်နေတယ်
ပုစွန်ကျစ်စာတုံးတွေကဘာရည်ရွယ်ချက်လည်း
တစ်ထပ်တည်းဖြစ်စရာများရှားလာခြင်း
အချစ်ဆိုတာနံရံကိုပျားစွဲတဲ့သဘော
ကောင်းကင်ဟာကမ္ဘာကြီးလုံးကြောင်းသက်သေပြနေပြီ
တိမ်တွေရေ
မင်းစိတ်ကိုငါမလိုက်နိုင်ဘူး
ပြတင်တံခါးမှာထီးချိတ်ထားပါတယ်။

Comments