ခန့်မင်းထက် ● ဖေဖေ (၂)


ခန့်မင်းထက် ● ဖေဖေ (၂)
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၇

သားအိမ်ရှေ့က
လင်းနေတဲ့
မီးချောင်းအောက်မှာ
ရှိနေမလား
ဖေဖေရော
ချမ်းနေမှာပေါ့နော်
သားလည်း အေးတယ် ဖေဖေ
ဖေဖေ့မြေးလေးတွေလည်း
အေးတယ်တဲ့။

ဖေဖေ
ဖေဖေ့လွယ်အိတ်လေးလည်း
ချမ်းနေတယ်။

မေမေကလည်း
လွမ်းလို့
မျက်ရည်ကျနေတာ အမြဲ။ ။

ခန့်မင်းထက်

Comments