ဇော်အောင် (မုံရွာ) ● ဇီးသီးဗန်းများနဲ့ ဇီးသီးဗန်း အလွန်နည်းတဲ့ ကျေးလက်စံပြတခု

ဇော်အောင် (မုံရွာ) ● ဇီးသီးဗန်းများနဲ့ ဇီးသီးဗန်း အလွန်နည်းတဲ့ ကျေးလက်စံပြတခု
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂ဝ၁၇

အရင်အစိုးရ အမျိုးသားလွှတ်တော်ဥက္ကဌကြီးက နိုင်ငံတော်စီမံကိန်း၊ ဘတ်ဂျတ်တွေကို ဇီးသီးဗန်းများလို့ သုံးနှုန်းပြီး၊ ဇီးသီးဗန်းမှောက်ခြင်းလို့ ရယ်စရာလိုလို ပြောပြ ရယ်သွေးခဲ့ကြတာ၊ အခုအစိုးရသစ်မှာ ပိုဆိုးနေတယ်လို့ ပြောဆိုနေကြပါ တယ်။ ဒါပေမဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု CPI Index မှာတော့ အစိုးရသစ်ကာလမှာ အဂတိအမှတ် ၆ မှတ်ကြီးများတောင် တိုးတက်လာတာကို အံ့သြဘွယ်တွေ့ရပါတယ်။

ကိုးကား၊ https://en.wikipedia.org/wiki/Corruption_Perceptions_Index

ချေးငွေ၊ ကူပံ့ငွေများနဲ့ လက်ရှိမြန်မာနိုင်ငံကြီး လည်ပတ်နေတာ အားလုံးလက်ခံကြမှာပါ။ ချေးငွေကို အကျိုးရှိအောင် သုံးဖို့ ဆိုတာ အပြောလွယ်သလောက စစ္စတမ်အယ်ရာ (System Error) ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ မလွယ်ပါဘူး။ ထစ်ကနဲဆို ဆောက်ဖို့ပဲ စဉ်းစားကြပါတယ်။ ကိုယ်ရဖို့ဆို သိက္ခာတွေမငဲ့တော့ပဲ .. ဥပမာ နယ်စပ်က သိန်း ၂ဝဝ ဘတ်ဂျတ်ရလို့ လမ်းမ ဖောက်ပဲ ထွေအုပ်ရုံးဆောက်မယ် ဥက္ကဌက အဆိုပြုပြ အတည်ပြု၊ ဆောက်ပစ်လိုက်တော့ ကိုယ့်ဆွေမျိုးကန်ထရိုက်တာပဲ လုပ်ငန်းရ၊ ကိုယ်လည်း အထိုက်သင့်ရသွားတယ်။ ဒါကတော့ ကျေးလက်ဒေသအခြေအနေပါ။ မြို့ပြဒေသမှာတော့ အကြီး ကျယ်ပဲ ဇီးသီးဗန်းတွေ စက်မှုဝန်ကြီးဌာနက သန့်ရှင်းရေးပဲလုပ်နေရတဲ့ ရပ်ဆိုင်းစက်ရုံတွေက ဝန်ထမ်း ၂၇ဝဝဝ ရှိတယ် ဆို တော့ တစ်ယောက် တစ်လ လစာ၂ သိန်းနဲ့ဆိုရင်၊ တစ်နှစ်ကို ၆၄ ဘီလျံ ကုန်ကျနေတယ်။ လျှပ်စစ်ဌာက တစ်ယူနစ်ထုတ် တိုင်း ၃ဝ ကျပ် ရှုံးနေတယ်ဆိုတော့ ဘီလျံပေါင်း ၅ဝဝ ကျော် နှစ်စဉ် ရှုံးနေတယ်။ ဇီးသီးဗန်းဆိုတဲ့အရာထဲမှာ စည်ပင်၊ လဝက၊ ကညန၊ မြို့နယ်အခွန်ရုံး စသဖြင့် ဝန်ဆောင်မှုတွေ တောင်ခံနေပြီး၊ အစိုးရက မရဘူး။ စနစ်ကိုက ဒါမျိုးဖြစ်အောင် လုပ်နေတယ်။ ဆည်မြောင်းဌာနမှာ လုပ်ငန်းငွေထုတ်ရင် ဘယ်လိုခွဲဝေပေးရတယ်ဆိုတဲ့ အလင်္ကာကဗျာလေးရှိတယ်။ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ တင်ဒါရရေး၊ ငွေထုတ်ရေးမှာ အစိုးရဘဏ်၊ ဌာနငွေစာရင်းဌာနက ဖြတ်တောက်ထား လိုက်တယ်။ ဒါတွေက စနစ်ချို့ယွင်းချက်ဖြစ်တော့ မတတ်နိုင်ဘူးဆိုပေမဲ့ အစိုးရကတော့ ကြိုးစားလုပ်ဆောင်နေပါတယ်။

ဝန်ကြီးဌာနတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးတဲ့ စီမံကိန်းတွေအတွက် ငွေထုတ်တယ်ဆိုရင်၊ စီမံကိန်းအဖွဲ့ကပဲ တင်ဒါတွေ၊ ပစ္စည်းဝယ်တာတွေ၊ လစာတွေကို ကိုင်တွယ်လုပ်ကိုင်တဲ့စနစ်ကို ပြောင်းလဲနေပါတယ်။ အဲဒီဌာနဟာ ငွေဘီလျံ မြောက်များစွာ ကိုင်တွယ်ပေမဲ့ အကြီးဆုံး ညွန်ကြားရေးမှူးဆိုသူက လစာ ၄ သိန်းလောက်ပဲ ရတယ်။ ကား၂ စီးတော့ ဒရိုင် ဘာနဲ့ပေးထားလို့ ဓါတ်ဆီမသုံးရင် တစ်လ ၄ သိန်းလောက် ဆီရောင်းစားလို့ရပေမဲ့ အောက်ကလူတွေကိုပဲ ပေး ကမ်းကြည့်ရှု ထားရပါတယ်။ ညွန်ကြားရေးမှူးကြီးကတော့ တင်ဒါအောင်ဖို့၊ အလုပ်အဆင်ပြေဖို့ ကုမဏီတွေက ဂါရဝပြုပေးတဲ့ ငွေတွေရ တော့ လစာနဲ့မော်တော်ကား၊ ခရီးစရိတ်တွေ ကိုယ့်လူတွေကို မျှပေးရတာကိုး။ ညွန်ကြားရေးမှုးအဆင့် တင်ဒါတွေ ကိုင်တွယ် ရသူဆိုရင် အဆင်ပြေပေမဲ့ ရသုံးမှန်းချေဌာန (ဘတ်ဂျတ်ဌာန) ဆိုရင် ညွန်ကြားရေးမှူးခမျာ ဘယ်သူမှ လာကန်တော့ ပေး ကမ်းမှာမဟုတ်ဘူး။ အဲဒီလိုဌာနတွေ ဝန်ထမ်းတွေလည်း အများကြီးရှိနေပါတယ်။ အများစု အစိုးရဝန်ထမ်းတွေက လစာ လေးနဲ့ စားသောက်နေထိုင်ကြတာကို တွေ့ရပါတယ်။

အခုခေတ်ကာလမှာ နိုင်ငံခြားချေးငွေ၊ ကူပံ့ငွေရနေတဲ့ဌာနတွေက သူဌေးဌာနတွေ ဖြစ်ပါတယ်။ လျှပ်စစ်၊ စီမံဘဏ္ဍာ၊ ဆည် မြောင်း၊ ဆောက်လုပ်ရေး၊ ကျေးလက် နဲ့ နောက်ဆုံး ထွေအုပ်ဌာနတွေက ဇီးသီးဗန်းနဲ့ အနီးကပ်နေရာမှာ ရှိကြပါတယ်။

● ဇီးသီးဗန်း အလွန်နည်းတဲ့ ကျေးလက်စံပြတခု
နယ်စပ်မြို့လေးတစ်ခုမှာ အင်ဂျီအို IRC ဆိုတဲ့ ကျန်းမာရေးအဖွဲ့ရှိပါတယ်။ 3MDG ဆိုတဲ့အဖွဲ့က ငွေကြေးထောက် ပံ့ပေးပါ တယ်။ ဝန်ထမ်းအရာရှိဆို လာစာ ဒေါ်လာ ၅ဝဝ ပေးပြီး၊ သာမန်ဝန်ထမ်းဆို လစာ ၃ သိန်းလောက် ပေးပါတယ်။ 3MDG ဆို တာ အိုင်အာစီ၊ မေရီစတိုး၊ဓ အမ်စီစီဆိုတဲ့ ၃ ဖွဲ့ပေါင်းထားတာကို ပံ့ပိုးပါတယ်။ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်များကို ကူညီပံ့ပိုးပါတယ်။ အထူးသဖြင့် အသက် ၅ နှစ်အောက်ကလေးများ ဦးနှောက်ဖွံ့ဖြိုး၊ ရောဂါကင်း၊ ကျန်းမာဖို့ အဓိကရည် ရွယ်ပါတယ်။ WHO, UNICEF ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေလို အင်ဂျီအိုဖြစ်ပေမဲ့၊ 3MDG ရံပုံငွေက အမေရိကန် နိုင်ငံသားများက လှူဒါန်းတဲ့ငွေများဖြစ်ပါတယ်။ ကာကွယ်ဆေးတစ်လုံးကို ကျပ် ၃ သောင်းတန်ပြီး ဆေးထိုးဖို့ ရေခဲအုံထားပြီး စုရပ်ရွာတွေကို လာေ၇ာက်ဆေးထိုးပေးပါတယ်။ ခြင်မကိုက်အောင် ဆေးစိမ်ခြင်ထောင်တွေ စောင်တွေ ပေးဝေငှပါတယ်။ ကလေးတွေစားဖို့ အဟာရပြည့်ဘီစကွတ်တွေ ပေးပါတယ်။ အထူးသဖြင့်တော့ အင်ဂျီအိုဝန်ထမ်းများက ကာကွယ်ဆေး ထိုးပေး၊ ရေနဲ့ တကိုယ်ရေသန့်ရှင်းဖို့ ပညာပေးဟောပြောရင်း ကျေးလက်ပြည်သူ မိခင်၊ ကလေးများကို သင်ကြားပါတယ်။ ဆပ်ပြာ၊ ခြင်ထောင်၊ စောင် စတဲ့အရာများကိုလည်း ကျေးရွာမှာလိုအပ်သူများကို ထောက်ပံ့ပါတယ်။ နောက်တနှစ် အဖွဲ့ ရွာကိုရောက်တော့ ခြင်ထောင်မရှိဘူး။ မနှစ်ကပေးထားတဲ့ ခြင်းထောင်၊ စောင်တွေ အများကြီး ဘယ်ရောက်သွားလဲ ဆို တော့ ရွာလူကြီးက ပေးပစ်လိုက်ပြီဆိုလို့ ရွာက ကုန်စုံဆိုင်ကို သွားဝယ်ရတယ်။ ၂ သောင်းလောက်တန်တဲ့ ခြင်ထောင်ကို ၈ ထောင်နဲ့ ဝယ်ရတယ်။ သူတို့က ရွာသားတွေဆီက ၃ ထောင်နဲ့ ကောက်ထားတာကိုး။ ၃ ထောင်ယူမလား၊ ခြင်ထောင်ယူ မလားဆိုတော့ ၃ ထောင်ပဲ ယူမယ့် ရွာသားတွေပါ။ ကလေးတွေကို ကြွေးဖို့ အဟာရပြည့်ဘီစကွတ်တွေလည်း လူကြီးတွေပဲ ဧည့်သည်လာရင် တည်ခင်းကျွေးမွေးနေကြတယ်။ ကလေးတွေကတော့ မစားဘူး၊ ရွာမှာ အိမ်တိုင်း ဘက်ထရီ၁သိန်းခွဲတန်၊ ဆိုလာစနစ်တွေနဲ့ မီးလင်းနေကြတယ်။ ဘက်ထရီတော့ မရောင်းစားဘူး၊ အနီးဆုံး ပလက်ဝမြို့နဲ့ကိုသွားရင် ဆိုင်ကယ်နဲ့ ၁နာရီးမောင်းပြီး၊ စက်လှေ ၅ နာရီစီးမှာ ပလက်ဝကိုရောက်တော့ ရောင်းစားဖို့မလွယ်ဘူး။ ဒီတော့ ဆိုလာစနစ်တွေ ၂ နှစ်လောက်ကြာလည်း မပျက်စီးဘူး၊ ရွာလူကြီးက ခရစ်ယန်ဘာသာကိုင်းရှိုင်းသူဆိုတော့ ရွာထဲမှာ အရက်၊ မူးရစ်၊ လောင်း ကစား လုံးဝမလုပ်ရဘူး။ ကင်းရှင်းတယ်။ သိပ်ကောင်းတယ်။ ကြက်ဝက်ဆိုရင် အရသာရှိတဲ့ အော်ဂဲနစ်တွေပဲ၊ လိမ္မောသီးချိန် ရောက်ရင် လက်သီးဆုပ်လောက် လိမ္မော်သီးတစ်လုံးကို ၄၅ ကျပ်နဲ့ ကျောက်တော်မြို့က စက်လှေနဲ့လာဝယ်တယ်။ အလုံး တစ်သောင်းဆိုတော့ ခူးခ တလုံး ၅ ကျပ်နဲ့ဆိုရင်၊ ၃ရက်လောက်ခုးတာနဲ့ ကျပ်၅သောင်းရတယ်။ ရန်ကုန်မှာဆို အဲဒီ လိမ္မော်သီး ၄ဝဝ ကျပ် တစ်ထောင်ဖိုး ၃ လုံးရောင်းပြီး၊ ပုသိမ်မှာဆို တစ်ထောင်ဖိုး ၂ လုံးရောင်းတယ်။ အသီးအနှံတွေက အော်ဂဲနစ်တွေပဲ။ မရာချင်းလူမျိုး၊ ခမီးချင်းလူမျိုးတို့ စုပေါင်းနေထိုင်ကြတယ်။ မရာလူမျိုးတွေက စာတတ်တော့ ၁ဝ တန်း အောင်ရင် လစာ ၃ သိန်းလောက်နဲ့ ကျောင်းဆရာ၊ ကျန်းမာရေးမှူအလုပ်တွေ ရကြပါတယ်။ ပညာတတ်ရင် အစိုးရအလုပ်တွေ လုပ်ကိုင်နိုင်ကြပြီး ငွေကြေးအဆင်ပြေပါတယ်။ IRC ပလက်ဝမြို့မှာ IRC လုပ်ကိုင်တဲ့ စေတနာရှင်လူငယ် အသက် ၃ဝ ကျော်တစ်ဦးဆိုရင် ခရစ်ယန်ဓမ္မတက္ကသိုလ် အင်္ဂလိပ်လို ဘွဲ့ရတယ်။ မြန်မာအစိုးရတက္ကသိုလ် ကလဲ ဘွဲ့ရတယ်။ အစ္စရေးမှာ ၂ နှစ်သွားလုပ်ဖူးတယ်။ IRC ပလက်ဝက ဆွေမျိုးတွေရှိလို့ အဲဒီမှာ အင်ဂျီအို အလုပ်လျှောက်တော့ ဒါလောက်ဘွဲ့တွေ၊ အတွေ့အကြုံတွေနဲ့ ကြာကြာလုပ်နိုင်ပါ့မလားဆိုပေမဲ့ ပလက်ဝဒေသခံဆိုတော့ ခန့်လိုက်တယ်။ ၂ နှစ်အတွင်း အလုပ် အများကြီးလုပ်နိုင်၊ အင်္ဂလိပ်စာလည်း သိပ်ကောင်းတော့ အားကိုး၊ လစာကောင်းဖြစ်နေတဲ့ လူတော်လူကောင်းတယောက် ကိုလည်း တွေ့ခဲ့ရတယ်။

အဲဒီ အိန္ဒိယနယ်စပ်ရွာတစ်ရွာ ရှင်လိုက်ဝ၊ ရွှေလိုက်ဝ၊ ပလက်ဝမြို့နယ်၊ ချင်းပြည်နယ် GDP သိန်း ၅၀၀၀ ရှိတဲ့ရွာ၊ သိန်း၂ဝဝ ဘတ်ဂျတ်ရတယ်။ ဘာလုပ်ကြမလဲ ရွာလူကြီးတွေ တိုင်ပင်တယ်၊ အားလုံးက လမ်းဖောက်ချင်တယ်၊ ရွာ ၅ ရွာ မော်တော် ဆိုင်ကယ်မောင်းရင် လမ်းကောင်းရင်၊ ပိုကောင်းမယ်.. အနည်းဆုံး ရွာသားတွေလည်း တယောက်လုပ်အားခ တနေ့ တ သောင်းကျပ် ရမယ်ဆိုပေမယ့် ရွာလူကြီးက အုပ်ချုပ်ရေးအဆောက်ဦဆောက်မယ်..ကောင်းတယ်ကွ..အားလုံးသဘောတူ တယ်မဟုတ်လား..ကန့်ကွက်မဲ့လူရှိသလား ..အေး ..မရှိရင် အဆောက်အဦပဲဆောက်ကြပါစို့ ဆိုပြီး သူ့ဆွေမျိုးကို သိန်း ၂ဝဝ အဆောက်အဦဆောက်ဖို့ အလုပ်အပ်လိုက်သတည်း တဲ့။ လမ်းဖောက်ချင်တဲ့အုပ်စုကြီးလည်း အားနာနာနဲ့ ငြိမ်နေ လိုက်ရပါတော့တယ်။ ဒါကတော့ System Error ပါပဲ။ အန်ကယ်တင့် နိုင်ငံခြားကပြန်လာပြီး နယကလုပ်ရင် လစာ အခမဲ့ လုပ်ပေးရမယ်။ ဒါမျိုးတွေလဲ မြင်နေ၊ တွေ့နေရမယ်.. . ပြန်မလာနဲ့နော်။ အဲဒီရွာမှာ လွန်ခဲ့တဲ့ ၃ နှစ်က သစ်တောဝန်ထမ်းတွေ အားလုံး အဂတိအမှုနဲ့ အလုပ်ထုတ်ခံရတယ်။ လာပ်မစားပဲ လစာလေး ၂ သိန်းနဲ့ မိသားစု ခြစ်ခြုပ်စားသောက်နေတဲ့ ၂ ပွင့် သစ်တောဝန်ထမ်းတစ်ယောက်ပဲ စသုံးလုံးက အိမ်သေးသေးလေးနဲ့နေထိုင်တာကြောင့် မပြုတ်ဘူး။ အဲဒီ GDP တနှစ်သိန်း ၅ ထောင်ပဲ ရှိတဲ့ရွာကလေးအကြောင်း အုပ်ချုပ်သူနဲ့ရွာသားများအကြောင်း ရေးချင်တယ်။ အဂတိမလိုက်စားသူ ဝန်ထမ်းတွေ ၅ဝ ရာခိုင်းနှုန်းလောက်တော့ နယ်စပ် ဆင်းရဲတဲ့ရွာတွေမှာရှိနေတာကို ဝမ်းသာလို့ပါ။ တဖြေးဖြေးပေါ့နော်...။

ဒါလောက်ပါပဲ။ မြန်မာပြည်မှာ ဆင်ရဲမွဲတေဆုံး ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၆ဝ ကူညီ ပေမဲ့ ပထမနှစ်မှာပဲ ရုတ်သိမ်းလိုက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကမ္ဘာ့ဘဏ်ဆိုတာ ခြစားမှုများလွန်းလို့ အစိုးရက မထိမ်းနိုင်တာကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ထွက်ခွာရတဲ့အထိ ခပ်တင်းတင်း အမေရိကန်ဦးဆောင်တဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံလည်း ဇီးသီးဗန်းပြဿနာကို အောင်မြင်စွာကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်လျှက်ပါ။

ဇော်အောင်
၁၇.၁၁.၂ဝ၁၇
0