ဇာဝါရီ - နှစ်သစ်ကို ဘယ်လို ကြိုဆို ခရီးဆက်ကြမလဲ

Art - Than Htay Maung


ဇာဝါရီ - နှစ်သစ်ကို ဘယ်လို ကြိုဆို ခရီးဆက်ကြမလဲ
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၈

အရှုပ်တွေ အလုပ်တွေကြောင့် မိုးမခအတွက် စာမရေးတာလည်း အတော်လေး ကြာခဲ့ပါပြီ။ အခုမှ အချိန်ပေး၊ အားစိုက်ပြီး နှစ်သုံးဆယ်ကြာမှ ပြန်ဆုံတွေ့ခွင့်ရ၊ သိခွင့်ရတဲ့ ချစ်စရာ တူ/မလေးများ၊ စာသင်ကြားပေးနေတဲ့ ညီ/မငယ်များအတွက် ရေးထားတဲ့စာကို မျှဝေလိုက်တာပါ။

ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်တနှစ် ရောက်ခဲ့ပြန်ပြီပေါ့။ မျှော်လင့်မထားဘဲ ဦးလေးချစ်တဲ့ အမိမြန်မာပြည်ကိုပြန်ရောက်၊ မင်းတို့လေးတွေနဲ့ နှစ်ပေါင်းများစွာကြာမှ တွေ့ခွင့်ရပြီး၊ မင်္ဂလာနှစ်သစ်ကို ပထမဦးဆုံးအကြိမ် အတူလက်တွဲ ဖြတ်လျှောက်ရမယ်ဆိုတော့ အတိုင်းထက်အလွန် ဝမ်းသာကြည်နူး စိတ်လှုပ်ရှားနေခဲ့တယ်။ ဟိုးအရင်ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာတော့ ဒို့တတွေ ရေခြားမြေခြား ဘဝခြား (မင်းတို့လေးတွေက … ဦးလေး ချစ်ရတဲ့ မိသားစု၊ ဒီနိုင်ငံနဲ့ ခွဲခွါသွားခဲ့တဲ့ နှစ်သုံးဆယ်အတွင်းမှာ မွေးဖွားခဲ့ကြသူတွေဆိုတော့ ဘဝတွေ ခြားခဲ့ကြတာပေါ့) နဲ့ နှစ်ဟောင်းတွေကိုကျော်ဖြတ်၊ နှစ်သစ်တွေကို တကွဲတပြား ကြိုဆိုခဲ့ကြတယ်။ ဒီတကြိမ်တော့ ချစ်ရတဲ့ မင်းတို့နဲ့အတူ နှစ်ဟောင်းကိုဆေးကြော၊ နှစ်သစ်ကို ကြိုဆိုနိုင်လို့ ဒီနှစ်သစ်က ပိုမင်္ဂလာရှိ လှပနေတယ်လို့ ခံစားရတယ်။

မင်းတို့တွေ သိကြတဲ့အတိုင်း နှစ်တနှစ် အချိန်ကာလတခုကို ကျော်ဖြတ်တိုင်း ဒို့တတွေ နှစ်ဟောင်းမှာ အဆိုးအကောင်းတွေ အများကြီး ကြုံတွေဖြတ်သန်းခဲ့ကြတယ် မဟုတ်လား။ အနောက်နိုင်ငံတွေမှာတော့ လူအများစုက နှစ်သစ်မှာ အမှားတွေ မကျူးလွန် ကင်းနိုင်သလောက်ကင်းအောင်၊ ပိုကောင်းတာတွေ ကြိုးစားလုပ်ကြမယ်လို့ နှစ်သစ် သစ္စာဓိဋ္ဌာန်တွေ (New Year Resolutions) ချပြီး မင်္ဂလာနှစ်သစ်ကို ပျော်ပျော်ပါးပါး ကြိုဆိုကြတယ်။ ဒါပေမဲ့ ပုထုစဉ်လူသားတွေဆိုတော့ ခြောက်ပြစ်ကင်း သဲလဲစင် မပြင်နိုင်ကြဘူးပေါ့။ ဒါပေမဲ့ ဒို့တတွေ အမြဲကြိုးစားကျင့်ကြံ လုပ်ဆောင်ရမှာက (မရည်ရွယ်ဘဲ) အမှားလုပ်ခဲ့တာကို မှားတယ်လို့ လက်ခံပြီး၊ အဲဒီအမှားတွေကို ပြင်၊ ထပ်ခါတလဲလဲ ထပ်မမှားမကျူးလွန်ဖို့ - မကောင်းမှုတွေကို ပယ်ဖျက်ပြီး ကိုယ်ကျိုးအများကျိုးအတွက် “ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။ (လောကသာရပျို့)” အဆိုအမိန့်အတိုင်း စိတ်ကောင်းအတွေးကောင်း လုပ်ရပ်ကောင်းတွေနဲ့ တဦးနဲ့တဦး ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ ဖေးမကူညီပြီး ရှေ့ ဆက်နေထိုင်သွားကြဖို့ ဒီစာနဲ့ အကြံပြုလိုက်တာပါ။

ဒီအတွေးနဲ့ မင်းတို့ကို ပြောပြအကြံပြုချင်တာကို တချက်ခုတ် နှစ်ချက်ပြတ် - ဒီကို ပြန်ရောက်ကတည်းက မင်းတို့တွေကို အင်္ဂလိပ်စာလည်း သင်ပေးနေတော့ - မင်းတို့တွေ ဒီစာကိုဖတ်ပြီး တထိုင်တည်း အကြံပြုချက်လည်းရ၊ အင်္ဂလိပ်စကားလုံးတွေလည်း သိသွားအောင် A to Z အသုံးအနှုန်းတွေထဲက - အကောင်း (Positive) vs. အဆိုး (Negative)၊ ဆောင်ရန် (Do) vs. ရှောင်ရန် (Don’t) တွေကို ရွေးချယ်ပြီး နှစ်သစ်အမှတ်တရ လက်ဆောင်အဖြစ် မျှဝေလိုက်တာပါ။ 

ဒီစာကို ဖတ်ကြည့်၊ တွေးကြည့်ပြီး ဒို့တတွေ ဒီလိုမျိုး ပြုမှု ဖြစ်သင့်လုပ်သင့် ကျင့်ကြံသင့်သလားဆိုတာကို မင်းတို့ ဆုံးဖြတ်ကြပေါ့။ ဒီစာထဲမှာ စကားအသုံးအနှုန်းကြမ်းလေးတွေကို ထည့်သွင်းပြောရတာကလည်း လိုအပ်လို့ပါ။ ပြီးတော့ တခါတလေ အဲဒီလိုပြောမှ ထိမိမှတ်မိတယ် မဟုတ်လား။ စာလည်းနည်းနည်းရှည်မယ်။ ဒီအတွက် အချိန်ပေးပြီး ဖတ်ကြည့်ပါ။ ကျေးဇူးပါ။

[A] 
ဒီကိုပြန်ရောက်ချိန်မှာ မမျှော်လင့်ဘဲ ရန်လိုရိုင်းပြတဲ့ (Aggressive, Antagonistic and Abusive) ကားမောင်းပုံတွေကို ကြည့်ပြီး အတော်လေး စိတ်ပျက်မိတယ်။ တချိန်တည်းမှာ လမ်းစည်းကမ်း ထိန်းသိမ်းရေး အားနည်းမှုကြောင့် ပြည့်ကြပ်နေတဲ့ ရန်ကုန်မြို့ ကြီးမှာ တွန်းတွန်းတိုက်တိုက် (Aggressive) ဖြစ်လာကြလို့ တနေ့တနေ့ ကားတိုက်မှုတွေ၊ ရန်ပွဲတွေကို တွေ့နေကြားနေရတော့ စိတ်ထိခိုက်မိတယ်။ 

တကယ်တော့ ဘယ်သူမဆို an aggressive and abusive person ကို မနှစ်သက်ကြပါဘူး - Most people do not wish to associate with aggressive people. ဒါကြောင့် အဲဒီလိုမျိုး ရန်လိုရိုင်းပြတဲ့ အပြုအမှုတွေကို ရှောင်ပြီး၊ ဒို့တတွေ ပြုပြင်ကြိုးစားလုပ်သင့်တာက အမြဲတမ်း ကိုယ့်ကောင်းကျိုးအပြင်၊ အများအကျိုးအတွက် သူတော်ကောင်းစိတ် (Angelic) နဲ့ ကျင့်ကြံနေထိုင်ဖို့။ အထူးအားဖြင့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ဆက်ဆံရမယ့် လူတွေကို အကောင်းမြင်စေချင်၊ ဖြစ်စေချင်တယ်ဆိုရင် မိမိကစပြီး - We must assuredly start setting our life with angelic heart and acts. ကိုယ်ကစပြီး ဖြူစင်တဲ့ စိတ်နှလုံးသား အပြုအမှုတွေနဲ့ မိမိဘဝကို တည်ဆောက်သွားရမယ်။

[B] 
ဆိုခဲ့သလို ဖြတ်သန်းခဲ့တဲ့နှစ်တွေမှာ ရန်လိုရိုင်းပြ (Antagonistic)၊ တဘက်သားကို ကြီးနိုင်ငယ်ညှဉ်းလုပ် (Bully)၊ မကောင်းသော အပြုအမှု (Bad behavior) နဲ့ လူတချို့ ကို ဒို့တတွေ တွေ့ကြုံခဲ့ကြလို့ စိတ်ပျက်ကြတယ်။ အဲဒီလို သူတပါးကို နိုင်ထက်စီးနှင်း လုပ်တတ်တဲ့ အောက်တန်းကျအပြုအမှုတွေကို ဘယ်သူမှ (ကိုယ်လည်း) မကြိုက်ဘူး။ ဒီအတွက် သူမကောင်းလို့ ကိုယ်လည်းမကောင်း မပြုမှုကြဖို့ ဒို့တတွေ ကြိုးစားရမယ်။ အထူးသဖြင့် ကိုယ်လည်းမကြိုက် အများလက်မခံတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ (Bullshit) လုပ်ရပ်တွေကို ရှောင်ပြီး၊ ကိုယ့်ထက်အားနည်း၊ အခွင့်အရေးမရှိ၊ မပြည့်စုံ၊ အကူအညီလိုတဲ့ နိမ့်ပါးချို့ တဲ့သူတွေကို အတတ်နိုင်ဆုံး၊ ချစ်ခြင်းမေတ္တာ ကြင်နာစိတ် (Benevolence) နဲ့ ကိုယ့်အကျိုးသူ့အကျိုး (Benefit) ဖြစ်ဖို့အတွက် ဖြည့်စွမ်းနိုင်သူတွေဖြစ်အောင် ကြိုးစားလုပ်ရမယ်။ 

ဒါမှ We will become a better and best person in life. ဖြစ်လာမယ်။ အဲဒီလိုမဟုတ်ဘဲ If someone is always thinking of bullying others and committing bullshits, s/he will be punished as a bloody bastard. တဘက်သားကို နိုင်ထက်စီးနင်းလုပ်ပြီး၊ ယုတ်မာမှုတွေ ကျူးလွန်နေရင်တော့ အဲဒီလိုလူမျိုးကိုေ-ာက်သုံးမကျတဲ့လူလို့ သမုတ်ခံရမယ်။ ဒါကြောင့် ဒို့တတွေ အဲဒီလို ရွံရှာမုန်းစရာ လုပ်ရပ်အပြုအမှုတွေကို လုံးဝ လုံးဝ ရှောင်ကျဉ်သွားရမယ်။

[C] 
တချို့ တွေက နေ့စဉ် အချိန်တိုင်း အမှားတွေကို သိစိတ်မသိစိတ်နဲ့ အတုယူ (Copycat) ကျူးလွန် (Commit) ကြတယ်။ အဲဒီမှာ ဘာကို မဖြစ်သင့်၊ ဖြစ်သင့်လဲဆိုတာကို နည်းနည်းပြောချင်တယ်။ ကိုယ့်မိသားစု၊ မိတ်ဆွေစစ်၊ သူငယ်ချင်းတွေအပေါ် လှည့်ဖြား (Cunning), မာန်ထောင်လွှာ (Cocky)၊ မရိုးမသား (Crooked) မဖြစ်ဖို့ အထူးအရေးကြီးတယ်။ Nobody likes a cunning, cocky, and crooked man/woman. ထောင်လွှာလှည့်ဖြား၊ မရိုးသားသူတွေကို ဘယ်သူမှ မနှစ်မြိုကြဘူး။ လူတိုင်း - သူသူကိုယ်ကိုယ် ကြင်နာဂရုစိုက် (Compassion, Caring) သူကို ချစ်ခင်စုံမက်ကြတယ် မဟုတ်လား။ ပြီးတော့ အမှန်တရား မြတ်နိုးကြတဲ့ မင်းတို့တွေ အမှန်တရားအတွက် သတ္တိ (Courage) ရှိရမယ်။ ပွင့်ပွင့်လင်းလင်း (Candidly) ပြောရရင်တော့ နှစ်သစ်မှာ - You try to be a compassionate and caring person, and commit yourself to having courage to stand up for rights and justice. လူတိုင်းအပေါ် ချစ်ခင်ကြင်နာမှု ထားရှိပြီး၊ (ကိုယ့်ထက် အခွင့်အရေးမရှိ၊ ဆုံးရှုံးနေသူတွေ) ရပိုင်ခွင့်၊ တရားမျှတမှုအတွက် သတ္တိရှိရှိ ရပ်တည်သွားကြပါ။

[D] 
ဒီမှာ ပြောချင်တာက .. မင်းတို့တွေ ကြားဖူးမှာပါ … အားနည်းသူ၊ အတွေးတိမ်သူတွေကို နတ်ဆိုးမကောင်းဆိုးဝါးတွေ (Demonic or Devilish spirits) က ဖုံးလွှမ်းဖျက်ဆီးနိုင်တယ်ဆိုတာ။ ဒီအတွက် မိမိကိုယ် နဲ့ သူတပါးကို ပျက်လိုပျက်စီးဖြစ်စေတဲ့ (Demonic or Devilish) စိတ်မျိုးကို မထားရှိဖို့ နှစ်သစ်ပြောင်းလဲချိန်ကစပြီး ကျင့်ကြံရမယ်။ ကောင်းမှုအတွက် ကိုယ့်မိတ်ဆွေတွေကို ကောင်းသောစိတ် (good Deeds) နဲ့ လက်တွဲခေါ်သွားရမယ်။ 

“အစကောင်းမှ အနှောင်းသေချာမယ်” ဆိုသလို ဖြူစင်တဲ့ မိမိတို့ စိတ်နှလုံးသားကို မညစ်ညမ်း (Dirty) မဖြစ်ဖို့ အမြဲကြိုးစားနေပြီး၊ အဲဒီ ညစ်စိတ် (Dirty-minded) ဖြစ်သူတွေကို ရှောင်ရှား၊ သတ္တိရှိရှိ ရှုတ်ချရဲ (Dare to decry) ရမယ် - You must dare to denounce those individuals (people) with devilish/demonic acts. ပြီးတော့ တဘက်မှာ မိမိလုပ်ရပ်တွေ၊ အတွေးအခေါ်တွေမှန်ဖို့ - We must always devote good deeds, and refrain disgusting and disrespectful manners. ဒို့တတွေ မွန်မြတ်သောစိတ် ထားရှိပြီး၊ မကောင်းသော အပြုအမှုတွေကို ရှောင်ရှားသွားရမယ်။

[E] 
ဆက်ရရင် … ရှက်ဖွယ်ကောင်းတဲ့ (Embarrassing) မိစ္ဆာအတွေး၊ (Evil thoughts) တကိုယ်ကောင်းဆန်တဲ့ အပြုအမှု၊ အကျင့်စရိုက် (Egoistic actions or manners) တွေ ကိန်းဝပ်နေသေးရင် - We must erase those evil and egoistic thoughts and manners from our hearts. အဲဒါစိတ် လုပ်ရပ်တွေကို ဒို့တတွေ နှလုံးသားထဲကနေ ဖယ်ထုတ်ဖျက်ဆီးပြစ်ရမယ်။ ပြီးတော့ ဒို့တတွေ့ တခြားသူတွေရဲ့  ခံစားချက်၊ အခြေအနေတွေအပေါ် ကိုယ်ချင်းစာ စာနာနားလည်စိတ် (Empathy) ရှိရမယ်။

[F] 
ဒီမှာတော့ အဓိက ပြောလိုတာက ဒီနေ့ ဒို့လူမျိုးတွေက ပြောင်းလဲချိန်တန်ပြီဆိုပြီး “… ဘာညာမလုပ်နဲ့” လို့ ပြည်သူ့အစိုးရရဲ့  စည်းကမ်းဆိုင်ရာ၊ ဥပဒေဆိုင်ရာ တားမြစ်ချက်၊ မေတ္တာရပ်ခံချက်တွေကို နားမထောင်၊ မလိုက်နာ၊ အရွဲတိုက်လုပ်နေသလို တွေးမြင်မိတယ်။ ဒီလို အရူးအမိုက် (Foolish) အကျိုးမဲ့လုပ်ရပ်တွေ၊ ညစ်ပေမှုတွေကို (Filthy) ဒို့တွေကိုယ်တိုင် မကျူးလွန်၊ မလုပ်မိဖို့ပါ။ ဒီမှာ တခု သိဖို့က … ဟိုးအရင် စစ်အာဏာရှင်လက်အောက်မှာ - Fight against unjust rules and regulations. မတရားတဲ့အမိန့်၊ တရားမဲ့ဥပဒေတွေကို ဆန့်ကျင်ခဲ့တာမျိုးကို မလုပ်ဖို့ ပြောလိုတာ မဟုတ်ဘူး။ ဒီနေ့ မဖြစ်သင့်တာ ဖြစ်ပျက်နေတာတွေက ဒို့တတွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရက နှစ် (၅၀) ကျော် စစ်အစိုးရ ဖျက်ဆီးခဲ့တာတွေကို ပြန်လည်ပြုပြင်လုပ်ကိုင်နေချိန်မှာ (ပြည်သူတွေ) ဒို့တတွေအနေနဲ့ လက်ကမ်းကူညီသူ၊ ဝိုင်းဝန်းပံ့ပိုးသူတွေဖြစ်အောင် ကြိုးစားရမယ်။

ဒါနဲ့ ဆက်စပ်လို့ ဖြည့်စွက်ပြောချင်တာက မင်းတို့ မြင်တွေ့ကြားနေတဲ့အတိုင်း နုနယ်သေးတဲ့ ဒီမိုကရေစီစနစ်ကြီး ဖရိုဖရဲ ပြိုလဲအောင် အကွက်သမားတွေ၊ မသမာသူတွေ၊ အာဏာရူးတွေက … ဘာသာရေး၊ အစွန်းရောက် ကိုယ့်အမျိုး၊ ကိုယ့်အသွေးမှ မြင့်မြတ်တယ်ဆိုတဲ့ မျက်ကန်းမျိုးချစ်တွေ (Fanatics) ရဲ့  သွေးထိုးလှုံဆော် မတော်မတရား လုပ်ရပ်တွေကို အသိဥာဏ်၊ ပညာတတ်ကြတဲ့ မင်းတို့တတွေ နားမရောင် မထောက်ခံ လိုက်မလုပ်ဖို့ပါ။ ဒို့တတွေအနေနဲ့ - We must fearlessly and firmly stand up against those radical fanatics and fundamentalists. - အဲဒီလို ဘာသာရေး၊ လူမျိုးရေး မျက်ကန်းမျိုးချစ် အစွန်းရောက်တွေကို မကြောက်မရွံ မတွန့်မဆုတ် ဆန့်ကျင်သွားကြမယ်။

[G] 
ရှုပ်ထွေးပွေလီတဲ့ လူ့ဘဝကြီးမှာ ဒို့တွေအားလုံး အနည်းနဲ့အများ မရည်ရွယ်ဘဲ (ပြင်လို့ရတဲ့) အပြစ် (Guilt) တွေ ကျူးလွန်ကြတယ်။ “မမှားသောရှေ့ နေ၊ မသေသော ဆေးသမား” မရှိ ဆိုသလို၊ လုံးဝအပြစ်ကင်း အမှားမလုပ်ခဲ့သူ (Guiltless person) ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ မမှားသင့်ဘဲ မှားခဲ့တဲ့ ဒီအမှားတွေကို ထပ်ခါတလဲလဲ လုပ်ကြတဲ့ ရူးမိုက်မိုက် ငမိုက်သား (Goofy Goon) အဖြစ် ဘဝမဆက်ဖို့ ပြုပြင်ရမယ်။ ဒီမှာ တချို့ တွေ ဆင်ခြေပေး ပြောတတ်ကြတယ် - “ပုထုစဉ်ပဲ အမှားလုပ်မှာပေါ့”။ ထပ်ပြောရရင် မမှားဖို့ မပြောပါဘူး။ ဒို့တတွေ အတတ်နိုင်ဆုံး Evade graceless and godawful goofs. အကျည်းတန်ရုပ်ဆိုး ရူးရူးမိုက်မိုက် အပြုအမှုတွေကို ရှောင်နိုင်သလို ရှောင်ဖို့ပါ။ မငြင်းပါဘူး - ဒို့တတွေ လျှောက်လှမ်းရမယ့် ဘဝခရီးမှာ ကောင်းတာတွေပဲ ရွေးလုပ်ဖို့ အတော်ခက်ခဲပါတယ်။ 

ဒါပေမဲ့ ကိုယ်က Guilt-free ကောင်းတာတွေ၊ အကျိုးရှိတာတွေ မြင်ချင်ရရှိချင်တယ်ဆိုရင်တော့ - We must grow ourselves to become a gentle person; not goofy, and always be grateful to people who are gracious to you. ဒို့တတွေ အရူးအပေါ ပရမ်းပတာ မဖြစ်ဘဲ၊ သိမ်သိမ်မွေ့မွေ့ အပြုအမှုရှိသူ ဖြစ်အောင်၊ ပြီးတော့ ကိုယ့်ကို မေတ္တာထား ကြင်နာသူတွေအပေါ် ကျေးဇူးသိတတ်ရမယ်။

[H]
 
ဒီမှာ ပွင့်ပွင့်လင်းလင်း ပြောချင်တာက … တကယ် စိတ်မကောင်းစရာပါ။ ဗုဒ္ဓတရား မေတ္တာတရား လွှမ်းခြုံထားတယ်ဆိုတဲ့ ဒီနိုင်ငံမှာ ဒီနေ့ မင်းတို့မျိုးဆက်အထိ Heartbreaking and heinous hate crimes against humanity have still existed in this country. ဒီနိုင်ငံမှာ ကြေကွဲဖွယ်ရာ လူလူချင်း ခွဲခြားဆက်ဆံ အမုန်းစစ်ပွဲတွေ ရှင်သန်နေဆဲ။ ဒါကြောင့် ဒို့တတွေ ဒီလူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံ မုန်းတီးမှုတွေ ပပျောက်အောင် လုပ်ကိုလုပ်ရမယ် - We must work hard to oppose those heinous discrimination and horrific hate-crimes against humanity in our society. ပြီးတော့ ရှေ့ မှာပြောခဲ့သလို လူသားဆန်မှု (Humanity) အတွက် - To live in harmony and happiness among all our nationalities, we must always condemn any types of hate crimes. ဒို့ညီနောင်သွေးချင်းတွေကြား အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် လက်တွဲနေနိုင်ဖို့ ဒို့တတွေ အမုန်းတရားတွေကို အမြဲဆန့်ကျင်ရှုတ်ချသွားရမယ်။

[I]
လေဟုန်နဲ့အတူ ပြောင်းနေတဲ့ ဒီနေ့ (၂၁) ရာစု သတင်းနည်းပညာ (Information Technology) ခေတ်ကြီးမှာတော့ ဒို့အများစုမှာ “ငါ” မှ “ငါ” “I” ဆိုတဲ့ ကိုယ့်ကိုယ်ကို စင်တင်ဖော်ထုတ်တဲ့ (Narcissist) တွေလည်း ပေါများလာတာကို တွေ့နေရတယ်။ ဒီမှာ သွယ်ဝိုက်ဆက်စပ်မှုတခုကို ပြောပြချင်တာက တချိန်တခါက ဒို့မြန်မာ့လူ့အဖွဲ့အစည်းကို နှစ်ပေါင်းများစွာ အမှောင်တိုက်ထဲမှာ ချုပ်နှောင်းထားခဲ့တဲ့ တာဝန်ယူမှု တာဝန်ခံမှု (Irresponsible) မရှိတဲ့ လူပြိန်းတွေ (Idiots) တိုင်းပြည်ကို တရားမဲ့ (Illegitimately) အုပ်ချုပ် ဖျက်ဆီးခဲ့လို့ ဒို့တိုင်းပြည်၊ ဒို့လူမျိုးတွေ အစစအရာရာ နည်းပညာပိုင်းမှာ နောက်ကျကျန်ရစ်ခဲ့တာကို ဒီနေ့အထိ လိပ်လိုသွားနေတဲ့ Internet ချိတ်ဆက်မှုကိုကြည့်ပြီး ပြောနိုင်တယ်။ 

အဲဒီ အာဏာရူးတွေရဲ့  Ill-informed (ignorant) လူပြိန်းတွေ လက်အောက်မှာတုန်းက ပိုဆိုးသေး - သတင်းလွတ်လပ်ခွင့်၊ အင်တာနက် သုံးစွဲခွင့်တွေ မရှိ၊ အမှောင်ကမ္ဘာထဲမှာ In such an ill-fated state, our people became irresponsible and ignorant. အဲဒီလို ဖရိုဖရဲ အခြေအနေမှာ ဒို့ပြည်သူတွေ တာဝန်မဲ့၊ အသိတရားမဲ့တွေ ဖြစ်လာကြတယ်။ တကယ်တော့ ငြိမ်းချမ်းသာယာလှပတဲ့ လူ့အဖွဲ့အစည်း (Idyllic and Ideal society) ဖြစ်လာဖို့ ဒို့တွေ တဦးချင်း (Individually) ပြင်ဆင်ပြောင်းလဲပြီး တာဝန်သိသိ ဝိုင်းဝန်းကြိုးစားရမယ် - Our personal responsibilities are the willingness to both accept the importance of standards that society establishes for individual behavior and to make personal efforts to live by those standards.

[J] 
ဒီမှာ အားမနာတမ်း ပြောရမယ်ဆိုရင် ဒို့မြန်မာလူမျိုးတွေရဲ့  အားနည်းချက်က (လူ)တဦးတယောက် (အမှား) လွှဲချော်မှုကို မဆင်မခြင် အပြစ်တင် (Blame) ကြပြီး၊ တဦးတယောက် အောင်မြင်မှုကိုတော့ မနာလိုရှု့ စိမ့် (Jealous) ဖြစ်တတ်ကြတယ်။ ဒို့တတွေ ချီးမွမ်းခြင်း (Congratulate, Appreciate) ထက်၊ အပျက်သဘော ရှုတ်ချဝေဖန်မှုကို ပိုအားသန်ကြတယ် - ကြားဖူးတဲ့ ပုံပြင်ထဲကလို “ပလိုင်းထဲ ပိတ်လှောင်နေတဲ့ ကဏန်းတွေလို … အပေါ်တက်ဖို့ ကြိုးစားနေတဲ့အကောင်ကို အောက်ကကောင်တွေက ဝိုင်းညှပ်ဆွဲချသလိုမျိုးပေါ့”။ 

မနာလိုဝန်တိုမှုက ကောင်းကိုမကောင်းဘူး။ - We will always be joyless if we are jealous of others’ successes. သူတပါး အောင်မြင်မှုကို မနာလိုဝန်တိုစိတ်တွေ ဖြစ်နေရင် ဒို့တတွေ အမြဲတမ်း ပျော်ရွှင်စိတ် ကင်းမဲ့နေလိမ့်မယ်။ ဒါကြောင့် မနာလိုဝန်တိုစိတ်တွေ မိမိစိတ်နှလုံးထဲ မကိန်းအောင်း မရှင်သန်နိုင်အောင် ချေဖျက်ပြီး၊ သူတပါး အောင်မြင်မှုတွေကို ဝမ်းသာကြည်နူး Feeling jolly ဖြစ်အောင် အမြဲကြိုးစားရမယ်။ သူတပါး အောင်မြင်မှုကို ချီးကျူးတတ်၊ အခက်အခဲ ဒုက္ခ၊ လိုအပ်ချက်တွေကို ကြိုးစားကူညီနိုင်ရမယ်။

[K] 
ဆိုခဲ့သလို ကုန်လွန်ခဲ့တဲ့နှစ်ဟောင်းမှာ သူ့တပါးတွေရဲ့  ပျော်ရွှင်မှုကို ဒို့တတွေ တခါတရံ မရည်ရွယ်ဘဲ အဟန့်အတား (Killjoy) လုပ်ရပ်တွေ ရှိကောင်းရှိခဲ့မှာပါ - Killing other people’s joy and success is not right at all. သူတပါးရဲ့  ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို ဖျက်ဆီးခြင်းက မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အဲဒီလိုမျိုးတွေ မရည်ရွယ်ဘဲ ရှိခဲ့လုပ်ခဲ့မိရင် ထပ်မမှား မလုပ်ကြဘဲ၊ ဒီနှစ်မှာ ဒို့တတွေ အကြင်နာတရား ချစ်ချင်းမေတ္တာ (Kindness, Loving kind-words) တွေနဲ့ ဘဝအောင်မြင်မှုအတွက် ခရီးဆက်ကြမယ်။ ပြီးတော့ We must keep kindling and learning more knowledge and skills. (ဘဝအတွက် လိုအပ်တဲ့) အသိပညာ၊ အတတ်ပညာတွေကို အစဉ်မပြတ် လေ့လာသင်ကြားနေရမယ်။

[L] 
လူ့ဘဝ (Life) မှာ အချစ် (Love)၊ အကြင်နာမေတ္တာ (Loving-kindness) တွေ ရှင်သန်ပွားများဖို့ကို ထပ်ခါတလဲလဲ ပြောနေပေမယ့်၊ စက်ဆုပ်ဖွယ်ရာကောင်းသော (Loathsome)၊ လိမ်ညာလှည့်ဖြားသူတွေ (Liars)၊ ရူးကြောင်ကြောင်တွေ (Lunatics)၊ တရားဥပဒေချိုးဖောက်သူတွေ (Lawbreakers) ကို ဒို့ပတ်ဝန်းကျင် (သတင်းတွေထဲ) မှာ တွေ့နေမြင်နေရလို့ စိတ်ပျက်အလျှော့မပေးလိုက်ပါနဲ့။ အဆိုးအကောင်း ဒွန်တွဲနေတဲ့ ဒီသတ္တလောကကြီး (the world of living beings) မှာ ကိုယ့်အိပ်မက်၊ ခိုင်မာတဲ့ ယုံကြည်ချက်တွေကို မိမိနှလုံးသားအိမ်မှာ သံမှိုရိုက်ဆွဲပြီး အကောင်းဆုံးနေထိုင် ရှေ့ ဆက်လှမ်းသွားနိုင်အောင် ကြိုးစားရမယ်။ 

အထူးသဖြင့် တရားဥပဒေ စိုးမိုးရေး မရှင်သန်နိုင်သေးတဲ့ ဒီတိုင်းပြည်မှာ ကိုယ်ကစပြီး ဥပဒေ လိုက်နာသူ (Law-abiding)၊ ဥပဒေ မချိုးဖောက်သူ (not Law-breaker)၊ သစ္စာစောင့်သိ နိုင်ငံသူ/သားကောင်း(Loyal citizen) ဖြစ်အောင် ကျင့်ကြံကြိုးစားပြီး၊ လမ်းမှားသွားနေသူတွေကို လမ်းမှန်ရောက်အောင် Lead ကိုယ်ကဦးဆောင်လမ်းပြပေးနိုင်မယ့် ခေါင်းဆောင် (Leader) ဖြစ်အောင် ကြိုးစားသွားရမယ်။ ခေါင်းဆောင်၊ ဦးဆောင်ခြင်းသူတွေအနေနဲ့ We must laud all law-abiding citizens, but not those law-breakers.

[M] 
တန်းဖိုးရှိတဲ့ လူ့ဘဝအကြောင်း ဆက်ရရင် ဒို့တတွေအားလုံး အဓိပ္ပါယ်ရှိတဲ့ဘဝ (A Meaningful life) ကို ရချင်၊ ရဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ တချို့ တွေကတော့ အကျိုးကြောင့်လား၊ အကြောင်းကြောင့်လား မသိ - လူ့ဘဝကြီးကို ရူးရူးမိုက်မိုက် မကောင်းတဲ့ အကျင့်စရိုက်တွေ (Madness, Mindless, Misbehave) နဲ့ အဓိပ္ပါယ်မဲ့ (Meaningless) သံသရာထဲ (in a vicious circle) တဝဲလည်လည် တလိမ့်ခေါက်ကွေးကျ နစ်မွန်းနစ်မြုပ်ကြတယ်။ ဒါကြောင့် ရတောင့်ရခဲ လူ့ဘဝကြီးမှာ မိမိရရှိထားတဲ့ အခွင့်အရေး (Opportunity) ကို အလွဲသုံးစား (Misuse) ဆုံးဖြတ်ချက်မှား (Misjudge) မဖြစ်ကြဖို့ သတိချပ်ပြီး၊ ဆုံးဖြတ်ချက်မှား အလွဲသုံးစားလုပ်မိရင် သံသရာ (life-cycle/wheel of life) ဝဋ်ဆင်းရဲက လွတ်မြောက်ဖို့ ခက်ကြလိမ့်မယ်။ 

ဒါကြောင့် If we keep making inerasable mistakes and mindlessly misuse opportunities, our whole life will be messy and meaningless that we’ll have to live miserably. ဒို့တွေ ဖျက်မရတဲ့ အမှားတွေကို ထပ်ခါတလဲလဲ ကျူးလွန်၊ ရရှိတဲ့ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်နေရင်တော့ ဘဝကြီးကို အဓိပ္ပါယ်မဲ့ ဖရိုဖရဲ ဆင်းရဲခက်ခဲစွာ နေသွားရလိမ့်မယ်။ တကယ်တော့ ဆိုစကားရှိပါတယ် Life can be marvelous if you keep your moral high and right. နေတတ်နေမှန်ရင် လောကကြီးက သာယာလှပ နေချင်စရာပါ။

[N] 
ဒီမှာ ထပ်ပြောချင်တာကတော့ ကိုယ့်ကိုယ် အမြဲဆိုးကျိုးဒုက္ခပေးမယ့် အဆိုးမြင်စိတ် (Negative actions, attitude, beliefs, emotions, energy, feelings, mind, thinking, thoughts etc.) နဲ့ ဒို့တတွေ အိပ်ရာကနိုးထ၊ နေ့တနေ့ကို မကုန်ဆုံးဖို့ပါ။ သိတဲ့အတိုင်း မိမိစိတ်နှလုံးသားထဲမှာ (Negativity) တွေ သိပ်များနေရင် ဘာတွေလုပ်လုပ် လုပ်သမျှကြိုးစားသမျှ အကျိုးမဲ့၊ အချည်းနှီး (Nonsense) ဖြစ်တတ်တယ်။ ဒါကြောင့် - Don’t let negative energy and thoughts engulf our mind and heart. ဒို့တတွေရဲ့  စိတ်နှလုံးသား၊ အသိဥာဏ်တွေကို ဆိုးကျိုးဖြစ်စေမယ့် အတွေးစိတ်တွေနဲ့ မလွှမ်းမိုးအောင် နေရမယ်။ တဘက်မှာ မိမိစိတ်နှလုံးသားကို ကောင်းသောအတွေး၊ အပြုအမှုတွေနဲ့ အဟာရတိုက်ကျွေး (Nurture/Nourish) အမြဲလုပ်နေပြီး၊ ကိုယ်ရည်ကိုယ်သွေး မြင့်မြတ်သော Noble person ဖြစ်လာအောင် ကြိုးစားရမှာ ဖြစ်တယ်။ Always nurture our mind and heart with positive thoughts and actions.

[O] 
ဆက်ပြောရရင် ဒို့တတွေ ဘာလုပ်လုပ် ကိုယ့်လုပ်ရပ် အပြောအဆို အပြုအမှုတွေက သူတပါးကို စော်ကားမော်ကား (Offend) အဟန့်အတား အနှောင့်အယှက် (Obstruct) အတားအဆီး (Occlude) မဖြစ်ဖို့ကို သတိထားရမယ်။ ဆိုခဲ့သလို - Always don’t let negative thoughts and actions obstruct and overpower our beautiful mind. ဆိုးကျိုးဖြစ်စေမယ့် အတွေး၊ လုပ်ရပ်တွေနဲ့ ဒို့တတွေရဲ့  လှပတဲ့စိတ်ကို ဖုံးလွှမ်းအနှောင့်အယှက် မဖြစ်စေရဘူး။ 

တကယ်တော့ ဒီလူ့လောကကြီးမှာ ယူတတ်ရင် အခွင့်အရေး(ကောင်း)တွေ (Opportunities) များစွာရှိပါတယ်။ ဒီအတွက် ကိုယ်တိုင်က အကောင်းမြင်သူ၊ အမြင်ကျယ်သူ (Open-minded and Optimistic) ဖြစ်အောင် ကြိုးစားရမယ်။ အင်္ဂလိပ် နိုင်ငံရေးသမားကြီး Winston Churchill ပြောတဲ့ မှတ်သားစရာက - An optimist sees an opportunity in every calamity; a pessimist sees a calamity in every opportunity. ဒီအဆိုအမိန့်ကို တိုက်ရိုက်ဘာသာပြန်ရရင် အကောင်းမြင်သမားအဖို့ အခွင့်အလမ်းကို ကံကြမ္မာဆိုးထဲမှာတောင် ရှာဖွေရယူတတ်ပြီး၊ အဆိုးမြင်သမားကတော့ တွေ့ကြုံတဲ့ အခွင့်အလမ်းကိုတောင် ကံကြမ္မာဆိုးဒုက္ခလို့ မြင်တတ်ကြတယ်။

[P] 
ဒီကို ပြန်ရောက်တဲ့နေ့ကနေ တနှစ်အတွင်း လေ့လာတွေ့မြင်မိသလောက်ကတော့ … ကံဆိုးလှတဲ့ ဒို့တိုင်းပြည်မှာ နှစ်ပေါင်းများစွာ တိုင်းကျိုးပြည်ကျိုး ဘာမှ မစွမ်းဆောင်ခဲ့၊ ဒို့ပြည်သူတွေကို နှစ်ပေါင်းများစွာ ဓါးမိုးသေနတ်မိုး ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ ပြည်သူ့ချဉ်ဖတ် Pathetic (Pig-head) စစ်ခေါင်းဆောင်တွေကြောင့် ဒို့နိုင်ငံ ဒို့လူမျိုးတွေ ဘက်ပေါင်းစုံ ဆင်းရဲချို့ တဲ့မှု (Poverty) ကို ခါးစည်းခံနေရပြီး၊ တဘက်မှာ စိတ်ပိုင်းဆိုင်ရာတွေလည်း တဖြည်းဖြည်းနိမ့်ကျလာပြီး အကောင်းထက်၊ အဆိုးမြင်သမားတွေ (Pessimists) ဖြစ်လာကြတယ်။ အထူးသဖြင့် နှစ် (၅၀) ကျော် ဘာမလုပ်ရ၊ ညာမလုပ်ရ အခွင့်အရေးတွေကို တားမြစ်ပိတ်ပင် (Prevent) ပြီး၊ နှိပ်ကွပ်ပြစ်ဒဏ်ခတ် (Persecute) လုပ်ရပ်တွေကြောင့် ဒို့နိုင်ငံသားတွေ အကြောက်တရား၊ သံသယတွေ နဲ့ အဆိုးမြင် (Pessimistic, Passive) အတွေး၊ စိတ်ဓါတ်တွေ ရှိလာခဲ့တယ်။

 ဒီနေရာမှာ ပြောချင်တာက ဘယ်အခြေအနေရောက်ရောက်၊ ဘာလုပ်လုပ် ဒို့တတွေ မှန်ကန်တဲ့အသိစိတ်ဓါတ်နဲ့ ရှေ့ ဆက်ရမယ်။ အဲဒီလိုမဟုတ်ဘဲ - We must remember; being passive and pessimistic can procrastinate and paralyze our successes. အဆိုးမြင်စိတ်၊ အတွေးတွေနဲ့သာဆို ဒို့တတွေရဲ့  အောင်မြင်မှုတွေ နှောင့်နှေး၊ ရပ်တန့်သွားလိမ့်မယ်။ ဒါကြောင့် ဒို့အတွက် ကောင်းကျိုးဖြစ်စေမယ့် Positive (actions, attitude, beliefs, emotions, energy, feelings, mind, thinking, thoughts) အပြုအမှု၊ အတွေးအခေါ်၊ စိတ်ဓါတ်၊ ယုံကြည်ချက်တွေနဲ့ မိမိရည်ရွယ်ချက် ပန်းတိုင်ရောက်အောင် Passionately and purposefully proceed all the way to reach our goals. ဆက်လျှောက်ဖို့ ထပ်ပြောချင်တယ်။

[Q] 
ဒီမှာဆက်ပြောရရင် ဒို့တတွေအားလုံး တန်းဖိုးရှိတဲ့ ဘဝခရီးလမ်း (Quality of life journey) ကို တည်ဆောက်လျှောက်လှမ်းချင်ကြမှာပါ။ ဒါပေမဲ့ ဆင်းရဲချမ်းသာမရွေး ဘဝခရီးလမ်းကြီးက အမြဲ ချောမွေ့နေမှာ မဟုတ်ဘူးဆိုတာလည်း ဒို့အားလုံးအသိ။ ဘယ်လိုပဲဖြစ်ဖြစ် ဒို့တတွေ အခက်အခဲတွေ ကြုံလာတိုင်း အလျင်အမြန် အရှုံးပေး (Quickly quit) မဖြစ်ဖို့။ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှု၊ ပြဿနာတွေကို ကြိုးစားပြီး ဖြေရှင်းနိုင်မယ်ဆိုတာကို ယုံမှားသံသယ (Qualm) မရှိဖို့။ ဒို့တတွေ တန်းဖိုးရှိတဲ့ လူ့ဘဝ (Quality of life) ကို အလွယ်မရခဲ့သလို၊ အပူအပင်ကင်းမဲ့ (Worry-free) အခက်အခဲမရှိ အလွယ်ကျော်ဖြတ်သွားနိုင်မယ်လို့ တထစ်ချ (စဉ်းစား) တွေးနေခဲ့ရင်တော့ ဒို့အမှားပဲ။ 

အမြဲတမ်း မှတ်ထားရမှာက - In our quest for having a quality life, we must quit wasting time in idleness, but our thirst for knowledge should never be quenched. အောင်မြင်တဲ့ ဘဝရရှိဖို့အတွက် ဘာမှမလုပ် အချိန်ဖြုန်းမှုကို ရပ်တန့်ပြီး၊ လေ့လာသင်ယူလိုတဲ့ စိတ်ဆန္ဒကို မရပ်တန့်ဖို့ပါ။ ဒီမှာထပ်ဖြည့် ပြောချင်တာက ကမ္ဘာကျော် Walt Disney ပြောခဲ့တဲ့ စကားကလည်း မှတ်သားစရာပါ - The difference between winning and losing is most often not quitting. အောင်မြင်ခြင်း နဲ့ ရှုံးနှိမ့်ခြင်းတို့ရဲ့  အဓိကခြားနားချက်က လက်မြှောက်အရှုံး မပေးခြင်း” လို့ ဆိုထားတယ်။

[R] 
အစမှာ ပြောခဲ့တဲ့အချက်ကို ပြန်ကောက်ပြောရရင် ဒို့တွေ ရိုင်းပြယုတ်ညံ့ (Rude) ကြမ်းကြုတ်ရိုင်းစိုင်း (Rough) အပြောအဆို၊ အပြုအမှုရှိသူတွေကို မလိုလားဘူး၊ သူတို့တွေနဲ့ မိတ်ဆွေမဖြစ်ချင်ဘူးလို့ ပြောရင် မှန်မလား။ ရိုင်းပြရက်စက်မှုတွေ ပြောရင် တချိန်က ဒို့နိုင်ငံကို ဖျက်ဆီးခဲ့တဲ့ ရက်စက်ကြမ်းကြုတ် (Ruthless)၊ အတင်းအဓမ္မ ဖိနှိပ် အုပ်ချုပ် (Repressively rule) ခဲ့တဲ့ စစ်အာဏာရှင်တွေကို အမှတ်ရစေချင်တယ်။ သူတို့တွေရဲ့  တရားမဲ့လုပ်ရပ်ကြောင့် ဒို့နိုင်ငံကြီး အမှောင်ကမ္ဘာထဲမှာ ညစ်စရာတွေနဲ့ တဝဲလည်လည် နစ်မြုပ်ခဲ့ပြီး၊ ဒို့ပြည်သူတွေလည်း ညစ်စိတ်တွေပွား - တဦးနဲ့တဦး နားလည်သည်းခံခွင့်လွှတ်မှုတွေ ကုန်ခမ်း - ထစ်ကနဲဆို ဆဲဆိုကြိမ်းမောင်း ရိုင်းပြလာကြတယ်။ ဒါကြောင့် ဒီနေ့ ဒို့လူ့အဖွဲ့အစည်းမှာ Some people misinterpret that only rudeness and roughness work. တချို့ တွေက ရိုင်းမှကြမ်းမှ အလုပ်ဖြစ်မယ်လို့ မှတ်ထင်ကြတယ် (အဲဒီလိုမျိုးတွေ တွေ့နေမြင်နေရတာ စိတ်မကောင်းစရာပါ)။ 

တကယ်တော့ အဲဒီလို ပြုမှုစရာ မလိုပါဘူး - We can be strong and true to ourselves without being rude or ill-mannered. ဒီတော့ မင်းရိုင်းရင် ငါလည်းရိုင်းမယ်ဆိုတဲ့ “ပါးကိုက်လို့ နားပြန်ကိုက်” (Retaliation) လက်တုံ့ပြန် (Revenge) တွေနဲ့ အားလုံး ပျက်စီးရာပျက်စီးကြောင်း (Ruin) ကို လုံးဝရှောင်ကျဉ်း (Refrain) ပြီး၊ တဦးအပေါ်တဦး အပြန်အလှန် လေးစားမှု (Reciprocal respect)၊ နားလည်မှု (Reciprocal understanding) တွေနဲ့ ဒို့လူ့အဖွဲ့အစည်းကို ပြန်လည်တည်မတ်သွားကြမယ်။

[S]
 
ဒီမှာပြောချင်တာကတော့ ဒီနေ့ ပွင့်လင်းလွတ်လပ်လာတဲ့ ခေတ်ကြီးမှာ မင်းတို့လူငယ်တွေရဲ့  ဝတ်စားဆင်ယဉ်မှု၊ အပြောအဆို၊ အပြုအမှု (Style) ပုံစံတွေ အများကြီးသိသိသာသာ ပြောင်းလဲလာတာကို သတိထားမိပါတယ်။ တချို့ တွေက (Sexy) ဖြစ်အောင်ဆိုပြီး အလွန်အကျူးဖော် ဝတ်စားဆင်ယင်မှုတွေ နဲ့ အပြောအဆို အပြုအမှုတွေနဲ့ မလိုအပ်ဘဲ ရိုင်းရိုင်းပြပြ (Stupidly rude) ဖြစ်လာကြတာကို သတိထားမိတယ်။ ပြီးတော့ အများစုက လူမှုကွန်ရက် (Social Media) ပေါ်မှာ ကိုယ့်ကိုယ်ကိုဖော် (Self-interest, Self-promotion, Self-serving – Narcissus) တင်ပြချက်တွေ၊ ခုရိုက်ခုတင် (Selfie)၊ အပေါ်ယံ အချိုသကာ စကား (Sweet-talk) တွေနဲ့ အချိန်ကုန် လူပင်ပန်း၊ ကိုယ့်ကိုယ်ကို ပျက်စီးစေ၊ ဒုက္ခရောက်စေ (Self-destruction, Self-humiliation) မယ့် ရူးရူးမိုက်မိုက်၊ ရှက်စရာ (Silly, Shameless) အပြုအမှုတွေနဲ့ အချိန်ဖြုန်းနေကြတယ်။

 ဒီမှာ တချက်သိစေချင်တာက ခေတ်နဲ့အညီ ဝတ်စားဆင်ယင်မှုကို မကန့်ကွက်ပါဘူး။ ပြီးတော့ ဒီနေ့ နည်းပညာသတင်းခေတ်ကြီးမှာ အဓိကဖြစ်နေတဲ့ လူမှု့ကွန်ရက်တွေ မသုံးမထိဖို့ကို တားမြစ်နေတာ မဟုတ်ပါဘူး။ ပေးချင်တဲ့ အကြံပြုချက် (Suggestion) က မှန်မှန်ကန်ကန် အသုံးချ (Suitably use) ပြီး၊ အလွဲသုံးစားမလုပ်ဖို့ (Senselessly abuse) ပါ။ 

ဒီတော့ Don’t waste your precious time on silly and self-humiliation stuff; only use social media as a learning tool for your self-improvement. လူမှုကွန်ရက်ပေါ်မှာ မဟုတ်မဟတ်၊ ရှက်ဖွယ်အပြုအမှုတွေနဲ့ အချိန်ကုန်၊ အချိန်ဖြုန်းနေမယ့်အစား၊ ကိုယ့်တိုးတက်မှုအတွက် ကြိုးစားလေ့လာကြပါ။

[T] 
လူမှု့ကွန်ရက် အင်တာနက်အကြောင်း ဆက်ရရင် - ပြောခဲ့သလို အကျိုးရှိရှိ မျှဝေလို့ရတဲ့ Social Media Facebook ပေါ်မှာ တချို့ တွေက တန်းဖိုးရှိတဲ့ အချိန်တွေကိုဖြုန်း (wasting precious Time) ပြီး၊ အကျိုးမရှိ သူတဘက်သား စိတ်အနှောင့်အယှက်ဖြစ် (Troublesome)၊ ပြဿနာ ဖြစ်စေမယ့် (causing Trouble) အရေးအသား၊ အပြောအဆို၊ အဆဲအဆိုတွေနဲ့ အတော်လေး ဆိုးဝါးလှတယ်။ ဒါကြောင့် မင်းတို့တွေကိုယ်တိုင် စိတ်လိုက်မာန်ပါ အဲ့ဒီလိုမျိုး အပြောအဆို၊ အရေးအသားတွေနဲ့ ပြဿနာ ဒုက္ခပေးသူတွေ (Troublemakers) မဖြစ်ပါစေနဲ့။ ဖြစ်သင့်တာက မင်းတို့အနေနဲ့ အများယုံကြည် အားကိုးရတဲ့သူ (Trustworthy-person) ဖြစ်အောင် အမြဲပြုပြင် ကျင့်ကြံနေရမယ်။ 

ဒီအတွက် မင်းတို့ကြားဖူးတဲ့ အဆိုအမိန့် - Time and tide don’t wait for man ဆိုစကားအတိုင်း အချိန်နဲ့ ဒီရေသည် လူကိုမစောင့် ဆိုသလို၊ အချိန် (Time) ကို တန်းဖိုးရှိရှိ အသုံးချပြီး ကိုယ့်ဘဝအတွက် အကျိုးရှိမယ့် ဘဝသင်ခန်းစာတွေကို သင်ကြားလေ့ကျင့် (Teach and Train) သွားနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တယ်။ ဒီတော့ - Teaching yourself essential life skills that will help you to be a better person. ဘဝအတွက် အရေးပါလှတဲ့ နည်းပညာတွေကို သင်ကြားလေ့လာခြင်းဖြင့် လူတော်လူကောင်းတယောက် ဖြစ်နိုင်ပါတယ်။

[U] 
ဒီမှာလည်း ထပ်ပြောချင်တာက ဒို့တတွေရဲ့  ဘဝရှင်သန်မှုမှာ လူအများ လက်မခံနိုင်တဲ့ (Unacceptable) ရုပ်ဆိုးအကျည်းတန် (Ugly) အကျိုးမရှိ (Unconstructive) တန်းဖိုးမဲ့ (Unworthy) အပြောအဆို၊ အပြုအမှု၊ အကျင့်စိတ်ဓါတ်တွေကို မိမိနှလုံးသားထဲကနေ ဖယ်ရှားပြီး၊ ဒီနေ့နဲ့ အနာဂတ်အတွက် ကောင်းသောအပြုအမှုတွေကို မဖြစ်မနေ သင်ယူကျင့်ကြံဖို့ပါ။ ဒီတော့ We must unlearn all the ugly and unwise habits, and learn the good habits for today and future. ဒို့တတွေ ရုပ်ဆိုးအကျည်းတန်၊ ရူးရူးမိုက်မိုက် အကျင့်စရိုက်တွေကို ပယ်ဖျက်ပြီး၊ ဒီနေ့ နဲ့ အနာဂတ်အတွက် ကောင်းသောအကျင့်စရိုက်တွေကို လေ့လာမှတ်ယူကြရမယ်။

[V] 
ကဲ မင်းတို့ တွေ့ကြုံမြင်နေရတဲ့အတိုင်း … ဒို့တွေအားလုံး အရှိန်ဟုန်နဲ့ ပြောင်းလဲနေတဲ့ လူ့ဘဝ (Vibrant and Vivacious life) မှာ တန်းဖိုးရှိတဲ့ ပစ္စည်းဥစ္စာတွေ (Valuable things/materials) ကို အထူးနှစ်ခြိုက်ကြတယ်လို့ ပြောရင် မှားသလား။ ဒါပေမဲ့ တန်းဖိုးရှိတဲ့ ပစ္စည်းဥစ္စာတွေကိုတော့ လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာကိုလည်း လက်ခံမှာပါ။ ဒါကြောင့် အလွယ်ရတဲ့အရာကိုလည်း - Easy come easy go ဆိုပြီး တန်းဖိုးမထားကြဘူး။ တကယ်တော့ ရုပ်ဝထ္တုပစ္စည်းတွေဆိုတာ တန်းဖိုးသတ်မှတ်၊ တန်းဖိုးဖြတ်နိုင်ပြီး၊ လူ့ဘဝအတွက် တန်းဖိုးမဖြတ်နိုင်တဲ့အရာက သီလတရား (Virtue) ဖြစ်တယ်။ ကမ္ဘာကျော် ပြင်သစ်စစ်သူကြီး နပိုလီယံ ဘိုနာပတ် (Napoleon Bonaparte) ကတော့ Men are more easily governed through their vices than through their virtues. လူတွေမှာ ကောင်းစိတ်ထက် ဆိုးတဲ့စိတ် ပိုလွှမ်းခြုံအုပ်စိုးနေတတ်တယ်လို့ မှတ်ချက်ပြုပြီး ကောင်းသော အကျင့်သီလ၊ စိတ်ဓါတ်ရှိဖို့ သူ့ရဲဘော်တွေကို မိန့်ဆိုခဲ့တယ်။

[W] 
အထက်မှာ ဆိုခဲ့သလို အမှားကင်း (Wrong-doing) တဲ့လူ မရှိပေမယ့် မမှားသင့်တဲ့ အမှားတွေကို ထပ်ခါတလဲလဲ ကျူးလွန်တတ်၊ ကျူးလွန်ချင်တဲ့ ပျော့ညံ့တဲ့စိတ် (Weak-willed)၊ အကျင့်ဆိုး (Wicked behavior) ကို ဥာဏ်ပညာ (Wisdom) နဲ့ ကျော်လွှာပြီး၊ အမြဲတမ်း ဘဝအတွက် ခွန်အားဖြစ်စေမယ့် ဗဟုသုတ သိမှတ်ဖွယ်ရာများကို စူးစမ်းသင်ကြားလိုတဲ့စိတ် (Willing to learn) နဲ့ အစဉ်မပြတ် လေ့လာသင်ယူပြီး၊ အသိပညာနဲ့ ပြည့်ဝသူ (Wise man) တဦးဖြစ်အောင် ကြိုးစားသွားကြဖို့ပါ။ ဒါမှ ဘဝတသက်တာမှာ You can do something wonderful, and people may remember it.

[X] 
ဟိုတချိန် ဒို့နိုင်ငံကို ဓါးမိုးသေနတ်မိုး အုပ်ချုပ်ခဲ့သူတွေက တိုင်းခြားပြည်ခြား၊ ဘာသာလူမျိုး မတူကွဲပြားသူတွေကို မုန်းတီး ခွဲခြားမှု (Xenophobia) ရှိကြတဲ့ အမြင်ကျဉ်းမြောင်းသူတွေ ဖြစ်ကြတယ်။ သူတို့တွေရဲ့  အကြောက်တရား၊ အမုန်းတရားတွေကြောင့် ဒို့လူမျိုး ဒို့တိုင်းပြည် နှစ်ပေါင်းများစွာ ကမ္ဘာကြီး (နိုင်ငံတကာ) နဲ့ အဆက်ပြတ် ကင်းကွာခဲ့ပြီး ခေတ်နောက်ကျ၊ ဆင်းရဲတဲ့ တိုင်းနိုင်ငံ ဖြစ်ခဲ့တယ်။ ဒါကြောင့် မင်းတို့အနေနဲ့ ငါနဲ့မတူ ငါ့ရန်သူ၊ မတူကွဲပြားမှုကို ဆန့်ကျင်ရှောင်ဖယ်သူတွေ မဖြစ်အောင်၊ - Thinking out of the box - မတူကွဲပြားမှု (Variety/Diversity) တွေကို ကြိုဆိုလက်ခံ (Xenodochial) နိုင်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရမယ်။ ထပ်ပြောချင်တာက … ဒို့နိုင်ငံမှာ ဒီနေ့ဒီခေတ်အထိ ဖြစ်နေ(ရှိ)နေသေးတဲ့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေရဲ့  သွေးထိုးလှုံဆော်မှုကို သတိချပ်ပြီး We should enlighten our people stop being confused xenophobia with patriotism. ဒို့ပြည်သူတွေကို မျက်ကန်းမျိုးချစ်စိတ် နဲ့ မျိုးချစ်စိတ်ကို မရောထွေး ခွဲခြားသိမြင်အောင် အလင်းပြပေးရမယ်။ ဒီတော့ နှစ်သစ်မှာ - အထူးအားဖြင့် မင်းတို့မျိုးဆက်ခေတ်မှာ ဒီလို ခွဲခြားဆက်ဆံမှုတွေ၊ မျက်ကန်းမျိုးချစ်စိတ်တွေ ကွယ်ပျောက်သွားမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။

[Y]
 
ကဲ ဒီစာရှည်ကြီးကို ဖတ်ပြီးတော့ ငိုက်မြည်း (Yawn) နေပြီလား။ အချုပ်အနေနဲ့ ပြောမယ်ဆို … မင်းတို့အနေနဲ့ လန်းဆန်းတက်ကြွတဲ့ လူငယ်ဘဝ (Youthfulness - First flush of youth) နေ့ရက်တွေကို နှေးကွေးလေးလံ အချိန်ဖြုန်း မဖြတ်သန်းဘဲ၊ ပြင်းပြင်းပြပြ စိတ်ဆန္ဒ (Yearn)၊ တက်တက်ကြွကြွ (Youth-at-heart) နဲ့ ဘဝတသက်တာ လေ့လာသင်ယူ (Lifelong study) သွားကြပါ။ ဒါမှ Yes, we can လို့ အမေရိကန်နိုင်ငံရဲ့  ပထမဦးဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တဲ့ ဘာရက် အိုဘားမား (Barrack Obama) ၂၀၀၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကြွေးကြော်ခဲ့တဲ့အတိုင်း ဒို့တတွေလည်း ကိုယ့်ဘဝ အောက်မြင်တိုးတက်မှုအတွက် Yes, we can ဆိုပြီး ဟစ်ကြွေးကာ နှစ်သစ်ကို အတူလက်တွဲ ဖြတ်ကျော်ကြမယ်။

[Z] 
ကဲ ပြီးပါပြီ ... ရှည်လျားတဲ့ ဒီစာကို အချိန်ပေးဖတ်လို့ ကျေးဇူးပါ။ ဆိုခဲ့တဲ့အတိုင်း … ဒို့တတွေ နှစ်ဟောင်းမှာ ကောင်းတာဆိုးတာတွေ တွေ့ကြုံဖြတ်သန်းခဲ့ပြီးပြီ။ ကောင်းတာတွေကို ပိုကောင်းအောင် ဆက်ကြိုးစားပြီး၊ မှားခဲ့လွဲခဲ့တာတွေကို ထပ်မမှား၊ မကျူးလွန်ဖို့ ရှောင်လွှာသွားကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။ အဆိုးဆုံးက အယူလွဲ အစွန်းရောက် (Zealot) ဖြစ်ခြင်းပါ။ ဒီတော့ ကိုယ့်ကျိုး၊ သူများအကျိုး မရှိတဲ့ ဘာသာရေး၊ လူမျိုးရေး၊ ယုံကြည်မှု အမုန်းစိတ်တွေကို မိမိတို့ အသည်းနှလုံးထဲကနေ လုံးဝ ပယ်ဖျက်ပြစ်ပြီး (Zap) အမြင့်ဆုံးရည်မှန်းချက်၊ ဘဝအောင်မြင်မှု (Zest for life) အတွက် အချိန်ပြည့် တက်တက်ကြွကြွ (Zealously) လေ့လာသွားဖို့ အဆုံးသတ်အချုပ်ပြောလိုပါတယ်။

အမှန်တကယ် အဆုံးသတ်ပါပြီ။ သင်္ကြန်စာလို တနှစ်စာအတွက် ပြောရတဲ့ စာဆိုတော့ နည်းနည်းရှည်သွားတာပေါ့။ ပြောခဲ့တာတွေအားလုံးကို Summerize ပြန်ချုပ်ပြောရရင် မင်းတို့အနေနဲ့ ကောင်းသောစိတ်၊ ကောင်းသောအတွေး၊ ကောင်းသောအပြုအမှုတွေနဲ့ ရှောင်ရန်၊ ဆောင်ရန်တွေကို အသိဥာဏ်ပညာနဲ့ ခွဲခြားရွေးချယ်ပြီး နှစ်သစ်မင်္ဂလာကို တန်းဖိုးရှိရှိ ဖြတ်သန်းဖို့ အကြံပြုခြင်းပါ။ စာရှည်ကြီးကို အချိန်ပေးဖတ်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကဲ အခုတော့ ပေါ့ပါးလန်းဆန်းသွားအောင် ကနေဒီယန်-အမေရိကန် အဆိုတော် Michael Bubble ရဲ့  Feeling Good သီချင်းကို ဟစ်ကြွေးပြီး မင်္ဂလာနှစ်သစ်ကို ပျော်ပျော်ပါးပါး လက်ကမ်းကြိုဆိုကြစို့။

Feeling Good

Birds flying high
You know how I feel
Sun in the sky
You know how I feel
Breeze driftin' on by
You know how I feel
It's a new dawn
It's a new day
It's a new life
For me
And I'm feeling good
I'm feeling good

Fish in the sea
You know how I feel
River running free
You know how I feel
Blossom on a tree
You know how I feel
It's a new dawn
It's a new day
It's a new life
For me
And I'm feeling good

Dragonfly out in the sun you know what I mean, don't you know
Butterflies all havin' fun you know what I mean
Sleep in peace when day is done
That's what I mean
And this old world is a new world
And a bold world
For me

For me
Stars when you shine
You know how I feel
Scent of the pine
You know how I feel
Oh freedom is mine
And I know how I feel
It's a new dawn
It's a new day
It's a new life

It's a new dawn
It's a new day
It's a new life

It's a new dawn
It's a new day
It's a new life
It's a new life
For me

And I'm feeling good
I'm feeling good
I feel so good


Comments