အောင်ခိုင်မြင့် - ၂၀၁၇ ဒိုင်ယာရီ အတွေးအမြင် စစ်တမ်း




အောင်ခိုင်မြင့် - ၂၀၁၇ ဒိုင်ယာရီ အတွေးအမြင် စစ်တမ်း
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၈

( ၁ )
လောကကြီးတွင် မွေးဖွားကြီးပြင်း နေထိုင်အသက်ရှင်သန်သောအခါ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတိတ်ကာလ အချိန်များကို လက်ပြနှုတ်ဆက်ရင်း သင်ခန်းစာများရယူကာ ရောက်ရှိလာမည့်အနာဂတ်ကို မလွဲမသွေလက်ကမ်းကြိုဆိုကြရမှာ ဖြစ်တယ် ။ ကမ္ဘာကြီးတွင် ဆက်သွယ်ရေး နည်းပညာအသစ်များ ၊ စီးပွားရေး အခွင့်အလမ်းများနည်းတူ ပြဿနာများလည်း ယူဆောင်လာတတ်ရာ အတွေးအခေါ်အယူအဆများ ၊ မူဝါဒများဟာ ခေတ်နဲ့ အညီ လိုက်လျောညီထွေ ရှိဖို့ အထူးလိုအပ်ပါတယ် ။
ပြည်သူ့ အစိုးရနည်းတူ အတိုက်အခံပါတီများအနေနဲ့ လည်း တိုင်းပြည်နဲ့ လူထုကို အကျိုးပြုမဲ့ နိုင်ငံရေး ၊စီးပွားရေး ၊နိုင်ငံခြားရေး စတဲ့ မူဝါဒများကို ပြန်လည်သုံးသပ် ဆန်းစစ်ရမဲ့ အချိန်အခါသမယလည်း ဖြစ်ပါတယ် ။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ကို မည်သို့ မည်ပုံဖြတ်သန်းခဲ့သနည်းဆိုတာကို အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး ၊ နိုင်ငံတကာ ဆက်ဆံရေး ၊ ပြည်တွင်း စီးပွားရေး ၊ အမျိုးသာသာ သာသနာနဲ့ စစ်ဖက်အရပ်ဖက် ဆက်ဆံရေး ရှုထောင့်ကနေ ဝေဖန်ထောက်ပြချင်ပါတယ် ။



( ၂ )

အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး


၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် ဖြစ်စေဖို့ ဇန်န၀ါရီလ ၁ရက် နေ့  ၂၀၁၇ ခုနှစ်မှာ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဖွင့်ပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးအထိမ်းအမှတ်သံလွင်ပင် စိုက်ပျိုးခဲ့တယ်..။၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်နိုင်ဖို့အတွက် အားလုံးက ၀ိုင်းဝန်းကူညီကြဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ နှစ်သစ်ကူးအခါသာမယကို တပြည်လုံးကပျော်ရွှင်စွာ ကြိုဆိုခဲ့ပေမဲ့ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ဘက်မှာတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဖြစ်ပွါးနေဆဲ တိုက်ပွဲကြောင့် လက်နက်ကြီးတွေနဲ့ကြိုဆိုခံနေ ကြရတယ်လို့ ဒေသခံတွေကပြောခဲ့ပါတယ်။


၂၀၁၇ ဖေဖော်ဝါရီလမှာလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို မော်ထိုက်ဒေသမှာ အစိုးရတပ်ဘက်က လူသူလက်နက်အင်အားတွေဖြည့်တင်းနေကြောင်း ကိုးကန့်တပ်ဖွဲ့ဖက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေဟာ ဇန်န၀ါရီလကတည်းက စတင်ခဲ့တာ တလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ကချင်၊ ပလောင်၊ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေစုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ မုံးကိုးဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကျယ်ပြန့်လာတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာလည်း အစိုးရတပ်မတော်နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ဖွဲ့ရှိနေပြီး တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အဖွဲ့ ၁၅ဖွဲ့ကိုသားဖိတ်ခေါ်ခဲ့ပါတယ်။ ၁၅ဖွဲ့ မှာ ၈ဖွဲ့က သာလက်မှတ်ရေးထိုးခဲ့သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ AA ခေါ် ရခိုင်တပ်ဖွဲ့တွေကို ဖိတ်ခေါ်တာမရှိခဲ့ပါဘူး။ NCA မှာ ပါဝင်လက်မှတ် မရေးထိုးတာကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကိုလည်း တက်ရောက်ခွင့် မရပါဘူး။

'အားလုံးပါဝင်ရေး ဖော်ဆောင်ပါ၊ အားလုံးပါဝင်လာရင် ငြိမ်းချမ်းသွားမယ်လို့ ထင်ပါတယ်'ဟုUNFC တွဲဖက်အတွင်းရေးမှူး(၁) ဦးထွန်းဇော်နှင့်တွေ့ဆုံခြင်းမှာ ပြောကြားသွားခဲ့ပါတယ် ။

( ၃ )


ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၇ရက်နေ့ သတင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အနာဂတ်နိုင်ငံတော် အမျိးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပိုမိုခင်မင်ရင်းနှီးစွာ ဆက်ဆံနေကြောင်း NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ခေါင်းဆောင်တွေနဲ့ နိုင်ငံသားအချင်းချင်းနားလည်မှု တည်ဆောက်တာကို တပ်မတော်သြဇာခံအဖြစ် ပြည်တွင်း ပြည်ပ
ပြောဆိုနေမှုတွေဟာ လုံးဝလွဲမှားနေတဲ့ အယူအဆတရပ်ပါပဲလို့လည်း သူကပြောပါတယ်။

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့အနေနဲ့ သတ္တိရှိရှိ ယုံကြည်မှုရှိရှိနဲ့ လက်မှတ်ထိုးကြဖို့ ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၇ မှာ ကျင်းပပြုလုပ်တဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို အထူးပဲမေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ကျမတို့ အားလုံးဟာ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက် နှလုံးစိတ်ဝမ်းအေးချမ်းကြမလဲ၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက် ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ။”လို့ ပြောကြားခဲ့ပါတယ် ။


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေးကာလမှာ တိုင်းပြည်နဲ့ လူထုနစ်နာခဲ့မှုကို ထည့်တွက်ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးမူနဲ့ သွားမှသာ တိုင်းပြည် ငြိမ်းချမ်းတိုးတက်မယ်လို့ အပြည့်အ၀ ယုံကြည်ထားပုံရပါတယ်။
ဒါပေမဲ့ ရင်ကြားစေ့ရေးဆိုတာ တဖက်ထဲက လုပ်ဆောင်လို့ မရပဲ တပ်မတော် ၊ အစိုးရ ၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ အားလုံးမှ ဆင်းရဲတွင်းနက်နေတဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကြည့်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

( ၄ )

NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေအပါအ၀င်၊ အစိုးရရဲ့ ငြိမ်းချမ်းရေးဗဟိုဌာန အသုံးပြုဖို့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇)သန်းကျော် သုံးစွဲမယ့် ဘတ်ဂျက်ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ရံပုံငွေ ခွဲဝေသုံးစွဲဖို့နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေဟာ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က နေပြည်တော်မှာ ဆွးနွေးခဲ့ကြတာပါ။

မည်သို့ ပင်ဖြစ်စေကာမူ မြန်မာပြည်ရဲ့ ( ၁၂ )လရာသီပွဲဟာ စစ်ပွဲပဲလို့ ပြောစမှတ်ပြုရလောက်အောင် ပြည်တွင်းစစ်မီးတောက်ကြောင့် နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ နေထိုင်နေကြသူ မြန်မာနိုင်ငံသား ၄ ဒဿမ ၂၅သန်းရှိကြောင်း ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့ UNFPA က January 18, 2017 မှာထုတ်ပြန်လိုက်ပါတယ်။

သေချာတာ တခုကတော့ ကမ္ဘာ့အရှည်ကြာဆုံး နှစ်ပေါင်း ( ၇၀ )ရေရှည်ပြည်တွင်းစစ်ကြီးကြောင့် သဘာဝ သယံဇာတ အရင်းအမြစ်တွေသာမက လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေရခြင်းပါပဲ။ စစ်ဖြစ်နေတဲ့ ဒေသများတွင် ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့သော တိုင်းရင်းသားလူမျိုးများသည် အိုးပစ် အိမ်ပစ် နေရပ်ကို စွှန့် ခွာရသည့်အပြင် မိဘများသည် တောင်ယာလုပ်ငန်းနဲ့ အတူ မည်သည့် စီးပွားရေး လုပ်ငန်းအပါအ၀င် ဘ၀ရပ်တည်ရေးလုပ်ငန်းများကိုမျှ မလုပ်ကိုင်နိုင်သည့် နည်းတူ ကလေးငယ်များသည်လည်း ပညာရေး ၊ကျန်းမာရေးစောင့်ရှောက်မှုများ ကင်းမဲ့ကာ ဘ၀ကို လုံခြုံစိတ်ချစွာ မရပ်တည်နိုင်ဖြစ်ကာ အကြောက်တရားနဲ့ စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်နာကျင်ခဲ့ရပါတယ် ။ဒီလိုအခြေအနေဖြင့် ရှေ့ ဆက်သွားပါက စစ်ပွဲ ကတွန်းချလို့ ချောက်ထဲကျနေသောတိုင်းပြည်၏အနာဂတ်သည် စီးပွားရေး ၊နိုင်ငံရေးအဖက်ဖက်တွင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်လျှင် အဖက်ဖက်တွင် အောက်ကျနောက်ကျ ဖြစ်နေရဦးမည်မှာ မြေကြီးလက်ခတ်မလွဲပါ ။ ခေတ်စနစ်ကို မပြောင်းလဲပဲ နား မျက်စိပိတ်ပြီး ပါးစပ်က ရွှေနိုင်ငံဟု မည်သို့ ပင်ကြွေးကြော်စေကာမူ လက်တွေ့ တွင် အာဏာရှင်များ ၊ ခရိုနီများနဲ့ အပြိုင် ဒုက္ခသည်များ ၊ ပြည့်တန်ဆာများ ၊ ကျွန်များ ထွက်သောနိုင်ငံနဲ့ လူမျိုးဟု ကမ္ဘာကြီးမှ အထင်သေး အမြင်သေးတာ ခံနေ၇ဥိးမှာ အသေအချာပါ။

( ၅ )

၂၀၁၇ ဖေဖော်ဝါရီလ ( ၄ ) ရက်နေ့ မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်စဲပေးရေး ပြည်နယ်တိုင်းတွေမှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုတရပ်အနေနဲ့လမ်းလျောက်ချီတက်ပြီး ငြိမ်းချမ်းရေးလိုလားသူတွေက အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေကို တောင်းဆိုလိုက်ကြပါတယ်။ စစ်အသုံးစားရိတ် လျော့ချရေး အပါအဝင် တပ်မတော်ကစပြီး အပစ်ရပ် စတင်ကြေညာပေးရေး စစ်ဘေးသင့်ဒုက္ခသည်တွေကို ကူညီပေးရေး စတဲ့ တောင်းဆိုချက်တွေကို လူထုလှုပ်ရှားမှုနဲ့ တောင်းဆို ခဲ့ကြပါတယ်။ ပြည်နယ် တိုင်းဒေသ တချို့မှာတော့ အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေရှိသလို နှောင့်ယှက်ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဦးဆောင်သူတွေကပြောပါတယ်။

26 February 2017 မှာတော့ အစိုးရနဲ့ အပစ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ခေါင်းဆောင်တွေနဲ့ တရုတ် အစိုးရ ကိုယ်စားလှယ် အာရှ ညွှန်ကြားရေးမှူး မစ္စတာ စုန့်ကောရှမ်းတို့ ထိုင်းနိုင်ငံ ဇင်းမယ် မြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ဒီပွဲကို မွန်ပြည်သစ် ပါတီက နိုင်ဟံသာနဲ့ ကေအိုင်အိုက ဗိုလ်ချုပ် ဂွမ်မော်၊ KNPP က ခူဦးရယ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဒေသကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ မြေယာ မူဝါဒ မျိုး ချမှတ် ရေး အပါအဝင်၊ ငါးဖမ်း လုပ်ငန်း နဲ့ သတ္တုတွင်း လုပ်ငန်း တွေ လိုမျိုး ဒေသတွင်း စီးပွားရေး လုပ်ငန်း တွေ အတွက် ဆီလျော်တဲ့ ဥပဒေတွေ ချမှတ်ရေး တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ ထားဝယ် ဆွေးနွေးပွဲမှာ ဒေသန္တရ အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကမ်းရိုးတန်း စစ်ဌာနချုပ်နဲ့ ကေအင်ယူ တို့လို နှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းက သူတွေနဲ့ ဌာနေ ခရိုင် တွေက ကိုယ်စားလှယ် တွေအပါအဝင် ယူပီဒီဂျေစီနဲ့ ငြိမ်းချမ်းရေး ကော်မရှင်က သူတွေ တွေ့ဆုံ နေတာ ဖြစ်ပါတယ်။


ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်ဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးဆိုင်ရာအချက် အလက်တွေ တင်ပြနိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေ ချိန်မှာဘဲ ၂၀၁၇ ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ ကျင်းပဖို့လျာထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ဒေသမှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ မသေချာသေးဘူးလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။ ရှမ်းအဖွဲ့အစည်းတွေက တောင်ကြီးနဲ့ပင်လုံမြို့မှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုဖို့တောင်းဆိုချက်အပေါ် တပ်မတော်က ခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒီပြဿနာနဲ့ အလားတူ ဒီနှစ်နှစ်ကုန် ပိုင်းမှာလည်း ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို အစိုးရ ကခွင့်ပြုထားပေမဲ့ တပ်မတော်ဖက်က အကြောင်းအမျိုးမျိုးပြပြီး ဟန့် တာနေမှုက တပ်မတော်အပေါ် တိုင်းရင်းသားတွေရဲ့ သံသယဖြစ်မှုကို ပိုမို ကြီးထွားစေပါတယ် ။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဘတ်ဂျက်ငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ သန်းကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ 
စောင့်ကြည့်ကော်မတီဖွဲ့ပြီးနောက် တိုက်ပွဲဖြစ်မှု လျော့ကျခဲ့တယ်လို့ သတင်းတခုကလည်း ဆို ခဲ့ပါတယ် ။

( ၆ )
18 April 2017 သတင်းမှာ“၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်”အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ဆောင်ကျဉ်းနိုင်အောင် ကြိုးပမ်းကြဖို့နိုင်ငံတော်သမ္မတက ပြောဆိုလိုက်ချိန်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကလည်း တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေး ရအောင် နိုင်ငံသူနိုင်ငံသားတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုတတိုင်းပြည်လုံးစစ်မီးငြိမ်းပြီး “ငြိမ်းချမ်းရေးနှစ်” အမှန်တကယ် ဖြစ်ဖို့ဆိုရင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်မှန်တဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်လာ ဖို့က အဓိက အရေးကြီးဆုံးဖြစ်တယ်လို့ တိုင်းရင်းသားတွေက သုံးသပ်ပါတယ်။

ပန်ခန်းဆုံးဖြတ်ချက် အစိုးရလက်မခံ ကြောင်း 20 April 2017 သတင်းမှာတွေ့ ရတယ် ။မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့က အစိုးရရဲ့ NCA လမ်းကြောင်း အတိုင်း မဟုတ်ဘဲ တခြား လမ်းကြောင်း အတိုင်း သွားမယ့် ကိစ္စ အပေါ် အစိုးရ အနေနဲ့ ကတော့ NCA ကို လက်မှတ်ထိုးပြီး ၂၁ ရာစု ပင်လုံ လမ်းကြောင်း အတိုင်း သွားရမှာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက အခိုင် အမာ ပြောကြား လိုက်ပါတယ်။ UWSA ဝ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ဌာနချုပ် ပန်းခန်းမှာ ကျင်းပ ပြီးစီး သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ရဲ့ အထူး အစည်း အဝေး ကနေ အစိုးရရဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မခံ တော့ပဲ ငြိမ်းချမ်းရေး အတွက် တခြားလမ်း ကြောင်းတခု ဆောင်ရွက် မယ် ဆိုပြီး ဆုံးဖြတ်ခဲ့ကြ ပါတယ်။


16 May 2017သတင်းမှာ မငြိမ်းချမ်းသေးတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ TNLAတအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော် တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAတို့အကြား ဒီကနေ့မှာလဲတိုက်ပွဲဖြစ်ပွါးနေပါတယ်။ ဆက်တိုက်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် မန်တုန် ကျောက်မဲ နမ္မတူဒေသခံရွာသားတွေဟာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မေလ ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကနေ ထူးခြားတဲ့ ဆုံးဖြတ်ချက် တစ်ခု ချနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပြည်နယ်တွေအားလုံး ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့် ရရှိရေး သဘောတူခဲ့ကြတာပါ။


ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်တစ်နေရာတွင် မြန်မာတပ်မတော် စကခ (၉) လက်အောက်ခံ ခမရ (၃၇၇) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော် အမှတ် (၃) တပ်မဟာ၏ လှုပ်ရှားတပ်ရင်း (၃၀၄) တို့ ဇွန်လ ၉ ရက်နေ့က နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဖက်မှ သတင်းထုတ်ပြန်ထားသည်။

( ၇ )
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲကနေ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တချို့ နုတ်ထွက်သွား တာကြောင့် မြန်မာနိုင်ငံရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ UNFC ရဲ့ရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုပြီလို့ UNFC ခေါင်းဆောင်ဟောင်းတဦးက ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂၁ ရက်နေ့က စတင်ကျင်းပနေတဲ့ UNFC ဒုတိယအကြိမ် ညီလာခံမှာ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ကြီး တခုဖြစ်တဲ့ KIO ကချင်တပ်ဖွဲ့ နုတ်ထွက်သွားသလို၊ WNO ၀အမျိုးသားအဖွဲ့ချုပ်လည်း နုတ်ထွက်သွားကြတာပါ။

25 June 2017 သတင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်နဲ့ကွတ်ခိုင်မြို့နယ်က TNLA တအာင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်စခန်းတွေကို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် စစ်တပ်နဲ့ တအာင်း လက်နက်ကိုင် TNLAတို့ကြား တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ TNLA အတွင်းရေးမှူးကပြောပါတယ်။ အစိုးရက၂၁ရာစုပင်လုံညီလာခံခေါ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေချိန် အခုလိုတိုက်ပွဲတွေဖြစ်နေဆဲစစ်ရေးပဋိပက္ခတွေအပေါ် စစ်ရေးနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ကိုလည်း ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

4 July 2017 သတင်းမှာ RCSS နှင့် TNLA တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ကျော် နမ္မတူမြို့ပေါ်သို့ ရောက်ရှိလာ တဲ့ သတင်းကို ဖတ်ရှုရပါတယ် ။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ ( TNLA )နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS) တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော်မှာ နမ္မတူမြို့ ပုဗ္ဗါရုံကျောင်းတိုက်သို့ လာရောက် ခိုလှုံနေရကြောင်း နမ္မတူမြို့ခံတစ်ဦးက ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် AHN သို့ပြောသည်။4 July 2017မှာ ကိုးကန့်စစ်ဦးစီးချုပ်ဟောင်း ဖုန်ကြားဖူးကွယ်လွန် ခဲ့ပြီး သျှမ်း - တရုတ် နယ်စပ်တွင် သဂြိုလ် ကာ မဟာမိတ်တပ်ဖွဲ့ဝင်များ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြတယ် ။


( ၈ )

Thursday, August 3, 2017 သတင်းမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုကို နောက်တကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး တက်ရောက်နိုင်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း သိရတယ်။


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့တွင် အလွတ်သဘောကြိုတင်ဆွေးနွေးမှုအဖြစ် အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ အကြား တွေ့ဆုံ ညှိနှိုင်းကြမည်ဖြစ်သည်ဟု သိရတယ်။

သြဂုတ် ၇ ရက် ၂၀၁၇ သတင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့ မြေတိုင်ကန်ကျေးရွာ သီဟာရာမဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပခဲ့တယ်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားရာ၌ “ကျွန်မ ဒီရွာကိုလာရတဲ့အကြောင်း အရင်းကတော့ ကိစ္စ ၂ ခုကို ဆွေးနွေးချင်လို့ပါ။ တစ်ခုကငြိမ်းချမ်းရေးဖြစ်ပါတယ်၊ နောက် တစ်ခုက လျှပ်စစ်မီး ရရှိရေးပါ။ ဘာဖြစ်လို့ ဒီရွာကိုရွေးရလဲဆိုတော့ မကြာခင်ကာလတုန်းက လျှပ်စစ်မီးကို ဒီရွာမှာသွယ်လိုက်ပါတယ်။ ဒီလိုလျှပ်စစ်မီးသွယ်လိုက်ခြင်းအားဖြင့် ဒီရွာသူရွာသားတွေရဲ့ ဘ၀တွေ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာလဲ ကျွန်မတို့ သိချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရဖို့က အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါဟာနိုင်ငံတစ်နိုင်ငံတိုးတက်ရေး အတွက်ဆိုရင် လျှပ်စစ်မီးရဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ ဒါပေမယ့် တစ်နည်းအားဖြင့် ပြောရရင် ဒါနဲ့တန်းတူ အရေးကြီးတာကတော့ ပိုပြီးတော့ အရေးကြီး ရင်တောင်မှ တန်းတူ အရေးကြီးတာဆို တာကတော့ ငြိမ်းချမ်းရေးပါပဲ။”

11 သြဂုတ်၊ 2017 သတင်းမှာ ငြိမ်းချမ်းရေး ပထမ ဦးစားပေးဆောင်ရွက်နေဟု ဒေါ်အောင်ဆန်းစုကြည် ဆို ခဲ့ပါတယ် ။


မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်ဆောင်ရာမှာ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့က အရေးတကြီး လုပ်ဆောင်ရမယ့် အရာတခုဖြစ်သလို အသွင်ကူးပြောင်းရေး လုပ်ဆောင် တဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ စနစ်တခုထူထောင်တဲ့အခါမှာ အစိုးရမှာသာ တာဝန်ရှိတာမှဟုတ်ပဲ ပြည်သူတရပ်လုံး ပါဝင်လုပ်ဆောင် ဖို့လိုအပ်တယ်လို့လည်း ပြောသွားပါတယ်။

( ၉ )

11 August 2017 သတင်းမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုံ့ကျေးရွာထဲမှာ မြန်မာ့တပ်မတော်နဲ့ ဒေသတွင်းအခြေပြုနေတဲ့ KIO ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ဒီကနေ့မနက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တပ်မတော်ကနေ ရွာသားတွေကို ဖမ်းဆီးခဲ့သလို ရာနဲ့ချီတဲ့ရွာသားတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးခရစ်ယာန်အသင်းတော်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကဆုန့်ရွာသားထောင်ကျော်အနေ နဲ့ နေရပ်ပြန်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ဝင်တွေကနေ 17 August 2017မှာ လာရောက်တွေ့ဆုံ တိုက်တွန်းခဲ့ပါတယ်။

Monday, August 14, 2017 သတင်းမှာ လက်နက်ကိုင်တော်လှန်မှ အခွင့်အရေးရမည်ဆိုသည့် စိတ်ဓာတ်များကို ပြင်ရန်လိုဟု CNF ဒုဥက္ကဋ္ဌပြောခဲ့တယ် ။


လက်နက်ကိုင် တော်လှန်မှ အခွင့်အရေးရမည်ဆို သည့် စိတ်ဓာတ်များကို သက်ဆိုင် ရာအဖွဲ့အစည်းအားလုံးက ပြင် ရန်လိုအပ်ကြောင်း ချင်းအမျိုး သားတပ်ဦး CNF ဒုဥက္ကဋ္ဌ ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်း က အကြံပြုပြောကြားခဲ့တယ်။
‘‘ကျွန်တော်တို့ဘက်က လည်း ပြင်ဖို့လိုသလို တိုင်းရင်း သားဘက်မှာလည်း လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်မှတစ်ပါး အခြားမရှိဘူးဆိုတာလည်း ပြောင်းဖို့လိုတယ်။ သူတို့ဘက်က လည်းပဲ ငါတို့ပဲလုပ်နိုင်တယ်။ ငါ တို့မရှိရင်ဆိုတဲ့ အတွေးအခေါ်က နေ ပြောင်းဖို့လိုတယ်။ ကျွန်တော် တို့အားလုံး ပူးပေါင်းပြီး ဆောင် ရွက်လိုက်လို့ရှိရင် ဖြစ်နိုင်တယ် ဆိုတဲ့ဟာကို ပြောချင်ပါတယ်’’ ဟု ဒေါက်တာဆာခေါင်းက ပြော ခဲ့တယ် ။


( ၁၀ )

မောင်တောမြို့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန် တဲ့သတင်း 25 August 2017 မှာ တွေ့ ရပါတယ် ။အခု တိုက်ပွဲ ဖြစ်ပွားတာဟာ ၂၀၁၆ အောက်တိုဘာလ တုန်းကလို စခန်းတွေ အများအပြားကို ဝင်တိုက်တာ ဖြစ်ပြီး သေနတ် ပစ်ခတ်သံတွေ အဆက်မပြတ် ကြားရတဲ့ အတွက် ဒေသခံတွေက အထူးစိုးရိမ် နေကြပါတယ်။


မောင်တောတွင် ညမထွက်ရအမိန့် အချိန်တိုးမြှင့် ကြေညာ August 25, 2017မှာ ဖတ်ခဲ့ရတယ် ။
သြဂုတ်လ ၉ ရက်နေ့က ကြေညာခဲ့သည့် ညမထွက်ရအမိန့်မှာ ညနေ ၉ နာရီမှ နံနက် ၅ အထိဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ထပ်မံကာ ရဲစခန်းများကို ဘင်္ဂါလီ အကြမ်းဖက်သမားများက တိုက်ခိုက်မှု ဖြစ်လာသဖြင့် ညမထွက်ရ အမိန့်ကို အချိန်တိုးမြှင့် ထုတ်ပြန်ခဲ့ကြောင်း သိခဲ့ရတယ်။


25 September 2017 သတင်းအရ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ ပြသာနာတွေနဲ့ အဲဒီရဲ့ နောက် ဆက်တွဲ ပြသာနာတွေ ကြောင့် အစိုးရ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် မူတွေ ရှိလာ နေပါပြီလို့ လေ့လာသူတွေ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။
( ၁၁ )

အပစ်ရပ်လက်မှတ် မထိုးသေးသူတွေအတွက် ငြိမ်းချမ်းရေးလမ်းဖွင့်ထား ကြောင်း16 October 2017 သတင်းမှာတွေ့ ရပါတယ် ။


တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် မထိုးထားတဲ့အဖွဲ့တွေအတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားပြီး လက်ကမ်း ကြိုဆိုနေဆဲဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA ၂ နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပျောက်ဆုံးနေသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို လျှော့ချနေကြောင်း ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့က ပြောဆိုလိုက်သည်။

သို့သော်လည်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကျင်းပခဲ့သော အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် (CSFOP) က ရရှိလာသော အကြံပြုချက်များကိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကို ဒီဇင်ဘာလ ၆ ရက်နေ့က ပေးပို့ထားကြောင်းသိရတယ်။


KNPP တပ်ဖွဲ့ဝင်များ အ သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒီဇင် ဘာ ၂၂ ရက်တွင် လူမှုအဖွဲ့အ စည်းအချို့မှ ပုဂ္ဂိုလ်များက လွိုင် ကော်မြို့ပေါ်၌ ဆန္ဒထုတ်ဖော် ခဲ့ပြီး KNPP ရဲဘော်များကို သတ်ဖြတ်မှု ရှုတ်ချကြောင်း ဖော်ပြခဲ့တယ်။

KNPP ရဲဘော်များအသတ် ခံရမှု ဖြစ်စဉ်ကြောင့် အစိုးရက ဆောင်ရွက်နေသည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကိစ္စ၊ NCA ကိစ္စများအပေါ် သက် ရောက်မှုများစွာ ဖြစ်ပေါ်စေနိုင် သည်ဟု ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ အမှုဆောင် ဦး ညွန့်ရွှေက ပြောသည်။ အစိုးရနှင့် KNPP တို့သည် ၂၀၁၂ ကတည်းက အပစ်အခတ် ရပ်စဲခြင်းဖြစ်ရာ တင်းမာမှုအချို့ နှင့် ပဋိပက္ခအချို့ ဖြစ်ခဲ့သော် လည်း ဒေသတွင်း တိုက်ပွဲဖြစ်ပွား မှုမရှိခဲ့ပေ။

December 28, 2017 သတင်းမှာ တွေ့ ရတာကတော့

၈၈ ကျောင်သားခေါင်ဆောင် ဦးမြအေး ဦးဆောင်သည့်ဖက်ဒရယ် ဒီမိုကရက်တစ် အင်းအားစု (FDF) သည် ဒီဇင်ဘာ ၂၆၊ ၂၇ ရက်များတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒူဝါဒေါက်တာခက်အောင်၊ KIA နည်းပညာ အထောက်အကူပြု အဖွဲ့ အပါအ၀င် ကချင်နိုင်ငံရေးပါတီနှင့် တွေ့ဆုံကာ လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဦးမြအေးက The Ladies News သို့ ပြောကြားခဲ့တယ်။


၂၀၁၇ ဒီဇင်ဘာ ၂၉ မှာ မွန်ပြည်သစ်ပါတီ NMSP ဌာနချုပ်၌ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ၂ ရက်တာကျင်းပပြီးနောက် စီစဉ်ဆောင်ရွက်စရာများ ပြီးစီးပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးသွားမည် ဟု မွန်ပြည်သစ်ပါတီ NMSP မှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့တယ်။


ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပတဲ့ ငြိမ်းချမ်းရေး လူငယ်စကားဝိုင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တက်ရောက်ပြောကြားခဲ့တယ် ။


မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို အပြုသဘောဆန်စွာ ဝေဖန်ရရင် တိုင်းပြည်ကို ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုအဖြစ်တည်ဆောက်မယ်ဆိုရင် တပ်မတော်ဟာ ပါတီနိုင်ငံရေးကင်းရမှာ ဖြစ်ပြီး ပါတီတခုရဲ အောက်မှာ လောင်းရိပ်မိနေခြင်းဟာ နိုင်ငံရေး ၊စစ်ရေးပြဿနာ ပဋိပက္ခကို ပိုမိုကြီးထွားစေတာကို မြင်တွေ့ ရပါတယ် ။ဆိုလို တာက အာဏာရှင်စနစ်ဟောင်းကလို တပ်မတော်က နိုင်ငံရေးမှာ ပါဝင်စွက်ဖက်နေခြင်းက အရပ်သားအစိုးရအတွက် တိုင်းပြည်တည်ဆောက်ရေးအစား မလိုလားအပ်တဲ့စိန်ခေါ်မှုတွေကို အသွင်ကူးပြောင်းရေးကာလမှာ ကြုံတွေ့ စေရပါတယ် ။
မည်သို့ ပင်ဖြစ်စေကာမူ ၂၀၁၇ ခုနှစ် ဒီဇင်သာ ( ၃၀ )ရက်တွင် ကချင်ပြည်နယ်မှာ သေနတ်သံတွေ ကြားနေရဆဲဖြစ်ရာ ၂၀၁၇ခုနှစ်ဟာ ငြိမ်းချမ်းရေး နှစ်ဖြစ်မလာပဲ သေနတ်သံနဲ့ စပြီး သေနတ်သံနဲ့ အဆုံးသတ်မဲ့ နှစ်ဖြစ်လို့ နေပါတယ် ။

( ၁၂)

နိုင်ငံတကာ ဆက်ဆံရေး

20 January 2017 သတင်းမှာ စိန်ခေါ်မှုများကြား မြန်မာ့ဒီမိုကရေစီအောင်မြင်အောင် ကူညီသွားမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာပြီး ပြောဆိုခဲ့တယ်။

နိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းက မပြည့်စုံသေးပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူပြီးနောက် ပြောင်းလဲလာမှုတွေ တိုးတက်မှုတွေကို ကျနော်တို့ အားလုံး စောင့်ကြည့် အသိအမှတ်ပြုရမှာပါ။
“သေချာတာတော့ စိန်ခေါ်မှုတွေ အများကြီးရှိနေဦးမှာပဲ။ အပြည်အ၀ ပြောင်းလဲဖို့အတွက် အချိန်ယူရဖို့လိုတယ်” ဟု ၀န်ကြီး ဂျွန်ဆင်က ဆိုခဲ့တယ်။

“UK အနေနဲ့ မြန်မာနိုငံအတွက် မိတ်ဆွေတစ်ဦးတစ်ယောက် အဖြစ် အချိန်အကြာကြီး ရပ်တည်ပြီး ထောက်ခံမှု အပြည့်အ၀ ဆက်ပေးနေဦးမှာ ဖြစ်တယ်။ ဗမာနိုင်ငံရဲ့အနာဂတ်ကို ကျွန်ုပ်မျှော်ကြည့်တဲ့အခါ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖွံဖြိုးရေး လုပ်ငန်းတွေ ဆက်လက်လုပ်နေရမှာ ဖြစ်တယ်” ဟု ဆိုခဲ့တယ်။


( ၁၃ )

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတခုမှာ ထားရှိတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။ကောက်စ်ဘဇား မှာရှိတဲ့ ဒုက္ခသည်စခန်းကို ၂၀၁၇ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ သွားရောက် ကြည့်ရှုမှာဖြစ်ပါတယ်။


ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စုံစမ်းဖို့ စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းစစ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာ အစိုးရအတွက် ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းလို့ မြင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

( ၁၃ )

Thursday, March 23, 2017 သတင်းမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ အသုံးပြုသည့် ငွေစာရင်းကို တရုတ်ဘဏ် ပိတ်ခဲ့၍ မြန်မာအစိုးရ ချီးကျူးကြိုဆိုခဲ့တယ် ။ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (MNDAA) အသုံးပြုနေသည့် ဘဏ်စာရင်းတစ်ခုကိုပိတ်သိမ်းခဲ့သည့် တရုတ်၏ လုပ်ဆောင်မှုကို မြန်မာအစိုးရက ချီးကျူးကြိုဆိုလိုက်သည်။


တရုတ်-မြန်မာ နယ်စပ်ဒေ သတွင် အခြေစိုက်လှုပ်ရှားနေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA သည် တရုတ်အစိုးရပိုင် လယ်ယာစိုက်ပျိုးရေးဘဏ် (AgBank)၌ ဘဏ်စာရင်းဖွင့်လှစ်ပြီး ငွေကြေးအပ်နှံ စုဆောင်းထား ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တယ်။ ယခုအခါ အဆိုပါ ဘဏ်စာရင်းကို MNDAA က အသုံးပြုနိုင်ခြင်းမရှိတော့ဟု သိရတယ်။

5 April 2017 သတင်းမှာ သမ္မတ ဦးထင်ကျော်ရဲ့ သတင်းတပတ်နီးပါးကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို ဒီသတင်း ပတ်အတွင်း စတင်မှာပါ။ တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ့် သမ္မတရဲ့ ခရီးစဉ် အတွင်းမှာတော့ နိုင်ငံရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ အခြေခံ ယန္တရား အဆောက်အဦဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။

မေလအတွင်း ကျင်းပမယ့် တရုတ်နိုင်ငံရဲ့ One Belt and One Road OBOR Forum နိုင်ငံတကာ ညီလာခံဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့သာ ရည်ရွယ်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုကို မလိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မနေ့ကပြောကြားလိုက်ပါတယ်။

( ၁၄ )

19 April 2017 သတင်းမှာ ရလာဒ်အဖြစ်လူ့အခွင့်အရေးတိုးတက်မှုတွေရှိနေပေမဲ့ အစိုးရအာဏာပိုင်တွေနဲ့ ထင်ရှားတဲ့လူမှုရေးလှုပ်ရှားမှုတွေကြောင့် ဘာသာရေးနဲ့ လူမျိုးရေးဖိနှိပ်မှုတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ Nikki Haley ကပြောကြားလိုက်ပါတယ်။ အရင်ထဲက ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီက ဆက်လက်စောင့်ကြည့်နေတယ်လို့ အင်္ဂါနေ့က လုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

( ၁၅ )

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ (၃၀)ရက် ဒီနေ့ညမှာ ဥရောပ (၃)နိုင်ငံ ခရီးစဉ်ကို စတင်ထွက် ခွာမှာဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ည (၇)နာရီ (၄၅)အချိန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာပြီး ထိုင်းနိုင်ငံကတစ်ဆင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဥရောပသမဂ္ဂ( EU) ဌာနချုပ်ကို သွားရောက်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က ပြောပါတယ်။

လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ပါတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ရေးနဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတဲ့အပေါ် တုံ့ပြန်ပြောဆိုကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေအပေါ် ဥရောပသမဂ္ဂဘက်က ဆက်လက်အားပေးထောက်ခံနေလျက်ရှိကြောင်း အီးယူ အဆင့်မြင့် ကိုယ်စားလှယ် Federica Mogherini က ပြောကြားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ကို ရောက်ရှိခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
" အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မျိုးဆိုတာက ခုလို တကယ့်ခက်ခဲတဲ့ အခြေအနေမျိုးမှာ အချိန်၊ စွမ်းအား၊ မဆုတ်မနစ်ရှိမှု စတာတွေ လိုအပ်ပါတယ်၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြသထားခဲ့တဲ့ နိုင်ငံရေး ဦးဆောင်မှုမျိုးလည်း လိုပါတယ်" လို့ Mogherini က ပြောပါတယ်။

( ၁၆ )

17 May 2017 သတင်းမှာ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ Peter Maurer ဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်ကနေ ၁၂ ရက်နေ့အထိ သွားရောက် လည်ပတ်ခဲ့ပြီး ပဋိပက္ခဖြစ်နေတဲ့ အရပ်တွေက ဒေသခံတွေရဲ့ အခြေအနေတွေကို ICRC နဲ့ တခြား အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို ကူညီ ပေးနိုင်မလဲ ဆိုတာတွေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ICRC က မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ မစ္စတာ Maurer အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် တရားဝင် သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။

08 ဇွန်၊ 2017 သတင်းမှာ ဒေါ်စုနဲ့ တွေ့ဆုံအပြီး ကနေဒါ ၀န်ကြီးချုပ် မြန်မာ့ ဒီမိုကရေစီ အရေး ကူညီဖို့ ကတိပြု ခဲ့တယ် ။

Thursday, July 6, 2017သတင်းမှာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပါတယ်။


တွေ့ဆုံရာမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ မြန်မာနိုင်ငံနဲ့ UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

( ၁၇ )
Tuesday, August 8, 2017 သတင်းမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ့တပ်မတော်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုဘာဘေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။


နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီဆာဆာကာဝါရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သြဂုတ် ၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းပြောကြားခဲ့တာပါ။

11 သြဂုတ်၊ 2017 သတင်းမှာ မြန်မာ့အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်များ အပေါ် ဥရောပသမဂ္ဂသံအမတ်ကြီး သုံးသပ် ခဲ့ပါတယ် ။

EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကပြောဆို သုံးသပ်ရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း ချိန်မှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေဟာ ကြီးမား ကျယ်ပြန့်ပြီး နက်ရှိုင်း လှတဲ့ အတွက် ဖြေရှင်းဖို့ရာ သိပ်ကို ခက်ခဲတာ တွေ့ရပါတယ်။ ကျွန်တော် EU သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ၄ နှစ်တာ ကာလကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးကစပြီး ပြုပြင်ပြောင်းလဲဖို့ လုပ်နေတာဟာ အတော့်ကို ချီးကြူးဖို့ ကောင်းပါတယ်။ အတိတ်စာမျက်နှာကို လှန်ပစ်ပြီး နိုင်ငံသစ် ဖြစ်လာဖို့ ဖြေးဖြေး မှန်မှန် တည်ဆောက်နေတာ တွေ့ရပြီး ဒါဟာ တကယ့်ကို ကြီးမားတဲ့ လုပ်ရပ်ပါ။ ဒါကို ကျွန်တော်တို့ EU က ပံ့ပိုးပေးနေတာနဲ့ တချိန်ထဲမှာပဲ အချိန်နဲ့ အမျှ လုပ်ကိုင်ဆောင်ရွက်နေ တာတွေကို လေးစားမိပါတယ်။

ဒါပေမဲ့ ၂၀၁၇ ဇန်န၀ါရီလ ကနေ သြဂုတ်လ လဆန်းပိုင်းလောက်ထိ နိုင်ငံတကာ ဆက်ဆံရေးတွေ အဆင်ပြေနေရာကနေ ရုတ်တရက် ဂ ငယ်ကွေ့ ကို ရခိုင်အရေးကြောင့် ပြောင်းလဲခဲ့ရပါတယ် ။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ရခိုင်ဒေသတွင် လုံခြုံရေးဆောင်ရွက်ရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် ယန်ဟီးလီတိုက်တွန်းတဲ့ သတင်း Saturday ,August 12, 2017 တွေ့ လာရပါတယ် ။

မြန်မာနိုင်ငံ တာဝန်ရှိသူများက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း လုံခြုံရေးဆောင်ရွက်ရန် တပ်မတော်သားများ စေလွှတ်သည် ဆိုသည့် သတင်း ထွက်ပေါ်လာပြီးနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူအခွင့်အရေး သံတမန် မစ္စ ယန်ဟီးလီမှ သတိပေး တိုက် တွန်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံစာရတယ်။ ဒီကိစ္စရပ်ဟာ တကယ်ကို အဓိကကျတဲ့ စိုးရိမ်စရာကိစ္စ တစ်ရပ်ဖြစ်တယ်” ဟု မစ္စယန်ဟီးလီက ပြောသည်။

( ၁၈ )

မြန်မာနိုင်ငံက UNဝန်ထမ်းတွေ ခရီးသွားလာမှုသတိထားဖို့ စာထုတ် တဲ့သတင်းလည်း
13 August 2017 မှာတွေ့ ရပါတယ် ။


မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုနဲ့ ပတ်သက်ပြီး သတိထားကြဖို့ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက ကုလသမဂ္ဂဝန်ထမ်းတွေကို ရန်ကုန် ကုလသမဂ္ဂရုံးက သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လအစောပိုင်းမှာ ဒေသခံတွေက အကြမ်းသမားလို့ယူဆထားတဲ့ လက်နက်ကိုင်တွေက မောင်တောဒေသမှာ မြိုတိုင်းရင်းသား ရွာသား ၈ ဦးကို သတ်ဖြတ်မှုတွေလည်း ဖြစ်ပျက်ခဲ့ပါတယ်။ရခိုင်ပြည်နယ်စစ်အင်အားတိုးချမှု ကန်လွှတ်တော်စိုးရိမ် တဲ့ သတင်း22 သြဂုတ်၊ 2017 မှာ ပါလာတယ် ။

25 August 2017သတင်းမှာ Kofi Annan ကော်မရှင်အစီရင်ခံစာ သုံးသပ်ပြင်ဆင်ဖို့ ကာချုပ်အကြံပြု ဆိုတဲ့ သတင်းကို တွေ့ ခဲ့ရတယ် ။ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ လက်တွေ့ကျပြီး ရေရှည်အကျိုးဖြစ်ထွန်းစေ မှာဖြစ်တယ်လို့ မြန်မာအစိုးရကြိုဆိုလိုက်ချိန်မှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ အချက်အလက်တချို့လွဲမှားနေပြီး လိုအပ်ချက်များရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

26 သြဂုတ်၊ 2017 သတင်းမှာ ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှု အမေရိကန်ရှုတ်ချ ခဲ့တယ် ။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးတဲ့ထိ တိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စု က အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။


သြဂုတ်လ ၂၅ ရက်၊ သောကြာနေ့ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ရဲ့ ထုတ်ပြန်ချက်တခုထဲမှာ အဲဒီလို ပြစ်တင် ရှုတ်ချထားတာပါ။ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ၀မ်းနည်းရပါကြောင်းလဲ ပြောထားပါတယ်။
နောက်ထပ် အကြမ်းဖက်တိုက်ခိုက်တာတွေ ထပ်မဖြစ်အောင်တားဆီးပြီး တိုက်ခိုက်မှုရဲ့လက်သည်တွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင်နေတာနဲ့အမျှ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေး လေးစားလိုက်နာမှု၊ ပွင့်လင်းမြင်သာရှိမှုတွေနဲ့အညီ လုပ်ဆောင်ပြီး တင်းမာတဲ့အခြေ အနေကို ပိုဆိုးစေတာမျိုး ရှောင်ရှားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလဲ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
26 August 2017 သတင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ရှုတ်ချ ခဲ့တယ် ။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတွေလည်း ဒီကနေ့ ညနေပိုင်းက ရခိုင်အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

မောင်တော- ဘူးသီးတောင် အခြေစိုက် နိုင်ငံတကာအန်ဂျီအိုမှ ၀န်ထမ်းများ အလုံးအရင်းဖြင့် ထွက်ခွာ တဲ့သတင်း 27 August 2017 မှာ တွေ့ ရပါတယ် ။


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အန်ဂျီအိုများမှ တာဝန်ရှိသူနှင့် ၀န်ထမ်းအများအပြားသည် ယနေ့ မွန်းလွဲ ၃ နာရီခွဲကျော်တွင် ဘူးသီးတောင်မှ တစ်ဆင့် စစ်တွေသို့ အလုံးအရင်းဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း ဘူးသီးတောင်ဒေသခံ မျက်မြင်တစ်ဦးကပြောသည်။

29 August 2017 သတင်းမှာ ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှု နိုင်ငံတကာ ပြင်းထန်စွာရှုတ်ချ ခဲ့တယ် ။


မြန်မာနိုင်ငံဖက်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို Bangladesh နိုင်ငံထဲမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က Bangladesh အာဏာပိုင်တွေကို ပန်ကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲက လုံခြုံရေးဆောင်ရွက်မှုတွေအတွင်း အရပ်သားတွေ အသတ်ခံနေရတယ်ဆိုတဲ့ သတင်းတွေအပေါ် အတွင်းရေးမှူးချုပ်အနေနဲ့ အင်မတန်စိုးရိမ်တယ်လို့ အတွင်းရေးမှူးချုပ်ပြောခွင့်ရသူ Stéphane Dujarric က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

( ၁၉ )

1 September 2017 သတင်းမှာ ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၃၇၀ ကို အသေနှင့် ၉ ဦးကို အရှင်ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ရခိုင်အရေးနဲ့ လုံခြုံရေးကောင်စီ က 01 စက်တင်ဘာ၊ 2017 မှာ ဆွေးနွေးတဲ့ သတင်းတွေ့ ရပါတယ် ။



နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတန်းကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် နိုင်ငံတွေက ရခိုင်အရေးရေရှည်အဖြေရှာဖို့တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး၊ တံခါးပိတ်အလွတ်သဘောဆွေးနွေးခဲ့တာသာဖြစ်ပြီး၊ တရားဝင် ဆုံးဖြတ်ချက် ထုတ်ပြန်ခြင်းမရှိကြောင်း၊ မြန်မာအဖွဲ့ရုံးအနေနဲ့၊ လုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင်၊ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လက်တွေ ကိုသက်ဆိုင်သူတွေထံဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း VOA ကိုပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် အနေနဲ့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေတယ်လို့ 7 September 2017အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်း သမ္မတရဲ့ပြောခွင့်ရက ပြောသွားပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်က ထင်ရှားတဲ့ လွှတ်တော်အမတ် နှစ်ဦးကလည်းစက်တင်ဘာလ ၆ ရက်နေ့ တရက်ထဲမှာပဲ ဒေါ်အောင်ဆန်းစု ကြည် ဆီကို ရခိုင်ပြည် အရေးနဲ့ ပတ်သက်လို့ သီးခြားစာတွေ ရေးသားပေးပို့ ခဲ့ကြပါတယ်။

08 စက်တင်ဘာ၊ 2017 သတင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အုပ်စု တိုက်ခိုက်ပြီးတဲ့နောက် နဂိုကတည်းက ယိုယွင်းနေတဲ့ အခြေအနေဟာ ပိုဆိုးသွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောပါတယ်။ မတည်မငြိမ်အခြေအနေ တာရှည်နေပြီဖြစ်တာကြောင့် အစိုးရအနေနဲ့ ပြီးပြည့်စုံတဲ့ချဉ်းကပ်မှုနဲ့ ကိုင်တွယ်ဖို့လိုတယ်လို့လဲ မစ္စတာ Mitchell ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဝေဖန်ပြောဆိုနေကြတာတချို့အပေါ် သူ့ရဲ့စိုးရိမ်ချက်ကိုလဲ ထည့်ပြောသွားပါတယ်။

( ၂၀ )


ဘင်္ဂါလီပြဿနာ၏ဇာစ်မြစ်ကို အနောက်အုပ်စုနိုင်ငံများ နားလည်သဘောပေါက်ခြင်းမရှိဟု တရုတ်သတင်းစာ Global Times က ဝေဖန် တဲ့သတင်း Oct 13,2017 မှာ တွေ့ ရတယ် ။

လွန်ခဲ့သော တလကျော်က ဘင်္ဂါလားဒေ့ရှ်သို့ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ၄၀၀,၀၀၀ ကျော် ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ထွက်ပြေးမှုဖြစ်ပေါ်စေခဲ့သည့် လူမျိုးရေးပဋိပက္ခများတွင် ရိုဟင်ဂျာများအပေါ် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံကို မကျေနပ်ဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင်မောင်းမဲမှုကြီးထွားလာနေတယ်။ Freedom of the City Oxford ဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သူမ ပညာသင် ယူခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်နံရံပေါ်ရှိ သူမ၏ ပုံတူပန်းချီကားကို ဖယ်ရှားခဲ့တယ်။ သို့ဖြစ်ရာ ဒီမိုကရေစီစံပြုပုဂ္ဂိုလ်တဦးအဖြစ် အနောက်အုပ်စုက အမွှမ်းတင်ခဲ့သည့် သူမ၏ ပုံရိပ်ပြိုလဲတော့မည့်ပုံ ဖြစ်ပေါ်နေတယ်။

ယင်းသို့ ပြစ်တင်ဝေဖန်မှု ကြီးမားနေသည့်ကြားမှပင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ကြုံတွေ့နေသည့် ဧရာမ စိန်ခေါ်မှုများကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အနောက်အုပ်စုက မမြင်ချင်၊ မသိချင်ယောင်ဆောင်နေကြတယ်။ သူမသည် `ရှုပ်ထွေးခက်ခဲသည့် လူမျိုးရေးပဋိပက္ခများ ပြည့်နှက်နေသော လူမှုရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု အလွန်အမင်းအရေးကြီးလိုအပ်နေသော တိုင်းပြည်တပြည်ကို အုပ်ချုပ်ရန် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတယ်။ အာဏာရပြီး နှစ်နှစ်ခန့် အချိန်အတွင်း သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့တယ်။ လူမှုရေး၊ စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် တိုးမြှင့်လုပ်ဆောင်ခဲ့တယ်ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့် ဒေသခံဗုဒ္ဓဘာသာများအကြား ပဋိပက္ခများကို ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးရုံသက်သက်ဖြင့် နေ့ချင်း ညချင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။

01 နိုဝင်ဘာ၊ 2017 သတင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေး ကူညီဖြေရှင်းဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ သံကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို မနေ့က သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။


လွန်ခဲ့တဲ့ သြဂုတ်လကစလို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းကို လူပေါင်း ၆ သိန်းကျော်ထွက်ပြေးခဲ့ရတဲ့ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ တခြားဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ဂျီနီဗာက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ အထူးတွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ရတယ်လို့ ကုလသမဂ္ဂက အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။
လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ အထူးဆွေးနွေးပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ အဲဒီ အဆင့်မြင့် အရာရှိက ရိုက်တာသတင်းဌာနကို ပြောဆိုကြောင်း ဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Zeid Ra’ad al-Hussein ကမြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း နှိမ်နင်းမှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် ဥပမာပေးလို့ရတဲ့ အခြေအနေမျိုးဖြစ်တယ်ဆိုပြီး ပြောဆိုထားခဲ့ဘူးပါတယ်။ မြန်မာစစ်တပ်ဖက်ကတော့ အခုလို စွပ်စွဲမှုတွေဟာ ခိုင်လုံမှုမရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

( ၂၁ )

September 24, 2017 သတင်းမှာ

ဒေါ် အောင်ဆန်း စုကြည်မှ ထွက်ပြေး မူဆလင်များ ပြန်လည် လက်ခံရန် လုပ်ငန်းကော်မီတီ ဖွဲ့စည်းပြီး စီစစ်ရေး လုပ်ငန်းများ ကို ၁၉၉၃ သဘောတူညီချက်အရ အမြန် ပြန်လည် လက်ခံရန် စတင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး မူဆလင်များသာမက ရခိုင်၊ မရို၊ ဒိုင်နက် နှင့် မရမကြီး လူမျိုးစုများ အတွက်ပါ စီစဉ်ရန်လည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ဒေသအဖြစ်အပျက်များ စုံစမ်းအရေးယူဖို့ ကုလအရာရှိများ တောင်းဆို တဲ့သတင်း 4 အောက်တိုဘာ၊ 2017 မှာတွေ့ ရပါတယ် ။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းပြီး ဒီအကြမ်းဖက်မှုတွေအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ရှိသူတွေကို အရေးယူပေးဖို့ ကုလသမဂ္ဂ CEDAW ကော်မတီနဲ့ CRC ကော်မတီတွေက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအထိ မြောက်နိုင်တယ်လို့လည်း ဆိုပြီးတော့ CEDAW နဲ့ CRC ကော်မတီတွေအနေနဲ့ အထူး စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။

( ၂၂ )

November 28, 2017 သတင်းအရ လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုတိုင်းနဲ့ သူတို့ရဲ့ ထုံးစံဓလေ့တွေအပေါ် လေးစားမှုကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ မတွေ့ဆုံခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် Protocol နိုင်ငံတကာ သံတမန်ကျင့်ဝတ်ကို ချိုးဖေါက်ရာကျတယ်ဆိုတဲ့ အချက်ကို ဗာတီကန်အာဏာပိုင်တွေက ဝန်ခံလိုက်ပါတယ်။


( ၂၃ )

တရုတ်သမ္မတစီကျင်း ပင်သည် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ် ပါတီချင်းပူးပေါင်း ဆောင်ရွက်ရေး တောင်းဆိုခဲ့ ကြောင်း Sunday, December 3, 2017 မှာ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တရုတ်သမ္မတတို့သည် ဒီဇင်ဘာ ၁ ရက်ကတွေ့ဆုံပြီး စီကျင်းပင်က အာဏာရပါတီအ ချင်းချင်းကြား နက်ရှိုင်းသည့် မဟာဗျူဟာ မြောက်ဆက်ဆံရေး ကိုမျှော်လင့်နေကြောင်း ဆင်ဟွာ သတင်းက ဆိုသည်။

မြန်မာအပေါ် ကန်အရေးယူမှု ဘယ်အတိုင်းတာထိ သက်ရောက်နိုင်သလဲ ဆိုတဲ့ သတင်း 23 ဒီဇင်ဘာ၊ 2017 မှာ ဖတ်ရရပါတယ် ။

အမေရိကန် လွှတ်တော်မှာ မနှစ်က အတည်ပြု ပြန်ဌာန်းလိုက်တဲ့ Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေအပေါ် အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ သမ္မတ ဒေါ်နယ်လ်ထရမ့်အမိန့်နဲ့ ဗုဒ္ဓဟူးနေ့က စတင် ဒဏ်ခတ်အရေးယူတဲ့ စာရင်းမှာ မြန်မာစစ်ဗိုလ်ချုပ် မောင်မောင်စိုး၊ ဂမ်ဘီယာနိုင်ငံသမ္မတဟောင်း၊ နီကာရာဂွာနိုင်ငံသမ္မတဟောင်း၊ ကွန်ဂိုနိုင်ငံက ဘီလျံနာသူဌေးတဦး၊ ပါကစ္စတန်က ကျောက်ကပ်အထူးကုဆရာဝန်အပါဝင် နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပုဂ္ဂိုလ် ၁၃ ဦးအမည်တွေကိုဖေါ်ပြထားပါတယ်။

30 ဒီဇင်ဘာ၊ 2017 နောက်ဆုံးရ သတင်းအရ ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်က ပြန်လက်ခံမယ့် အစီအစဉ်တွေ စတင်တော့မှာဖြစ်ပါတယ်။ ပထမဆုံးပြန်ပို့မယ့် အသုတ်ထဲမှာတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ကျော်လောက်ပြန်ပါလာနိုင်ခြေရှိပါတယ်။ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေကတော့ သူတို့အတွက် လုံခြုံရေးနဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးမှ ပြန်လာနိုင်မယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဇန်န၀ါ၇ီ ၂၀၁၇မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့ အစိုးရကို ဗြိတိန်အစိုးရအပါအ၀င် နိုင်ငံတကာက ထောက်ခံနေရမှ ၂၀၁၇ သြဂုတ်လ ၂၅ရက် ရခိုင်အရေး ဖြစ်ပြီးနောက်ပိုင်းတွင် ထောက်ခံမှုကျဆင်းပြီး မြန်မာအစိုးရကို လူ့ အခွင့်အရေးတွေ ချိုးဖောက်နေတယ်ဆိုပြီး ကမ္ဘာ့ ကုလသမဂ္ဂမှာ ပြောဆိုလာခြင်းခံနေရပါတယ် ။ တချိန်ထဲမှာပဲ ပထ၀ိနိုင်ငံရေးအရ တရုတ်နဲ့ နီးစပ်မှု ပိုရှိလာပြီး အနောက် ဒီမိုကရေ စီနိုင်ငံများနဲ့ ဆက်ဆံရေး သိသိသာသာ ပြောင်းလဲခဲ့ပါတယ် ။
မြန်မာအစိုးရအနေဖြင့် ကာကွယ်ရေး ၊ပြည်ထဲရေး ၊ နယ်စပ်လုံခြုံရေးကို စစ်တပ်မှ ကြိုးကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအားနည်းချက်တွေကို ပြန်လည်သုံးသပ်ရမှာဖြစ်သလို ကြားနေနိုင်ငံခြားရေးမူဝါဒ အလုပ်ဖြစ်မဖြစ် ပြန်လည် သုံးသပ်ရမှာ ဖြစ်ပါတယ် ။

( ၂၄ )

ပြည်တွင်းစီးပွားရေး


ပြည်သူ့ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပထမ ဦးစားပေးလုပ်ဆောင်နေချိန်မှာပဲ တိုင်းပြည်ရဲ့ စီးပွားရေး ဦးမော့မှုတွေဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ခဲ့တာကို ၂၀၁၇မှာ တွေ့ ရပါတယ် ။ ဒါပေမဲ့ စနစ်ဟောင်းက ဖောက်ပြန်ခြစားမှုတွေကြောင့်ရယ် မှားယွင်းတဲ့ ကြိုးနီစနစ်တွေက တားဆီးဟန့် တားနေတာတွေ့ နေရပါတယ် ။ ၄င်းအဖြစ်အပျက်တွေထဲက တချို့ ကို ကောက်နှုတ်တင်ပြချင်ပါတယ် ။

ဂျပန်နိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်တဲ့ ဂျပန်လုပ်ငန်းရှင် တချို့က မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ တွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံ တော် သမ္မတထံ တင်ပြခဲ့ကြ ပါတယ်။

ဂျပန်လုပ်ငန်းရှင်တွေ တွေ့ကြုံ နေရတဲ့ အခက်အခဲက ၁၀ ချက်ရှိတယ်လို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ နေတဲ့ ဂျပန် ကုမ္ပဏီ ၃၅ ခုကို တွေ့ဆုံမေးမြန်း ထားတဲ့ စစ်တမ်းအရ တွေ့ရှိရ ပါတယ်။

အဲဒီ အခက်အခဲ ပြဿနာ တွေက လျှပ်စစ်ဓါတ်အား၊ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် အခြေခံ အဆောက်အဦ မပြည့်စုံမှု၊ အကောက်ခွန်နဲ့ အခွန် အမျိုးမျိုး စည်းကြပ် ကောက်ခံမှု၊ ဥပဒေ သတ်မှတ်ချက်တွေ မပြည့်စုံမှု၊ အစိုးရ ရဲ့ လုပ်ဆောင်ချက်တွေ ပွင်လင်း မြင်သာ မရှိမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်မှု အားနည်းတာတွေ ပါဝင်တယ်လို့ ဂျပန် ကုန်သည်စစ်မှု အသင်းချုပ် ဥက္ကဌ အာခီယို မီမူရာ ( Akio Mimura ) ကပြောပါတယ်။

( ၂၅ )

YBS ဘတ်စ်၊ ရထား၊ သင်္ဘောလိုင်းများ အားလုံးကတ်ဖြင့် ငွေပေးစနစ် ပြောင်းလဲမည်ဆိုတဲ့သတင်းကို Saturday, February 18, 2017မှာ ဖတ်ရပါတယ် ။ရန်ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေးတွင် လက်မှတ်ခများကို ငွေကြေးဖြင့် ကောက်ခံနေမှုအစား Yangon Payment Services အမည်ရှိ ကတ်ဖြင့် ငွေကောက်ခံသည့်စနစ်ကို ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

Friday, July 21, 2017 သတင်းမှာ ကန့် သတ်မှုများ လျော့နည်းသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်း အမျိုးသား လွှတ်တော်သို့ တင်သွင်းဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ် ။


တည်ဆဲ ဖြစ်သော ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အထူး ကုမ္ပဏီ အက်ဥပဒေ တို့ ကို ပေါင်းစည်းကာ ခေတ်စနစ်နှင့် လျော်ညီပြီး အကန့်အသတ်များ လျှော့ချ ထားသည့်ပြင်ဆင်ရေးဆွဲထားသော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းအသစ် ကို ယနေ့  အမျိုးသား လွှတ်တော် အစည်းအဝေးသို့  စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား တင်သွင်းခဲ့သည်။

( ၂၆ )

Thursday, July 27, 2017 သတင်းမှာမြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများအား ပြင်းထန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ် ။.


မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများ အနေဖြင့် မသွားရောက်မီ မိမိတို့၏ ဆရာဝန်များနှင့် တွေ့ဆုံဆက်သွယ်သင့်သည်ဟု နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးဌာနက သတိပေးထားကြောင်း travelweekly.co.uk တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရာသီပေါ် တုပ်ကွေးရောဂါ (A/ H1N1 ဗိုင်းရပ်စ်) ကူးစက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီးနောက် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးဌာန၏ ယင်း သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

( ၂၇ )

Saturday, July 29, 2017 သတင်းမှာ ဘဏ်ချေးငွေ ထုတ်ပေးနိုင်ရန် SME လုပ်ငန်း စာရင်းကောက်မည်ဆိုတဲ့ သတင်းပါ။

ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ကာ ချေးငွေများ ထုတ်ချေးနိုင်ရန် အတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများစာရင်းကို ဩဂုတ်လအတွင်း စတင် ကောက်ယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တယ် ။

Tuesday, August 1, 2017 သတင်းမှာ မကွေးတိုင်းအစိုးရဟောင်း လက်ထက်စာရင်းပျောက်ငွေ ကျပ်သိန်းပေါင်း ၃၂၅၀၀ ပြန်ပေးပြီးသတင်းဖြစ်ပါတယ် ။

မကွေးတိုင်းဒေသကြီး အစိုးရဟောင်းလက်ထက်မှာ စာရင်းပျောက်နေတဲ့ ငွေ ကျပ်သိန်းပေါင်း ၃၂၅၀၀ ပြန်ရပြီလို့ တိုင်းအစိုးရ ပြောရေးဆိုခွင့်အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။


( ၂၈ )

Wednesday, August 9, 2017 သတင်းမှာ ကွန်ဒိုမီနီယံ ဥပဒေအတွက် နည်းဥပဒေများ တစ်လအတွင်း ထုတ်ပြန်နိုင်မည်ဟု ဆိုခဲ့ပါတယ် ။ စုပေါင်းပိုင် အဆောက်အအုံတွင် နိုင်ငံခြားသားများ အခန်းဝယ်ယူခွင့် ရရှိစေမည့် Condominium Law အတွက် လိုအပ်နေသော နည်းဥပဒေကို နောက်ထပ် အချိန် တစ်လမကျော်မီ ပြဌာန်းနိုင်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ယနေ့ အမျိုးသားလွှတ်တော် တွင် ဖြေကြားခဲ့သည်။

“ကွန်ဒိုမီဒီယံ ဥပဒေအရ ဒီ စုပေါင်းပိုင် အဆောက်အအုံမှာ အခန်း တစ်ရာရှိရင် နိုင်ငံခြားသားက အခန်း လေးဆယ် ၀ယ်ခွင့်ရမယ်၊ သို့ သော် မူရင်း ဥပဒေတစ်ခုမှာက နိုင်ငံခြားသားဆိုရင် မြေကို ပိုင်ဆိုင်ခွင့် မရှိပါဘူး၊ ဒါကြောင့် မူရင်း ဥပဒေနဲ့  ကွန်ဒိုမီနီယံ ဥပဒေကို မှန်ကန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့  အတွက် ဒီနည်းဥပဒေ မူကြမ်းကို အဆင့်ဆင့် ညှိနှိုင်း ခဲ့ရတာပါ၊


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း ပုဂ္ဂလိက ဘဏ်ဥက္ကဋ္ဌတွေနဲ့ နေပြည်တော်မှာ သြဂုတ်လ ၁၅ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။

ပုဂ္ဂလိက ဘဏ်တွေ ခိုင်မာတောင့်တင်းအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘဏ်တွေ ညှိနှိုင်းပြီး ဗဟိုဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

လယ်သမားတွေကို ပုံစံ(၇) နဲ့ ငွေချေးတဲ့ ကိစ္စကို ဥပဒေအရ ခိုင်မာ အောင် အမြန်ဆောင်ရွက်ပေးဖို့ကို ဘဏ်လုပ်ငန်းရှင်တွေဘက်က တင်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် စီးပွားရေးကို တိုက်ရိုက် ကိုင်တွယ်မယ်လို့ ပြောခဲ့အပြီးနောက်ပိုင်း အရေးကြီးဆုံး ဖြစ်တဲ့ ဘဏ္ဍာရေး ကဏ္ဍကို ပထမဆုံး အခုလို ကိုင်တွယ် ဆွေးနွေးခဲ့တာဟာ နောင်အတွက် အခြေခံကောင်း ဖြစ်လာမယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

( ၂၉ )

7 December 2017 သတင်းမှာ မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် အခုနှစ် ၂ဝ၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ခင်း ဧရိယာ ၂၅% အထိ သိသိသာသာ ကျဆင်းသွားတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်ပါတယ်။

၂ဝ၁၅ တုန်းက ဘိန်းစိုက်ဧရိယာ ဟက်တာငါးသောင်း ငါးထောင့်ငါးရာ ရှိခဲ့တာကနေ၊ ၂ဝ၁၇ မှာ လေးသောင်းတစ်ထောင်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုရှိ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှု စိုးရိမ်စရာမရှိဟု ဆို ကြောင်း December 26, 2017 သတင်းမှာ ဖော်ပြထားပါတယ် ။ မြန်မာနိုင်ငံက စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ဖူလုံမှုရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ပြောကြားလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၄၇ နိုင်ငံမှာလည်း ပါဝင်နေပြီး အာရှအဆင်းရဲဆုံး ၉ နိုင်ငံထဲမှာလည်း တနိုင်ငံအဖြစ် ပါဝင်နေပါတယ်။ ဝင်ငွေအရလည်း လူ ၄ဦးမှာ တစ်ဦးက ၁.၂၅ ဒေါ်လာအောက်ဝင်ငွေသာရှိတယ်လို့ ဆိုပါတယ်။


ရခိုင်ဖွံ့ဖြိုးရေး အိန္ဒိယ-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည် ဆိုတဲ့သတင်းThursday, December 21, 2017 မှာတွေ့ ရပါတယ် ။ ရခိုင်ပြည်နယ်မှာ အိန္ဒိယက လုပ်ဆောင်နေတဲ့ စီမံကိန်းတွေထဲမှာ စစ်တွေဆိပ်ကမ်း လည်ပတ်နိုင်ရေးနဲ့ ထိမ်းသိမ်းရေး ဆိုင်ရာတွေ၊ အဝေးပြေးလမ်းမကြီးတွေ ဖေါက်လုပ်ရေးတွေ ပါဝင်ပြီး ဆိပ်ကမ်း၊ လမ်းနဲ့ တံတားဆောက်လုပ်ရေး ဆိုင်ရာ ကိစ္စရပ် တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ဟာ စစ်ပွဲတွေရပ်ပြီး ငြမ်းချမ်းရေးသာ ရခဲ့လျှင် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ တရုပ်နဲ့ အိန္ဒိနိုင်ငံ့ကြားမှာ ဒီထက်ကောင်းမွန်တဲ့ တိုင်းပြည်စီးပွားရေး အခွင့်အလန်းကောင်းတွေ တံခါးပွင့်လာနိုင်စရာ အကြောင်းရှိပါတယ် ။


( ၃၀ )


တရားဥပဒေစိုးမိုးရေး

ဇန်န၀ါ၇ီ ၂၀၁၇မှာ ဖားကန့်ဒေသက နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းအတွင်းမှာ အသက် ၂၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း သတ်ခံခဲ့ရသလို ရှေ့နေကြီး ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာမြို့နဲ့ မာလိုဂို ပြည်နယ်တို့မှာ ဇန်နဝါရီလ ၂၂ ရက်နေ ၂၉ နေ့ထိ ပြုလုပ်ခဲ့တဲ့ ခေါင်းဆောင်မှု ဆွေးနွေးပွဲအစီအစဉ်ကို တက်ရောက်ပြီး ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ်ကို ပြန်ရောက်လာချိန် လုပ်ကြံခံခဲ့ရတယ် ။လုပ်ကြံသတ်ဖြတ် သူကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ တက္ကစီ ဒရိုက်ဘာကိုနေ၀င်းဟာလည်း သေနတ်နဲ့အပစ်ခံရပြီး ဆေးရုံမှာသေဆုံးသွားခဲ့တယ်။ဒါပေမဲ့ လူသတ်တရားခံတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ယနေ့ အချိန်ထိ မဖော်ထုတ်နိုင်သေးလို့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထုကမေးခွန်းထုတ်နေရတယ်။


26 ဇူလိုင်၊ 2017 သတင်းမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇/၁ နဲ့ ၁၇/၂ တို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကချင်သင်းထောက် ဆရာတော် နှစ်ပါးဖြစ်တဲ့ ဦးဒွမ်ဒေါ့နောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ ၂ ဦးကို မြန်မာအစိုးရအနေနဲ့ ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ သူတို့ ၂ ဦးကို လားရှိုးမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးမှု မပြုခင်မှာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
၃၀..၇..၁၇သတင်းမှာ မြန်မာနှောင်းအယ်ဒီတာချုပ်ကိုဆွေဝင်းဖမ်းဆီးခံရတယ် ။


ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ မြန်မာနှောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

( ၃၁ )

တပ်မတော်က မီဒီယာသမားများကို တရားစွဲထားသည့်အမှုများ ပြန်ရုပ်သိမ်းမည်ဟု
Friday, September 1, 2017သတင်းမှာဖော်ပြထားတယ် ။


မြန်မာ့တပ်မတော်က မီဒီယာသမားတွေအပေါ် တရားစွဲဆိုထားတဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ရဲဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

17 December 2017 သတင်းမှာ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို သမ္မတရုံးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာပြည်မှာ အာဏာရှင်ခေတ်အဆက်ဆက် ဥပဒေအထက်တွင် အာဏာရှင်များ ရှိခဲ့ကာ ငွေများ တရားနိုင်ဖြစ်နေပြီး ပြည်တွံင်း ငြိမ်းချမ်းရေးနဲ့ အတူ တရားဥပဒေစိုးမိုးရေးလည်း ပျောက်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ် ။



( ၃၂ )

အမျိုးသာသာ သာသနာပြဿနာများနဲ့ စစ်ဖက်အရပ်ဖက် ဆက်ဆံရေး

၂၀၁၇ ခုနှစ်အတွင်းမှာ ဒီမိုကရေစီလူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ရိုဟင်ဂျာ ရခိုင်အရေးနဲု့ ပတ်သတ်ပြီး နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများရှိချိန်မှာ မြန်မာပြည်က မြို့ ကြီးတော်တော်များများမှာ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများ ကျင်းပ ခဲ့ကြပါတယ် ။

တချိန်ထဲမှာပဲ အတိုက်အခံပါတီဖက်က တပ်မတော်မှ ဆင်နွှဲနေတဲ့ စစ်ပွဲများကို ထောက်ခံပွဲများ ကျင်းပခဲ့ကြပါတယ် ။

အဲဒီအခါမှ တွေ့ မြင်ရတာကတော့ ပါတီစွဲတွေ ပြင်းထန်ပြီး အမှားနဲ့ အမှန် ၊ စစ်နဲ့ ငြိမ်းချမ်းရေးကို ခဲံခြားနားမလည်ပဲ မျက်ကန်းမျိုးချစ်တွေ ပေါ်ထွက်လာခဲ့ပါတယ် ။

( ၃၃ )

၂၀၁၇ ခုနှစ်ဟာ တိုင်းပြည်၇ဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ပျက်ပြားအောင် ပြည်သူ့ အစိုးရကို အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။

ယခင်စစ်အာဏာရှင်ဟောင်းတွေနဲ့ အဆက်အဆံရှိတဲ့ ဘုန်းင်္ကြီးဦးဝိရသူဟာ ကမ္ဘာကျော် တိုင်းမ်သတင်းစာကြီးက အကြမ်းဖက် ရဟန်းလို့ အမည်တပ်ရလောက်အောင် မကောင်းတဲ့ဖက်မှာ ကမ္ဘာကျော်ခဲ့ပါတယ် ။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)ဟာ ဘာသာတစ်ခုနဲ့ တစ်ခုအကြား အမုန်းတရားတွေပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင် တဲ့ ဟောပြောမှုတွေ၊ နိုင်ငံရေးပါတီတွေအကြား ဘက်လိုက် ဝေဖန်ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတာကြောင့် မြန်မာနိုင်ငံအတွင်း တရားဟောခွင့် ၁ နှစ် ပိတ်လိုက်တယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၂၀၁၇ခုနှစ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။



ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ပွက်လောရိုက်နေတာကြောင့် မဟန ဆရာတော် ကြီးတွေက မနေ့က နေပြည်တော်မှာ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

( ၃၄ )

တချိန်ထဲမှာပဲ ၂၀၁၅ေ၇ွးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်တဲ့ ပါတီတွေကလည်း စစ်တပ်ကို စစ်တမ်းလျားပြန်ပို့ ဖို့ ကြိုးစားရမဲ့အစား စစ်အာဏာရှင်ကို ပြန်လည်အသက်သွင်းချင်တာလား မေးခွန်းထုတ်ရမဲ့ နှစ်ဆိုရင် မမှားပါဘူုး။

9 July 2017 သတင်းမှာစစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ၁၄ ပါတီ ထုတ်ပြန်ချက် ကို ANP က လက်မခံခဲ့ပါဘူး ။ံ

ရခိုင်ပြည်နယ်အတွင်းက လိုအပ်တဲ့နေရာတွေမှာ စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီက အစိုးရထံတောင်း ဆိုတာကို ရခိုင်အမျိုးသားပါတီက လက်မခံကြောင်းနဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်ရဲ့ သဘောထားကို စောင့်ကြည့်နေကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။


( ၃၅ )

16 ဇူလိုင်၊ 2017 သတင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကာချုပ်ထံ တောင်းပန်စာပေးပို့ ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်တယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တာပါ။ဒါပေမယ့် တောင်းပန်ချက် အသေးစိတ်ကိုတော့ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။


27 July 2017 သတင်းမှာ စစ်ဘက်ရာထူးတွေ တခြားသူအတွက်မသုံးဖို့ တပ်မတော်ထုတ်ပြန်ခဲ့ပါတယ် ။
တပ်မတော် စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိတဲ့ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေကို တခြားအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ခေါ်ဝေါ်သုံးစွဲတာ ရေးသားဖော်ပြတာတွေ မလုပ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သဘောထားထုတ်ပြန်လိုက်ပါတယ်။

( ၃၆ )


ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းကို "အစိုးရထုတ် ကြေးမုံသတင်းစာ" အပါအဝင် သတင်းစာ-ဂျာနယ်တချို့က ဖော်ပြရာမှာ.... "လဝါယန် ပြည်သူ့စစ်အဖွဲ့က ဗိုလ်မှူးနော်ဆန်း" သေဆုံးခဲ့တယ်လို့ ရေးသားကြတာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်လိုက်တာပါ။
အစိုးရက တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ရာထူးအဆင့် သီးခြား မသတ်မှတ်ထားဘဲ၊ အဖွဲ့ခေါင်းဆောင်... အဖွဲ့ဝင် စသဖြင့်သာ ခေါ်ဝေါ်သုံးစွဲတယ်လို့ ဆိုပါတယ်။


28 July 2017 သတင်းမှာ အများကြိုက်ဖို့ထက် နိုင်ငံကောင်းဖို့ ဒေါ်အောင်ဆန်းစုကြည် လိုလား တယ်ဆိုတဲ့ သတင်းပါ။


ပြည်သူ့အစိုးရဆိုတာ အများအကြိုက် လိုက်ဖို့ထက် နိုင်ငံရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့လမ်းကြောင်း ပေါ်မှာရဲရဲဝံ့ဝံ့ ရပ်တည်ဆောင်ရွက်ဖို့ လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့နေရာမှာ စိတ်ဓါတ်ပြောင်းလဲဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။


( ၃၇ )

Thursday, August 3, 2017သတင်းနှာ မန္တလေး မဟာမြတ်မုနိ ဘုရာကြီး အနောက်မုခ်၊ ရန်ကုန် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တို့မှာ သံဃာတော်များ ဆန္ဒပြ အစိုးရဖြုတ်ချဖို့ မျိုးချစ်များတောင်းဆိုခဲ့ပါတယ် ။

မန္တလေး ဘုရားကြီး အနောက်ဘက်မုခ် သာသနာ ၂၅၀၀ ဓမ္မာရုံမှာ ဘုန်းတော်ကြီးနဲ့ အရပ်သားတချို့က အစိုးရဖြုတ်ချရေးအပါအဝင်တောင်းဆိုချက်တချို့ကို တောင်းဆိုပြီး သပိတ်စခန်းဖွင့်နေပါတယ်။...
တချိန်တည်းမှာပဲ ရန်ကုန်မှာလည်း ရွှေတိဂုံ အရှေ့ဘက် ကြေးသွန်းဘုရားကြီးမှာ ဘုန်းတော်ကြီးတချို့ဦးဆောင်ပြီး သပိတ်မှောက်နေကြပါတယ်။
သပိတ်မှောက်ကြသူတွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသူတွေ စုပေါင်းပြီး ဖွဲ့စည်းထားကြတာလို့ဆိုပါတယ်။

5 August 2017 သတင်းမှာ အစိုးရအလိုမရှိကြောင်း သံဃာတော်နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ဖွင့်လှစ်ထားတဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က သပိတ်စခန်းကို အာဏာပိုင်တွေက စနေနေ့မနက် အရုဏ်တက်ချိန်မှာ ဝင်ရောက်ဖြိုခွင်း လိုက်ပါတယ်။ သပိတ်စခန်းကို ပိတ်သိမ်းပေးဖို့ မန္တလေးတိုင်း အစိုးရ ကရော တိုင်းသဃာ့ မဟာနာယကအဖွဲ့ကပါ မေတ္တာ ရပ်ခံဆွေးနွေးခဲ့ပြီးနောက် လုံခြုံရေး တာဝန်ရှိသူတွေက အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

( ၃၈ )

ထာဝရငြိမ်းချမ်းရေးရရှိ မှသာ ထာဝရဒီမိုကရေစီဖြစ်နိုင် မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့တယ်။

လက်ရှိ လျှောက်လှမ်းနေ သည့် နိုင်ငံရေး လမ်းကြောင်း အောင်မြင်စေလို၍ တပ်မတော် အနေဖြင့် အစိုးရ၊ နိုင်ငံရေးပါတီ များနှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိ မှသာ ထာဝရဒီမိုကရေစီဖြစ်နိုင် မည်ဖြစ်သောကြောင့် ငြိမ်းချမ်း ရေး ရရှိအောင် ကြိုးပမ်းဆောင် ရွက်နေသည်မှာ တပ်မတော်၏ ဆန္ဒပင်ဖြစ်ကြောင်း ထိုင်း နိုင်ငံ သံအမတ်ကြီး H.E.Mr.Jukar Boon-Long တို့နေပြည် တော်၌ တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြော ကြားကြောင်း သတင်းထုတ်ပြန် ခဲ့တယ်။


အစိုးရနှင့် တပ်မတော် အပြန်အလှန် အသုံးချမှုများ ရှိနေဦးမည်ဟု ဗိုလ်မှူးကြီးအောင်မြင့်ဦး ပြောကြား တဲ့သတင်း 14 August 2017 မှာ ဖတ်ရပါတယ် ။


တပ်မတော်အနေဖြင့် လုံခြုံရေးပြသနာများအား အစိုးရအတွက် ကူညီဖြေရှင်းပေးတာဖြစ်ပြီး အစိုးရနှင့် တပ်မတော် အပြန်အလှန်အသုံးချနေမှုများရှိနေဦးမည်ဟု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ ပြည်တွင်း ပြည်ပ ဆက်ဆံရေးဌာန ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။

“ပထမဦးဆုံး တပ်မတော်ပါတယ်ဆိုတာက လုံခြုံရေးပြသနာတွေကို အစိုးရကို ကူညီပြီးတော့ ဖြေရှင်းပေးတာ အစိုးရက Instrument တစ်ခုပဲလေ။ အစိုးရက ဒီနိုင်ငံကြီး တစ်ခုလုံး စည်းနဲ့ ကမ်းနဲ့ အသားကျသွားအောင်၊ Institutionalize ဖြစ်အောင် ဘယ်လောက်ထိ ကိုင်တွယ်နိုင်လဲ ဖြေရှင်းနိုင်လဲ အဲဒီလို ဖြေရှင်းနိုင်တဲ အခါမှာလဲ ကိုင်တွယ် မဖြေရှင်းနိုင်ရင် တပ်မတော်ကို အသုံးချနေရဦးမှာပဲ။ အဲဒီလို ပြဿနာတွေ အမြဲတမ်းရှိနေသရွေ့က တော့ တပ်မတော်နဲ့ အစိုးရနဲ့ အသုံးချတာနဲ့ အသုံးချခံရတာ ဘယ်လိုပဲပြောပြော ဒါကတော့ရှိနေနေမှာပဲ”ဟု ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။

ဗိုလ်မှူးကြီး အောင်မြင့်ဦးသည် သြဂုတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာဒီမိုကရေစီအသွင် ကူးပြောင်း မှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ခေတ္တနားချိန် သတင်းမီဒီယာများမေးမြန်းမှုတွင် ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်တယ်။

( ၃၉ )


ရွေးကောက်ပွဲ နဲ့ ပါတီသစ်

12 December 2017 သတင်းမှာ အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလဆန်းကစလို့ မြန်မာနိုင်ငံတဝှမ်း ရပ်ကွက်၊ ကျေးရွာ မြို့နယ်အသီးသီးမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်တွေကို ပြန်လည်ရွေးချယ်နေကြတာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေဟာ ရှေ့ မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အချိန်မှာ ခေတ်ရဲ့ တောင်းဆိုမှုကြောင့် ပါတီသစ်တရပ် ပေါ်ပေါက်လာခဲ့တယ် ။ ၈၈ မျိုးဆက်တွေ ဦးဆောင်တဲ့ ၈၈၈၈ ပါတီအနေဖြင့် နာမည်ပေးထားတာတွေ့ ရပါတယ် ။


( ၄၀ )

၈၈ အပါအဝင် နိုင်ငံရေးလှုပ်ရှားခဲ့သူများ စုပေါင်းကာ နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် ပြင်ဆင်နေ
တဲ့ သတင်းက ၂၀၁၇ ဖေဖော်ဝါရီ ၃ရက်ကတည်းက သတင်းတွေမှာ ပါဝင်ခဲ့တာပါ ။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအပါအဝင် ၁၉၆၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူများစုပေါင်းကာ နိုင်ငံရေးပါတီတစ်ခုကို ယခုနှစ်ကုန်တွင် အပြီး ဖွဲ့စည်းမည်ဖြစ်ကြောင်းသိခဲ့ရတာပါ။

ပြည်သူက ဆုံးဖြတ်လိမ့်မည်ဟု ရှစ်လေးလုံးပါတီ အမည်နှင့်ပတ်သက်၍ ဝေဖန်မှုများကို တုံ့ပြန် တဲ့သတင်း
Tuesday, December 19, 2017မှာ တွေ့ ရတယ် ။

၈၈ မျိုးဆက်ကျောင်းသားတွေပါဝင်တဲ့ ရှစ်လေးလုံးပါတီလို့ အမည်ပေးထားတဲ့ နိုင်ငံရေးပါတီသစ် တည်ထောင်ခွင့် ကို 20 December 2017 နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားလိုက်ပါတယ်။

လက်ရှိမှာ ပါတီတည်ထောင်လိုသူစာရင်းကို တင်သွင်းတာဖြစ်ပြီး ပါတီဥက္ကဌကို ရွေးချယ်ထားခြင်း မရှိသေးဘူး လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ၊ ဗဟိုဦးဆောင်ကော်မတီတာဝန်ခံ ဦးကိုကိုကြီးက ပြောပါတယ်။


ပါတိရဲ့ နာမည်ထက် ပါတီရဲ့ မူဝါဒတွေ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ လုပ်ပိုင်ခွင့် ရ မရဆိုတာက ပိုမို စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ သေချာတာ တခုကတော့ ဒီမိုကရေစီဖက်တော်သားချင်း မဟာမိတ်အဖြစ်လက်တွဲပြီး စစ်ဖွဲ့ စည်းပုံပြင်ဆင်ရေးအပါအ၀င် အနာဂတ် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်၇မှာဖြစ်ပါတယ်။

( ၄၁ )

သေချာတာတခုကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး ဦးတည်ချက်တွေနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပြည်သူလူထုက ကြိုက်နှစ်သက်ပြီးေ၇ွးကောက်ပွဲမှာ အနိုင်ရအောင် မဲပေးခဲ့ပေမဲ့ ပြည်သူ့ အစိုးရအနေဖြင့် ရွေးကောက်ပွဲ ရည်မှန်းချက်တွေ ဖော်ဆောင်ဖို့ ရန် စိန်ခေါ်မှုတွေ အတားအဆီးအနှောက်အယှက်တွေ သိသိသာသာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါက ဘာကို ပြသနေလဲဆိုရင် မြန်မာပြည်မှာ ဒီမိုကရေစီကျင့်စဉ်တွေကို အစိုးရနဲ့ ပြည်သူလူထုကလုပ်ဆောင်ချင်ပေမဲ့ အာဏာရှင်အဟောင်းတွေက အတွေးအခေါ်မပြောင်းလဲပဲ ဟန့် တားမှု တားဆီးနှောက်ယှက်မှုတွေ ရှိနေတာ မျက်ဝါးထင်ထင်တွေ့ နေရတယ် ။ဆိုလိုတာက ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ ရွေးကောက်ပွဲက အနိုင်ရလာတဲ့ ပါတိရဲ့ မူဝါဒတွေကို ပြည်သူလူထုကကြိုက်နှစ်သက်လို့ မဲပေးခဲ့တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရဖြစ်လာရင် အတိုက်အခံပါတီအနေနဲ့ တားဆီးနှောက်ယှက်စရာ အကြောင်းမရှိဘူး။ရွေးကောက်ပွဲက တက်လာတဲ့ ပြည်သူ့ အစိုးရရဲ့ မူဝါဒတွေကို တားဆီးနှောက်ယှက်ခြင်းက ပြည်သူလူထုကို ဗြောင်ကျကျ စော်ကားခြင်း ဖြစ်တယ် ။

ဥပမာ အနေနဲ့ ကနေဒါနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ လစ်ဘယ်ပါတီအနိုင်ရပြီး လူလတ်တန်းစားတွေအတွက် အလုပ်အကိုင်ဖန်တီးပေးမယ် ချမ်းသာသူတွေကို အခွန်တိုးကောက်မယ် လမ်းပမ်းဆက်သွယ်ရေး မြို့ ပြစီမံကိန်းတွေ ငွေပိုမိုသုံးစွဲမယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကို ရွေးကောက်ပွဲ ဂတိစကားအတိုင်း ပြည်သူလူထုအတွက် အစိုးရက လုပ်ဆောင်ပေးနေရာမှာ အတိုက်အခံပါတီက တားဆီးနှောက်ယှက်လို့ မရဘူး။

မြန်မာပြည်မှာ အစိုးရရဲ့ မူဝါဒကိုအတိုက်အခံပါတီက ဘာသာရေး ၊ လူမျိုးရေး အောက်လမ်းနည်းနဲ့  တားဆီးနှောက်ယှက် နေတာ မြင်နေရပြီး အစိုးရက ငြိမ်းချမ်းရေးစကားပြောရင် တပ်မတော်က သေနတ် ထဖောက်နေတယ်။။အစိုးရက အခွန်ကောက်ပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအတွက် ပြည်သူ့ ကျန်းမာရေး ၊ပညာရေး ၊ စီးပွားရေးတွေမှာ ရင်းနှီးမြုပ်နှံချင်ပေမဲ့ စစ်အသုံးစားရိတ်တွေများအောင်လုပ်ပြီး အစိုးရနဲ့ ပြည်သူလူထုကို သွေးခွဲနေတယ်။စစ်အသုံးစားရိတ်တွေ လျော့ကျပြီး လူမှုထောက်ပံ့ရေး ၊ ပြည်သူ့ ပညာရေး ၊ကျန်းမာရေးတွေမှာ တိုင်းပြည်ဘတ်ဂျတ်ကို ပိုမိုသုံးစွဲနိုင်တဲ့တနေ့  တပ်မတော်သား မိသားစု ၊တိုင်းရင်းသားလက်နက်ကိုင်တွေ ၇ဲ့ မိသားစုတွေလည်း တိုင်းရင်းသားပြည်သူလူထုနဲ့ အတူတူ အကျိုးခံစားရမှာ ဖြစ်တယ် ။ရှင်းရှင်းပြောရရင် တိုင်းပြည်မှာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရင် စစ်ပွဲတွေ ကို ထောက်ခံတဲ့ ပွဲတွေ သွားမှ နေ့ စားရတဲ့ ဘ၀ကနေ တချို့ လူတွေလွတ်မြောက်ကြလိမ့်မယ်။

( ၄၂ )
ကနေဒါမှာ အစိုးရက မွေးခါစ ကလေး အရွယ်ကနေ အသက် ( ၁၈ )နှစ်မပြည့်ခင်အချိန်ထိ ကလေးတယောက်ကို တလ ဒေါ်လာ ( ၄၀၀ ) ထောက်ပံ့တယ် ။အခမဲ့ ပညာရေးအပြင် ကျောင်းသုံးဖို့ အခမဲ့ ကွန်ပြူတာ တစ်လုံးစီ အစိုးရကပေးတယ်။အသက် ၁၈ နှစ်ပြည့်လို့ အလုပ်အကိုင်မရှိရင်လည်း အစိုးရက ထောက်ပံ့တယ် ။အစိုးရက ပြည်သူ လူထုရဲ့ စားဝတ်နေရေးကို အတတ်နိုင်ဆုံး တာဝန်ယူပေးတယ် ။တချိန်ထဲမှာပဲ အလုပ်အကိုင် ဖန်တီးရေးတွေကို ရေတို ရေရှည်မူဝါဒများ ချမှတ်ပြီး လုပ်ဆောင်တယ် ။
အခမဲ့ ပညာရေး ကျန်းမာရေးတွေ ပါတီတိုင်းက ချမှတ်ထားပေမဲ့ ပါတီချင်း ဘာပြိုင်ကြသလဲဆိုတော့ သူ့ ပါတီအနိုင်ရရင် ဆေးရုံမှာ နာစ် သူနာပြု ဆရာဝန်တွေ တိုးခန့် ပြီး ဆေးရုံမှာ ၁ နာရီထက် ပိုမစောင့်ရဘူး ၊ စာသင်ခန်းမှာလည်း ကျောင်းသား အယောက် ( ၂၀ )ဆရာတယောက်နှုန်းဖြစ်စေရမယ် ။ဒါကြောင့် ပြင်ပ ကျူရှင်ဆိုတာ မရှိစေတဲ့ အပြင် ၀န်ထမ်းတွေကိုလည်း လုံလောက်တဲ့ လခပေးထားလို့ လာပ်စားမှုမရှိဘူး ။

ယခုလို နှစ်သစ်အခါသမယမှာ ၂၀၁၇ မှ သင်ခန်းစာများရယူကာ အနာဂတ်မြန်မာပြည်မှာ သာတူညီမျှကောင်းစားရေးစိတ်ဓာတ်နဲ့ အနာဂတ် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်၇မှာဖြစ်ပါတယ်။

အောင်ခိုင်မြင့်

31 December 2017







Comments