တည်ဘွားဦး - လည်ပတ်ခြင်း

လည်ပတ်ခြင်း
တည်ဘွားဦး

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

ကမ္ဘာကြီးက
ဒီလို လည်တာလား
ဒီလို လည်တာလား
ဒီလို လည်တာလား
ဒီလို လည်တာလား
ကမ္ဘာကြီးက...

ကမ္ဘာကြီးက
ဘယ်လိုလည်တာလဲ
ကမ္ဘာကြီးက အာဏာရှင်တွေလို
လည်တာလား...
ကမ္ဘာကြီးက
ဘယ်လိုလည်လည်ပါ
ခင်ဗျားတို့ ကျနော်တို့
မအဖို့လိုပါတယ်

ကမ္ဘာကြီးက စိတ်မညစ်နဲ့
ပျော်ပျော်နေကြ တဲ့
ကမ္ဘာကြီးက လည်ပါတယ်
ကမ္ဘာကြီးက
ဘယ်လိုလည်တယ်တော့
ပြောမထားဘူး
 -
တည်ဘွားဦး

၂၀၁၈
 16:45 pm


Comments