မိုးမခ စာအုပ်စင်- တစ်ကိုယ်တော်သံပြိုင် နှင့် အာခီတက်နှင့် သူ၏အာခီတက်ချာ

စာအုပ်​စင်​မိတ်ဆက်
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၁၈

တစ်ကိုယ်တော် သံပြိုင် 
မောင်ဖူးဝေ-ထီလာ


မောင်ဖူးဝေ-ထီလာ ရဲ့ ကဗျာစာအုပ်ကလေးပါ။
၅၂ ပုဒ် ပါဝင်ပါတယ်။
ဒီဇိုင်း-မျိုးဆွေသန်း ရဲ့ အမှတ်တရစကားလေး ပါပါတယ်။ တန်ဖိုး ၂၀၀၀ ကျပ် နဲ့ နှစ်ကာလများစာပေက ထုတ်ဝေပါ တယ်။ 
ဖုန်း-09254848048ပါ။ စာတိုက်ကနေလည်း အိမ်အရောက် ပို့ပေးပါတယ်၊ ပို့ခ ၅၀၀ ကျပ် ကျပါမယ်။
မက်ဆေ့ကနေ မှာကြားနိုင်ပါတယ်။
၁၉၉၀ ခုနှစ်တွေက မဂ္ဂဇင်းစာမျက်နှာတွေပေါ် တွေ့တွေ့နေခဲ့ ရတဲ့ ကဗျာဆရာရဲ့ပထမဦးဆုံးစာအုပ်လေး ဖြစ်ပါတယ်။
.....
အာခီတက်နှင့် သူ၏အာခီတက်ချာ
ဇော်ကိုကို(ဗိသုကာ)

"ဂယ်​ရီဟာ အမြဲတမ်း ဆန်းသစ်​​နေသူပါ။ သူ့ရဲ့ဗိသုကာလက်​ရာ​တွေဟာ ​စေ့စပ်​ပါတယ်​။ တစ်​နည်းအားဖြင့်​ဆိုရရင်​ သူဟာ ( ၂၁ ) ရာစုရဲ့ ပီကာဆိုပါ"
          " ဘဝကို လွယ်​လွယ်​ကူကူနဲ့ ဖြတ်​သန်းချင်​ရင်​ အာခီတက်​တစ်​​ယောက်​ မလုပ်​ပါနဲ့"
         "ဗိသုကာဆိုတာ အနုပညာရဲ့ပင်​မပါ။ ဗိသုကာပညာသာ မရှိရင်​ ကျုပ်​တို့ရဲ့လူ့ယဉ်​​ကျေးမှုတ​ခုလုံး ဟာ အသက်​မဲ့​သေဆုံးသွားမှာပါ"
         စာအုပ်​ကို ​ကောက်​ကိုင်​လိုက်​သည်​နှင့်​ ကမ္ဘာ့အထင်​ကရ အာခီတက်​ကြီးများရဲ့ စကားလုံး​တွေဟာ ကျွန်​​တော်​တို့ကို ဖမ်းစားသွားပါလိမ့်မယ်။ မတူကွဲပြားခြားနား​တဲ့ အာခီတက်​ဆယ်​​ယောက်​ရဲ့ဘဝကောက် ကြောင်းတွေနဲ့ အတူ သူတို့ရဲ့အထင်ကရ ဗိသုကာလက်ရာတွေကိုလည်း ရင်သပ်ရှုမောဖွယ်ရာ ထိစမ်းပွတ်သပ်ခွင့် ရနိုင် မယ့် စာအုပ်လေးပါ။ ပြောကြစတမ်းဆိုရင်တော့  ကျွန်တော်တို့ရဲ့စာပေနယ်ပယ်ထဲမှာ ဘာ သာရပ်ဆိုင်ရာ စာအုပ်လေးတွေ ကြိုကြားကြိုကြား ထွက်ရှိနေပေမယ့် ဗိသုကာဘာသာရပ်ပိုင်းဆိုင်ရာစာအုပ် သီးသန့် ထွက်လာတာဟာ ရှားပါးလွန်းလှပါတယ်။ ကမ္ဘာကျော်အာခီတက်ကြီးတွေရဲ့ ဘဝဇာတ်လမ်း အဖုံဖုံနဲ့ သူတို့ရဲ့ဖြတ်သန်းကျင်လည်ခဲ့ရာ အာခီတက်နယ်ပယ်အကြောင်းကို အချက်အလက်စုံလင်အောင်
ကြိုးစားရေးဖွဲ့ထားတဲ့ စာရေးသူရဲ့အားထုတ်မှုကို ဒီစာအုပ်ထဲမှာ အသေအချာ မြင်တွေ့ရပါလိမ့်မယ်။
       
 မျက်နှာဖုံးဒီဇိုင်းကို ကျော်ကျော်ဦးက ပြုလုပ်ပေးထားပြီး တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ကောင်းဆုသာ စာပေ တိုက်ကနေပြီး ဖြန့်ချိပေးထားပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ ထွက်ရှိလာတဲ့ အာခီတက်နှင့် သူ၏
အာခီတက်ချာ စာအုပ်နဲ့အတူ ပညာရပ်ပိုင်းဆိုင်ရာ ဗိသုကာစာအုပ်မျိုးကို အချိန်ယူရေးသားခဲ့တဲ့ ဇော်ကိုကို ( ဗိသုကာ) ကို စာပေနယ်က လှိုက်လှဲစွာ ကြိုဆိုလိုက်ရပါတယ်။ ( စာပေတမန်)
                                     

Comments