ကမ်လူဝေး - အသံတုဝိဇ္ဇာကြက်​တူ​ရွေးလူလိမ်

အသံတုဝိဇ္ဇာကြက်​တူ​ရွေးလူလိမ်
ကမ်လူဝေး
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၇


ကြက်​တူ​ရွေး​တွေ အင်္ဂလိပ်​စာရွတ်​ပြိုင်​ပွဲကြည့်​ရ
အသံတုဝိဇ္ဇာများလို အာလုတ်​သံကြီးများနဲ့
လေးဒီး အီးအီး အန်​ ဂျင်းတဲမန်း ဆိုပဲ
ကဲဘယ်​လို လုပ်​ကြမလဲ။

မတရားလုပ်​​နေတဲ့သူက စားပွဲထိပ်​ထိုင်​ရင်း
မတရားရင်​ ငုံမခံနဲ့လို့ အသံပြင်းပြင်းဆိုလို့
ကဲဘယ်​လို လုပ်​ကြမလဲ။

အသံတုဝိဇ္ဇာ​တွေဟာ အာလုတ်​သံနဲ့
ကြက်​တူ​ရွေး​တွေဟာ အင်္ဂလိပ်​စာရွတ်
လူလိမ်​​တွေဟာ မတရားရင်​ငုံမခံနဲ့
အသံတုဝိဇ္ဇာ​တွေဟာ အင်္ဂလိပ်​စာရွတ်
ကြက်​တူ​ရွေး​တွေဟာ မတရားရင်​ငုံမခံနဲ့
လူလိမ်​​တွေဟာ အာလုတ်​သံနဲ့
အသံတုဝိဇ္ဇာဟာ မတရားရင်​ငုံမခံနဲ့
ကြက်​တူ​ရွေးဟာ အာလုတ်​သံနဲ့
လူလိမ်​​တွေဟာ အင်္ဂလိပ်​စာရွတ်
အသံတုဝိဇ္ဇာ​တွေဟာ
ကြက်​တူ​ရွေး​တွေဟာ
လူလိမ်​​တွေဟာ
ငါတို့မှာ ကြည့်​ရင်း ။         ။


Comments