အာကာဦး ● လမ်း​တွေဟာ အ​ပေါက်​အပြဲ​တွေနဲ့


အာကာဦး ● လမ်း​တွေဟာ အ​ပေါက်​အပြဲ​တွေနဲ့
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၈

မီးခိုး​ငွေ့​တွေကြား မှိုင်းမိ​နေတဲ့​နေ့များ
မိတ်​​ဆွေထက်​ ရန်​သူကို​ကျောချင်းကပ်​ထားရ
နည်းပညာဟာ မုန်​တိုင်းလိုဝင်​​မွှေခံရ
ကိုယ်​ခံအားချိနဲ့​နေတဲ့ ညတာ​တွေက အရှည်
ရွေးချယ်​မိတာကို ဘယ်​လို​ရွေးချယ်​လိုက်​မိလဲလို့
ပြန်​စဉ်းစား​နေခဲ့တဲ့ ကစဉ့်​ကလျားဖြစ်​စဉ်
နား​တွေဟာ ပြန်​စာကိုမကြားခဲ့ရ​ဘူးတဲ့
မျက်​လုံး​တွေက ငို​ကြွေးကြရုံသက်​သက်​ပဲ
ပန်း​တွေမပွင့်​တာလည်းကြာပြီ
ဒီ​လောကဓံကြီး​အောက်
မေတ္တာကြိုး​တွေလည်း ခမ်း​ခြောက်​​နေတဲ့
မြစ်​​တွေကို​ငေးလို့
ကိုယ်​တင်​ဆက်​ခဲ့ရတဲ့ ကိုယ့်​လမ်းမှာ
ဒဏ်ရာကို ​ဒဏ်​ရာနဲ့ပြန်​ဖာ​​​ထေးနေရဆဲ
ဒီလမ်းဟာ ခုထိမ​ဖြောင့်​​သေးဘူး ဆိုကြပါစို့။။

အာကာဦး

Comments