လင်းသက်ငြိမ် ● မယုံကြည်​ရခြင်းများ


လင်းသက်ငြိမ် ● မယုံကြည်​ရခြင်းများ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈

မယုံကြည်​ရခြင်းဟာ ​နေ​ရောင်​ထိုးကျ​နေတဲ့
သဲ​သောင်​ပြင်​လို တလက်​လက်
ငါ့ဘယ်​ဘက်​နံ​ဘေးကထွက်​လာတယ်
ငါ့ညာဘက်​နံ​ဘေးကထွက်​လာတယ်
ငါ့အ​ရှေ့အ​နောက်​ကထွက်​လာတယ်
ငါ့​တောင်​​မြောက်​ဝဲယာကထွက်​လာတယ်
ငါ့အုပ်​ချုပ်​သူဆီကထွက်​လာတယ်
ငါ့ချစ်​သူဆီကထွက်​လာတယ်
ငါ့မိတ်​​ဆွေ​တွေဆီကထွက်​လာတယ်
မယုံကြည်​ရခြင်းကို မယုံကြည်​ရခြင်းက ခရီးဦးကြိုပြုလို့
မယုံကြည်​ရခြင်းကိုမယုံကြည်​ရခြင်းက
လက်​ဖက်​ရည်​​ခေါ်တိုက်​တယ်
မယုံကြည်​ရခြင်းဟာ မယုံကြည်​ရခြင်း​တွေနဲ့
ပြိုင်​တူစီးဆင်းသွားကြ​လေရဲ့
မယုံကြည်​ရခြင်းနဲ့ မယုံကြည်​ရခြင်းတို့
ပြိုင်​တူတိုက်​ခတ်​​ကြတယ်
မယုံကြည်​ရခြင်း​က မယုံကြည်​ရခြင်း​တွေနဲ့
မှီတင်း​နေထိုင်​ပြီး
မယုံကြည်​ရခြင်းနဲ့ မယုံကြည်​ရခြင်းတို့
သံဝါသပြုကြတယ်
ဘယ်​​နေရာကြည့်​ကြည့်
မယုံကြည်​ရခြင်းများ
ဘာသံကိုပဲကြားကြား
မယုံကြည်​ရခြင်းများ
အမှန်​တရားဆိုတာလည်း မယုံကြည်​ရဘူးတဲ့
အသိပညာ​ဆိုတာ​တွေလည်း မယုံကြည်​ရဘူးတဲ့
ကိုယ့်​ရှင်​သန်​မှုကိုယ်​ လှမ်း​ခေါ်ကြည့်​​တော့
မယုံကြည်​ရ​ခြင်း​တွေပဲ ​ပြေးထွက်​လာကြတယ်
အပျက်​အပျက်​နဲ့ အိုင်​ထွန်း​နေတဲ့ ​သွေး​တွေ
အရူးအမူး ကခုန်​​နေကြတဲ့ မယုံကြည်​ရခြင်း​တွေရဲ့
တေးသွား​က ဘာတံဆိပ်​လဲ။

လင်းသက်​ငြိမ်

Comments