မိုနေးသစ် ● ငါး

မိုနေးသစ် ● ငါး
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၈

ငါး​တွေက
အကြာကြီး
ရေငုတ်​ကြတယ်
ငါး​တွေအ​ကြေးခွံလဲသလား
မသိ​ပေမယ့်
ရေထဲက​အောက်​စီဂျင်​ကိုတော့ ခိုးရှူကြတယ်​။

ငါး​တွေမှာ
အကယ်​ဒမီမရှိကြဘူး
နိုင်​ရာကိုစားတာပဲ
တစ်​​နေ့တခြား
ငါးစာ​တွေများများလာတယ်
ငါးမြားချိတ်​​တွေနဲ့
ငါး​​တွေရဲ့​ကောင်းကင်​ကို
တည်​​ဆောက်​ထားတယ်​။

ငါး​တွေမှာ
ရွှေငါး​တွေ မိုး​ပေါ်ကကျလာတာမျိုးမရှိဘူး
ဥစစ်​စစ်​က​ပေါက်​ဖွားလာတဲ့ ငါး​တွေ
ဒါ​ပေမယ့်
ငါး​ဆွေမျိုးဆိုတာမရှိဘူး
ငါးသူ့လူ ကိုယ့်​ဖက်​သားဆိုတာ မရှိဘူး
အမြီးရှိသမျှ ကူးခတ်​ရတာပဲ
ကိုယ့်​အစားအစာကို ကိုယ်​တိုင်​ဆန်းစစ်​ရတာပဲ
ငါး​တွေမှာ စားပွဲနဲ့ ဇွန်းခရင်း​တွေမရှိဘူး
စားပွဲထိုးလည်းမရှိဘူး
ငါးအိမ်​​ဖော်​လည်းမရှိဘူး
ပိုင်​ဆိုင်​မှုစာရင်းဇယားလည်းမရှိဘူး
ငါး​တွေ
ရေဆန်​တက်​ကြတယ်
ငါး​တွေ​ရေကူးကြတယ်
သဘာဝကျကျငါး ဖြစ်​ရတာကိုက
ငါး​လေ

မို​နေးသစ်

Comments