(၇၃)နှစ်​​မြောက်​ ဖက်​ဆစ်​​တော်​လှန်​​ရေး​နေ့ အခမ်းအနား NLD ​ဌာနချုပ်​ရုံးတွင်​ကျင်းပ



(၇၃)နှစ်​​မြောက်​ ဖက်​ဆစ်​​တော်​လှန်​​ရေး​နေ့ အခမ်းအနား NLD ​ဌာနချုပ်​ရုံးတွင်​ကျင်းပ 
(သတင်း NLD ပြန်ကြားရေး) ဓာတ်ပုံ - ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ မတ် ၂၈၊ ၂၀၁၈

မတ်​ ၂၇ ရက်​ (၇၃)နှစ်​​မြောက်​ ဖက်​ဆစ်​​တော်​လှန်​​ရေး​နေ့အခမ်းအနားကို အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ဗဟိုဌာနချုပ်​ရုံး၌ မတ်​လ ၂၇ ရက်​ နံနက်​ ၁၀ နာရီကကျင်းပခဲ့သည်​။


အခမ်းအနားတွင်​ သဘာပတိဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးဟံသာမြင့်​ ကအဖွင့်​မိန်းခွန်း​ပြောကြားပြီး ဖက်​ဆစ်​​တော်​လှန်​​ရေး​နေ့ ​ကြေညာစာတမ်းကို ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ​ဒေါက်​တာမျိုးညွန့်​က ဖတ်​ကြားသည်​။ ယင်း​နောက်​ သဘာပတိ ဦးဟံသာမြင့်​က နိဂုံးချုပ်​စကား​ပြောကြားသည်​။


 အခမ်းအနားသို့ အဖွဲ့ချုပ်​နာယက ဦးတင်​ဦး၊ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးဥာဏ်​ဝင်း၊ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်​ကြီးချုပ်​ ဦုးဖြိုးမင်းသိန်း၊ဗဟို​က်ာမတီဝင်များ၊​​ရန်​ကုန်​တိုင်း​ဒေသကြီးလွှတ်​​တော်​ ဥက္ကဌ၊ဒုတိယဥက္ကဌ နှင့်​လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ အဖွဲ့ချုပ်​အဖွဲ့ဝင်​များနှင့်​ သံတမန်​များ၊သတင်းမီဒီယာများတက်​​ရောက်​ခဲ့ကြသည်​။

Comments