Save the Library in Myanmar မိတ်ဆက်


Save the Library in Myanmar မိတ်ဆက်
(မိုးမခ) မတ် ၂၇၊ ၂၀၁၈


သူတို့ရဲ့ Google App ကနေ စာအုပ်တွေ၊ အညွှန်းတွေ၊ အီးဘုတ်တွေ၊ အသံဖိုင်တွေ၊ သုတေသနတွေကို လေ့လာကြည့်ရှုနိုင်ပါတယ်။

https://play.google.com/store/apps/details?id=net.myanmarlinks.savethelibrary&rdid=net.myanmarlinks.savethelibrary  

Save the Library ဆိုတာဘာလဲ?
https://www.facebook.com/savethelibraryinmyanmar/ 
 
လူ ၁ ယောက် ၁ လ ၁ ထောင်ကျပ် စုပေါင်းထည့် ဝင်ငွေဖြင့် လစဉ်စာအုပ်ဝယ်ပြီး တက်ကြွလှုပ်ရှားနေသော စာကြည့်တိုက်များသို့ လစဉ်အလှည့်ကျ ငှားရမ်းပေးခြင်း၊

(၄) လပြည့်လျှင် အဟောင်းသိမ်း အသစ်ထပ်မံငှားရမ်းခြင်း၊

အခြားလိုအပ်သည့် အားနည်းချက် ရှိသည်များကို ဖြည့်ဆည်းပေးခြင်း (နည်းစနစ်၊ စာအုပ် အပိုင်လှူခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လှုံ့ဆော်မှုများ ဆောင်ရွက်ပေးခြင်း)

စသည်တို့ ဆောင်ရွက်ပေးမည့် ကွန်ယက် အဖွဲ့ဖြစ်ပါသည်။

ဘယ်လိုစနစ်နဲ့ ဆောင်ရွက်လဲ ?

4 in 1 System နဲ့ ငှားရမ်းပေးပါမည်။
စာကြည့်တိုက်များ အနေနဲ့ မိမိဒေသအတွင်းနဲ့ ပတ်ဝန်ကျင်က စာကြည့်တိုက် (၄)တိုက်ပေါင်းပြီး တစ်အုပ်စု ဖွဲ့ရပါမည်။
ဖွဲ့ပြီးတာနဲ့ ဆက်သွယ်နိုင်ပါပြီ။
Save the Library ကနေ စာကြည့်တိုက် (၄) တိုက်ကို အညီအမျှ စာအုပ်များ ပေးပို့ပေးပါမည်။

စာကြည့်တိုက်တွေအတွက် ဘာထူးမှာလဲ ?

မိမိတို့ စာကြည့်တိုက်တွေအတွက် အမှန်တကယ် လိုအပ်သော စာအုပ်များ ရရှိခြင်း။
စာဖတ်သူများသို့ တစ်လ (၁)ကြိမ် အသစ်များဖြင့် လဲလှယ် ငှားရမ်းပေးနိုင်ခြင်း
စာကြည့်တိုက်အနေနှင့်ရော စာဖတ်သူများအနေနှင့်ပါ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထကို ဖော်ဆောင်နိုင်ခြင်း။
စာကြည့်တိုက်နှင့် ပတ်သက်သည့် လှုပ်ရှားမှုများတွင် အခြားစာကြည့်တိုက်များနှင့်အတူ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာနိုင်ခြင်း။

ဘယ်လို ကူညီနိုင်မလဲ

ကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊
Wave Money နဲ့ OK$ ရှိတဲ့ ဆိုင်များမှ ဖြစ်စေ၊
မိမိအကောင့်မှဖြစ်စေ Wave Money နဲ့ OK$ အကောင့်ဖွင့်ထားတဲ့ -
ဦးဝင်းဆွေ - 09785175259
ကိုမောင်မောင်စိုး - 09798435623
ဖုန်းနံပါတ်များသို့ ပေးပို့လှူဒါန်းနိုင်ပါသည်။


ဆက်သွယ်ရန်

စစ်ကိုင်းတိုင်းကွန်ရက် တာဝန်ခံ
ကိုတိုးလင်းအောင် (အတိုင်းအဆမဲ့ရလာဒ် စာကြည့်တိုက်)
ဖုန်း - ဝ၉ ၇၈၆၄၂၆၀၁၀

ကိုဇော်ဝင်းမောင် (လူငယ့်အားမာန် စာကြည့်တိုက်)
ဖုန်း - ဝ၉ ၇၃၅၅၁၀၈၇

စာဖတ်ရှိန်မြှင့်တင်ရေးအကြံပေး
ဦးဝင်းဆွေ (အလင်းတံခါး စာကြည့်တိုက်)
ဖုန်း - ဝ၉ ၅၁၇၅၂၅၉

စာရင်းဇယားနှင့် ဘဏ္ဍရေးတာဝန်ခံ
ကိုကျော်ဆန်းလင်း (အလင်းတံခါး စာကြည့်တိုက်)
ဖုန်း - ဝ၉ ၇၉၇၆၆၀၇၇၄

ကလေးစာကြည့်တိုက် တာဝန်ခံ
ကိုညီဇေ (ပျော်ရွှင်သော ကလေးငယ်များ)
ဖုန်း - ဝ၉ ၇၉၅၅၅၇၉၅၅

ကွန်ရက်ချိတ်ဆက် တာဝန်ခံ
ကိုမောင်မောင်စိုး
ဖုန်း - ဝ၉ ၇၉၅၉၆၉၆၈၆
ဗဂျီအိမ် ရွေ့လျားစာကြည့်တိုက်
၁၀၆၊ အောင်မင်္ဂ္လာလမ်း၊ ကျောက်မြောင်း၊ တာမွေ

ရွေ့လျားစာကြည့်တိုက် တာဝန်ခံ
မမေသူထွန်းမြင့်
(မေတ္တာရိပ်ရွေ့လျား စာကြည့်တိုက်)
ဖုန်း - ဝ၉ ၄၂၀ဝ၀ဝ၄၄၉

မန္တလေးကွန်ရက်တာဝန်ခံ
ကိုမျိုးနိုင်ဦး (ထွန်းတောက်ရောင်ခြည် စာကြည့်တိုက်)
ဖုန်း - ဝ၉ ၇၈၃၂၂၂၀၈၃

မကွေးတိုင်းကွန်ရက် တာဝန်ခံ
ကိုသန်းတင်အောင် (ပွင့်ဖြူကွန်ရက်)
ဖုန်း - ဝ၉ ၄၀၁၅၇၄၅၁၈

မိုးမခစာအုပ်တိုက်က စာအုပ်များကိုလည်း Save the Library in Myanmar ကွန်ယက်ကို လှူဒါန်းလျက် ရှိပါတယ်။ သူတို့ကို ကျေးဇူးတင်ပါတယ်။


Comments