ဇော်အောင် (မုံရွာ) ● ဆပ်စပင်းရှင်းတံတား (Suspension Bridge)

ဇော်အောင် (မုံရွာ) ● ဆပ်စပင်းရှင်းတံတား (Suspension Bridge)
(မိုးမခ) ဧပြီ ၄၊ ၂ဝ၁၈

မြောင်းမြကြိုးတံတား ပြိုကျပျက်စီးတော့ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးတံတားကြီးတစ်ခု ၂၂ နှစ်အတွင်း ဇတ်သိမ်း ရခြင်းဖြစ်လို့ လူတွေအရမ်းစိတ်ဝင်စားကြပါတယ်။ သံမဏိကြိုးများ ကွာလတီကောင်းလာတဲ့ ကြိုးတံတားများစွာ တည် ဆောက်လာကြပါတယ်။ အလွန်လှပတဲ့ တံတားများဖြစ်လို့ မြို့ရှုခင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် တန်ဖိုးထားကြပါ တယ်။ မြောင်းမြကြိုးတံတား၊ ပုသိမ်ကြိုးတံတား စသဖြင့် မြန်မာနိုင်ငံမှာလည်း တရုတ်ပညာရှင်များရဲ့ နည်းပညာနဲ့ ကြိုးတံ တားပညာ ရရှိခဲ့ပါတယ်။

သာမန်လူနားလည်တဲ့ ဆပ်စပင်းရှင်းတံတားများအကြောင်း
https://en.wikipedia.org/wiki/Suspension_bridge

နာမည်ကျော် ဆန်ဖရန်စစ္စကိုကြိုးတံတား ဘယ်လိုတည်ဆောက်ခဲ့ပုံ၊ ကုန်ကျစရိတ်နဲ့ ပညာရှင်တစ်ယောက်က အစအဆုံး တာဝန်ယူ ဆောက်လုပ်ခဲ့ပုံကို မိုးမခမီဒီယာမှာ ကျနော် ဆောင်းပါးတစ်ခုရေးခဲ့ဖူးပါတယ်။
Link .. http://moemaka.com/archives/63139

လက်ရှိမြန်မာ လမ်းတံတားဆောက်လုပ်ရေးကို JICA  ဂျပန်အစိုးရအေဂျင်စီက သိမ်းပိုက်ထားလို့ မဆိုးဘူးပြောရမဲ့အကြောင်း ဈေးကြီးပေမဲ့ တရုတ်ပညာတွေတော့ ရထားပြီးပေမဲ့ ဂျပန်ဆီကပဲ ဆက်လက် (အဂတိမလိုက်စားနည်း) ပညာသင်ရမှာပါ။
http://moemaka.com/archives/63313

● ထိုင်ငိုရမဲ့ တရုတ်ပညာရှင်
ဒီတံတား ဆောက်တဲ့ တရုတ်ပညာရှင်ကတော့ အသက်ရှိသေးရင် ငိုမှာပါ။ အားကြိုးမာန်တက်လုပ်ကြတဲ့၊ လခပဲရတဲ့ ဒေသခံလုပ်သားတွေ၊ လမ်းတံတားဌာန ဝန်ထမ်းတွေလဲ စိတ်မကောင်းဖြစ်ကြမှာပါပဲ။ ဝီကီ တံတားပြိုပျက်စာရင်းမှာ ဒီတံ တားကို မြန်မာနိုင်ငံရဲ့ပထမဆုံးအဖြစ် ထည့်သွင်းလိုက်ပါပြီ။ ဝီကီ တံတားပြိုကျစာရင်း ...
https://en.wikipedia.org/wiki/List_of_bridge_failures

တံတားနည်းပညာကို မြန်မာနိုင်ငံ လမ်းတံတားဌာနကပညာရှင်များ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒီဗွီဘီသတင်းအရ လွန်ခဲ့တဲ့ ၂၂ နှစ် တံတားတည်ဆောက်စဉ် ကွန်ကရစ်ကို ၇၅ ရက်ကြာမှ သံမဏိဆိုင်းကြိုးတပ်ဖို့ တရုတ်ပညာရှင်များက လုပ်နေတာ ဧရာဝတီတိုင်းမှူး ပါဝင်လာပြီး၊ ဆောက်လုပ်ရေးဝန်ကြီး စစ်ဗိုလ်ချုပ်ကလည်း တရုတ်ပညာရှင်ကို ကျော်ပြီး လုပ်ခွင့်ပေးတယ်၊ မကြာခင်မှာပဲ ကွန်ကရစ်တိုင်တွေအက်ကွဲလာပြီး ဆောက်လုပ်ရေးဝန်ကြီး အသစ်လဲလိုက်ရတယ် ရေးထားပါတယ်။ နောက်ပိုင်းလဲ တန် ၆ဝ တံတားကို တန် ၂ဝ ပဲသတ်မှတ်ပြီး ၂ဝ၁၇ မှာ တာဝန်သိ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှ အဆိုတင် ဘတ်ဂျတ်ရရှိလို့ တံတားသစ်တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ကျနော်ဟာ လမ်းတံတားပညာရှင်မဟုတ်ပေမဲ့ စစ်အစိုးရခေတ်ကာလမှာ လမ်းတံတားတွေ အကြီးအကျယ်ဆောက်ကြတာကို သတိရမိပါတယ်။ ဦးသိန်းစိန်ခေတ်မှာ လမ်းဖောက်တာ လူတိုင်းလုပ်တတ်နေလို့ တံတားလုပ်တာ ပိုပြီး အမြတ်အစွန်းရတယ် ဆိုပြီး ပုဂလိကကုမ္ပဏီတစ်ခုရဲ့ တံတားဆောက်လုပ်ရေးကိုပြောင်းသွားတဲ့ လမ်းတံတား အငြိမ်းစား လမ်းတံတားပညာရှင် တစ်ယောက်က ပြောဖူးပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အန္တရာယ်ကြီးတဲ့ တံတားကြီးတွေ မဆောက်ခဲ့ဘူးလို့ သိရတဲ့အတွက် ကျေးဇူးတင်ရမှာပါ။

● ဆပ်စပင်းရှင်းတံတားနည်းပညာ

ကျနော်ကဲ့သို့ သာမန်လူများကတော့ ကြိုးတံတားတည်ဆောက်တာ
* အင်ဂျင်နီယာအဖွဲ့နဲ့ ခေါင်းဆောင်အင်ဂျင်နီယာ
* ဒီဇိုင်းကို စစ်ဆေးအတည်ပြုဖို့
* ကွန်ကရစ်ကွာလတီ၊ သံမဏိတိုင်များကွာလတီ၊
* သံမဏီကြိုးတန်းများကွာလတီ၊
* အသုံးပြုတဲ့ သံမဏိမူလီများ ကွာလတီကအစ ကွာလတီကောင်းဖို့
* သုံးတဲ့ပစ္စည်းများကို စစ်ဆေးဖို့
* ဆောက်လုပ်ဆဲအချိန်မှာ Consultant အရည်သွေးစစ်ဆေးရေးက အချိန်ပြည့် ထိမ်းကြောင်းဖို့ ...

ဒါတွေက သာမန်လူများတောင် သိပါတယ်။ တရုတ်ပညာရှင်က ဦးဆောင်တယ်ဆိုရင် သူခိုင်းတာ လုပ်ရမှာပါ။

* နောက်ဆုံး ဆောက်ပြီးသား ဆပ်စပင်းရှင်းတံတားတွေကို စစ်ဆေးဖို့ လမ်းတံတားဌာနက အလွယ်လေးပါ။ ပိုက်ဆံမရတဲ့ အလုပ်ကို လမ်းတံတားစစ်ဆေးရေးက မလုပ်ချင်၊ ပိုက်ဆံရတဲ့ ဆောက်နေဆဲ တံတားကြီးငယ် အမြောက်အများကိုပဲ စစ် ချင်ကြပါတယ်။ ဒီတော့ ပိုက်ဆံအကုန်ခံပြီး နိုင်ငံခြားကုမ္ပဏီ ဒါမှမဟုတ် လူ (skilled) နဲ့ ပစ္စည်းရှိတဲ့ မြန်မာကုမ္ပဏီကိုပဲ စစ် ဆေးခိုင်းဖို့ လိုပါတယ်။
* တကယ်တော့ တရုတ်တံတားပညာက အစိုးရကောင်းတော့ တိုးတက်ကောင်းမွန် ကမ္ဘာ့ထိပ်တန်းအဆင့် ရှိပါတယ်။ ၁၉၉ဝ နောက်ပိုင်း တရုတ်နိုင်ငံ မြောင်းမြတံတားထက်ကြီးတဲ့ တံတားကြီးပေါင်း သောင်းနဲ့ချီဆောက်ခဲ့တာ ပြိုကျတာ ၇ ခု လောက်ပဲ ရှိပါသေးတယ်။

● မြောင်းမြတံတား နောက်ဆက်တွဲ
တံတား ဆောက်နေတုန်းပြိုကျရင်တော့ ဆောက်လုပ်ရေးဝန်ကြီးထွက်ရမဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။ အရေးကြီးတဲ့ တံတား တည်ဆောက်ခြင်းကို ဦးသိန်းစိန်အစိုးရလက်ထက် သိပ်မလုပ်ပဲ .. ဒေါ်အောင်ဆန်းစုကြည်အစိုးရကတော့ JICA ဂျပန်များပဲ အပ်နှံလိုက်တာလည်း အနာဂါတ်စိတ်ချရပါမယ်။ ဈေးတော့ ကြီးကောင်းကြီးမယ်။ စိတ်ချရပါတယ်။ တကယ်တော့ တရုတ် နည်းပညာက ကမ္ဘာ့ထိပ်တန်း တံတာနည်းပညာ ဖြစ်နေပါပြီ။ ပြဿနာကြီးက တရုတ်၊ ဂျပန်၊ စင်ကာပူ စီးပွားရေးသမားများ မြန်မာပြည်ရောက်လာရင် အမှိုက်ပစ်တဲ့ စရိုက်ဆိုးတွေ ဝင်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ကာ လတုန်းက ရန်ကုန်မြို့အမှိုက်ကင်းစင်ရေးအတွက် စတင်အမှိုက်ကောက် ကင်ပိန်းလုပ်ကြတာ အဆက်မပြတ်လုပ်ကြဖို့ လို ပါတယ်။

အင်ဂျင်နီယာလုပ်ငန်းများမှာ စနစ်တကျ ပညာရှင်တစ်ယောက်ကို အစ အဆုံး တာဝန်ပေးလေ့ ရှိပါတယ်။ အာခီတက်က တာဝန်ခံမလား၊ အင်ဂျင်နီယာက တာဝန်ခံမလား။ တာဝန်ခံ တစ်ယောက်မှာ အခုခေတ်စားနေတဲ့ တာဝန်သိမှုနဲ့ တာဝန်ခံမှု Responsibility & Accountability ရှိရပါမယ်။ လစာလေး ကျပ် ၃ သိန်း၊ စီမံကိန်းစရိတ် ဇီးရိုးနဲ့ မြောင်းမြတံတားလို့ ဒေါ် လာ ၁ဝ သန်းတန်လုပ်ငန်းကြီး ကွပ်ကဲခြင်းကတော့ တာဝန်ခံလဲပဲ အခုဖြစ်နေတဲ့ အဂတိလိုက်စားနည်းမျိုးစုံကြားမှာ ပိပြား သွားမှာ ဖြစ်ပါတယ်။

အခုခေတ်မှာ နည်းပညာကိုလေ့လာရင် အင်တာနက်မှာ အလွယ်တကူရနိုင်ပါတယ်။ ဂူဂယ်မှာလဲ How to check suspension bridge ဆိုရင် နည်းပညာစာတမ်းများ တွေ့ရပါတယ်။ ဆောက်ပြီးသားတံတား အိကျလာမှုနဲ့ တံတားခံနိုင် ရည်ကို အလွယ်တကူ စစ်နိုင်ပါတယ်။ ကားအမြောက်အများသွားနေတဲ့ ရန်ကုန်က ဗန္ဓုလတံတားကြီး လှုပ်နေတယ်ဆိုတဲ့ သာမန်လူတစ်ယောက်က ဆောင်းပါးရေးတာ ဖတ်မိပါတယ်။ တံတားပညာ လက်တွေ့လုပ်နေသူများအတွက် စာအုပ်စာ တမ်းများ ရန်ကုန်၊ အင်ဂျင်နီယာအသင်း စာအုပ်ဆိုင်မှာ အများအပြားရှိပါတယ်။

ကြိုးတံတား စစ်ဆေးနည်း တစ်ခုကို လင့်ပေးလိုက်ပါတယ်။
Control Method Stretches Suspensions by Measuring the Sag
of Strands in Cable-Stayed Bridges
http://iopscience.iop.org/…/10.1…/1757-899X/245/2/022037/pdf

● နိဂုံး
ဒါကြောင့် ဂျပန် JICA ကိုပဲ ၁ဝဝ% လုပ်စေတာဖြစ်ပါတယ်။ ဖက်စပ်လုပ်ရင်လဲ ဂျပန်တွေ စိတ်ပျက်မှာပါ။ သူတို့စည်းကမ်းကို လိုက်နာမဲ့ မြန်မာကုမ္ပဏီများကိုပဲ ကန်ထရိုက်ပေးပြီး လုပ်ကြပါစေ။

သင်ခန်းစာယူနိုင်ကြပါစေ။

ဇော်အောင် (မုံရွာ)
၃ ဧပြီ၊ ၂ဝ၁၇

Comments