အဝေးက ဥသြတွေနှင့် မိတ်ဆွေတို့အတွက် ငရဲကလူ ပေးစာ
မီးဒုတ်
ဇူလိုင် ၃၀၊ ၂၀၀၉
သူငယ်ချင်း တယောက်က ပြောတယ် …
အဝေးက ဥသြတွေ တွန်သံ ပေးရုံလောက်နဲ့
ဒီက ပိတောက်တွေ မပွင့်နိုင်ဘူး။
ငါတို့ ယုံကြည်တယ် ဒီမှာ မိုးတပေါက် ရွာဖို့ …
ငါတို့ ဘယ်လောက် အပူခံရဦးမယ် မသိဘူး။
အဝေးက ဥသြတွေက လွယ်လွယ်ကူကူ တွန်သံ ပေးလို့
ငါတို့တတွေမှာတော့ ကြောပူ၊ ရင်ပူ၊ ခြေပူ
အသည်းပူ … ငရဲက လူတွေပါ။ ။
(ပြည်တွင်းက ပေးတဲ့ ကဗျာလို့ အောက်ခြေမှတ်စု ထည့်ပေးပါလို့ မှာထားပါတယ်)
Comments
နွားကျောင်းသားက ဥသြသော ဘာသော နားလည်မှာမဟုတ်ဘူး။
ဘယ် ဘယ်ကိုရယ်နှက် လည်ပင်းအထက် ခေါင်းကိုနှက်လို့
ရှားမီးခဲတွင် ရဲရဲကင် အကျွန်မမြင်ဝံ့ပါပြီတကား…
ဥသြဖိုရယ်လေ မယ့်လင်သား…… ဖြစ်သွားကိန်းရှိတယ်။
တခုတော့ရှိပါတယ်။ ဥသြတွေလို့ နှိုင်းမယ့်အစား လိပ်ပြာလေးတွေနဲ့ နှိုင်းရအောင်။
ကမ္ဘာတခြမ်းက လိပ်ပြာလေးတကောင်ရဲ့ အတောင်ပံရိုက်ခတ်တဲ့ လှိုင်းတွေကြောင့်လည်း တကမ္ဘာရဲ့ အခြားတဖက်ခြမ်းမှာလည်း ဟာရီကိန်းမုန်တိုင်းကြီးတွေ ဖြစ်ပေါ်နိုင်ပါသတဲ့။
အဓိက ကတော့ ပြင်ပကလူတွေကလည်း အတွင်းကလူတွေရဲ့ ရုန်းကန်ရမှုကို နားလည်စာနာစွာနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီကြဖို့ပါပဲ။ အပြင်ကလူတွေ လုပ်နိုင်တာတွေ၊ ကူနိုင်တာတွေ အများကြီး ရှိပါတယ်ဗျာ။