Burmese Communities in East Coast of USA to mark DASSK 65 together

အမေရိကန်အရှေ့ဖက်ခြမ်းပြည်နယ်များက မြန်မာတို့ ဒေါ်စု ၆၅ နှစ် မွေးနေ့ စုစည်းကျင်းပမည်
မိုးမခ ရွာဆော်ကြီး
ဇွန် ၁၊ ၂၀၁၀
လာမယ့် ဇွန်လ ၁၉၊ စနေနေ့မှာ ၀ါရှင်တန်ဒီစီ မှာ ပြည်နယ် မြို့နယ် ၇ ခုက မြန်မာမိသားစုတွေ စုဝေးပြီးတော့ မြန်မာပြည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားကျင်းပမည့်အကြောင်း အားလုံးကို နွေးထွေးလှိုက်လှဲစွာ ဖိတ်ကြားထားပါတယ်။
ပထမအစီအစဉ်အနေနဲ့ သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်ရှေ့မှာ နေ့ခင်း ၁ နာရီက ၃ နာရီအထိ စုဝေးကြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အရေး ဦးစားပေးဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးနောက် ညနေ ၄ နာရီက ၇ နာရီ ကယ်ဗာရီ ဘက်ပစ် ချပ်မှာ မွေးနေ့အခမ်းအနားကို ယဉ်ကျေးမှုကပွဲ၊ ဗမာ့အငြိမ့်၊ ဓာတ်ပုံပြပွဲ စသည်တို့နဲ့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်း ရေရရှိရေး ၀ိုင်းဝန်းကူညီကြဖို့ နှိုးဆော်ရေး အစီအစဉ်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ၀င်ကြေးနဲ့ အစားအသောက်များကို အခမဲ့ လှူတယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ တခုတည်းသော အတိုက်အခံပါတီကြီး -အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို ထောက်ခံသူများ သွားဖြစ်အောင် သွားပြီး စုဝေး အင်အားပြသင့်တဲ့ ပွဲ တခု ဖြစ်ပါတယ်။

Comments