Burmese in Fort Wayne marked 63 year of Burma's Martyr Day

၆၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဖို့ဝိန်းမြန်မာများ ဆွမ်းကျွေး
မိုးမခအထောက်တော် (ဖို့ဝိန်း)
ဇူလိုင် ၂၀၊ ၂၀၁၀
မြန်မာပြည် နိုင်ငံရေးဖိနှိပ်မှုများကြောင့် တတိယနိုင်ငံများသို့ ရွှေ့ပြောင်းခိုလှုံနေထိုင်သူ မြန်မာတိုင်းရင်းမိသားစုများ အများစု စုဝေးနေထိုင်ရာ အမေရိကန်ပြည်၊ အင်ဒီယာနာနယ်၊ ဖို့ဝိန်းမြို့၊ ဇေတ၀န်ကျောင်းတိုက်တွင် သံဃာတော်များကို စုပေါင်း ဆွမ်းကပ်လှူကြပြီး မြန်မာပြည်၏ ၆၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ တရားနာ ရေစက်ချ အမျှအတမ်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။
( ဆွမ်းများကပ်လှူနေသော မြန်မာမိသားစုများနှင့် ဂီတပညာရှင် မာမာအေး ကို တွေ့ရစဉ်)
အာဇာနည်နေ့ အမှတ်တရ စကားဝိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲ တိုက်ဖျက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ပေါက်ရေးဆိုင်ရာ အကြောင်းများကို ဆွေးနွေးကြသည်ဟု ကိုအောင်မြင့်ထွန်း (88GSE) က ပြောကြားသည်။ (ဓာတ်ပုံ - အောင်မြင့်ထွန်း (88 GSE))

Comments