၂၀၁၁ အပြောင်းအလဲများအတွက် Eleven Media Group က ဂုဏ်ပြုပွဲကျင်းပမည်
တာရာဝေယံ။ နိုဝင်ဘာ ၁၁၊ ၂၀၁၁
အခုလာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ဟာ ၁ ခြောက်လုံး
စုံတဲ့ ထူးခြားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ အဲသည်လို ထူးခြားတဲ့နေ့မှာ Eleven Media
Group က ၂၀၁၁ ရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲကို (၁) ဦးဆောင်ပြောင်းလဲ အကောင်အထည်ဖော်ခဲ့ကြသူများ
(၂) ကြိုးပမ်းဆောင်ရွက်ခဲ့သူများ (၃) အပြောင်းအလဲအတွက် အနစ်နာခံကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများ
ကို ဂုဏ်ပြုတဲ့ပွဲတပွဲကို ၁၁။ ၁၁။ ၁၁ နေ့မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၉နေ့ထုတ်
Weekly Eleven ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါ ဂုဏ်ပြုပွဲအတွက် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး စတဲ့နယ်ပယ် အသီးသီးမှာ ဆောင်ရွက်ခဲ့ကြသူများကို ဖိတ်ကြားထားကြောင်း
သိရပါတယ်။ ထိုသို့ ဖိတ်ကြားထားသူများတွင် ၈၈ မျူိုးဆက် ကျောင်းသားခေါင်းဆောင်များ၊
၁၉၆၂ မျိုးဆက်၊ ၁၉၇၄၊ ၇၅ မျိုးဆက် နိုင်ငံရေးသမားများနဲ့ နိုင်ငံရေဒးအကျဉ်းသားဟောင်းများ
ပါဝင်ကြောင်း သတင်းရရှိပါတယ်။



Comments