မြန်မာပြည် အနာဂတ်အတွက်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၂၊ ၂၀၁၁
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၁၂၊ ၂၀၁၁
စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာများဖြစ်သည့် မဇီဇ၀ါလင်းသိန်း (YEC) စင်ကာပူကျောင်းသား လူငယ်များအဖွဲ့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်၍ပညာသင်ကြားနေကြသော ပြည်တွင်းရှိ မြန်မာကလေးငယ်များအား ပညာရေး မနှောင့် နှေးစေရန်အတွက်လည်းကောင်း၊ မပူမပင် မကြောင့်မကျစေရန် ရည်ရွယ်၍ ပညာသင်ကြားရာတွင် အထောက်အကူပစ္စည်းဖြစ်သော ခဲတံ၊ စာအုပ်၊ ကွန်ပါဘူး၊ ရောင်စုံခဲတံ၊ လွတ်အိတ်များနှင့် အ၀တ်အထည်များအား လာရောက်လှူဒါန်းသည့်အတွက် ၁၁.၁၂.၂၀၁၁ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အမှုဆောင်များ၊ အသင်းသား/သူများနှင့် မဇီဇ၀ါလင်းသိန်းတို့အတူ လိုက်ပါကာ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း မြို့နယ်၊ ၁၅၅ ရပ်ကွက်၊ သိင်္ဂီလမ်းရှိ “ချမ်းသာအောင်” သီလရှင်သင်ပညာရေးကျောင်းသို့ ခဲရာခဲဆစ် သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ် ခဲ့သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ “ချမ်းသာအောင်” သီလရှင်သင်ပညာရေးကျောင်းသို့ ပူးတွဲ၍လှူဒါန်းသောပစ္စည်းများမှ - ဒန်အိုး၊ ဒယ် အိုး၊ ဇလုံ၊ ဆပ်ပြာ၊ သောက်ရေခွက်၊ မ-၀တ်စကတ်၊ ဗလာစာအုပ်၊ ပေတံ၊ ခဲတံ၊ ဘောဖျက်၊ ဘောပင်၊ အ၀တ်အထည်၊ အာဟာရမှုန့်ဗူး၊ ဆန် အစရှိသည်တို့ကို လှူဒါန်းပေးအပ်ခဲ့ပြီးသည့်နောက် ကလေးငယ်များအား တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့်ပတ်သက်သော ပညာပေး ကဗျာအားလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ ရွတ်ဆိုသင်ကြားပို့ချ ပေးခဲ့ရာ ကလေးငယ်များ အထူးဝမ်းသာပျော်ရွှင်ခဲ့သည်။
ယင်း “ချမ်းသာအောင်” သီလရှင်သင်ပညာရေးကျောင်းတွင် သာမဏေ (၂) ပါး၊ သီလရှင် (၉) ပါး၊ ကျား (၃၈) ဦး၊ မ (၃၈) ဦး စုစုပေါင်း ပညာသင်ကလေး (၈၇) ဦးရှိသည်။ ပညာသင်ကြားပေးသော သီလရှင် (၂) ပါး၊ ဆရာ (၁) ဦး၊ ဆရာမ (၃) ဦးတို့မှ ကုသိုလ်ဖြစ် သင်ကြားပို့ချပေးလျှက်ရှိရာ ကလေးငယ်များ ဆရာ/မများသည် တဲအိမ်လေးအတွင်းတွင် မြန်မာပြည် အနာဂတ်အတွက် အနစ်နာခံ၍ မျိုးဆက် သစ်များအား ပြုစုပျိုးထောင် ပေးလျှက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။ ယခုကဲ့သို့ ပြည်ပရောက် မြန်မာ လူငယ်အသင်းအဖွဲ့များအနေဖြင့် ပြည်တွင်းတွင် ပညာသင်ကြားရန် ခက်ခဲနေသော ပြည်တွင်းရှိ မြန်မာကလေးငယ်များအား လာရောက်လှူဒါန်းမှုကို အထူးဝမ်းမြောက် ၀မ်းသာစွာဖြင့် သာဓု .. သာဓု .. သာဓုဟု ခေါ်ဆိုလိုက်ပါသည်။ ယင်းကဲ့သို့ ပညာလိုလားတောင့်တနေကြသော ကလေးငယ်များသည် မိုးရာသီ အချိန်ကာလ၌ ရေထဲ၊ ရွှံ့ထဲ၊ ဗွက်ထဲတွင် ရုန်းကန်လှုပ်ရှား၍ ပညာကို သင်ကြားနေကြရသည်။ ယခုလို ဆောင်းရာသီ၊ နွေရာသီ အချိန်ကာလများတွင် ပညာရေးအတွက် မြေပြင်ပေါ်တွင်သာ ထိုင်လျှက် ကြိုးစားသင်ယူနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
ထိုကဲ့သို့သော ပြည်တွင်းတွင် ပညာသင်ကြားရန်ခက်ခဲမှုများဖြင့် ကြုံတွေ့နေရသော ကလေးငယ်များ၏ အနာဂတ်အတွက် လှူဒါန်းလိုကြ သော ပြည်တွင်း/ပ အလှူရှင်များအားလည်း ၀ိုင်းဝန်းလှူဒါန်းမှုများပြုလုပ်ကြပါရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။
Comments