News & Media

ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်စက်ရောင်၏ဇနီး ဒေါ်ခင်ရီ (ဖွားစွာ) ရက်လည်ဆွမ်းကျွေးအလှူ
ဇန်န၀ါရီ ၆၊ ၂၀၁၂
တာရာဝေယံ



ဇန်န၀ါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ အောင်သစ္စာလမ်း၊ အမှတ် (၅) မှာနေတဲ့ ဗိုလ်စက်ရောင် (ခ) ဦးခင်မောင် (ဂျပန်ခေတ် တတိယပတ်ဗိုလ်သင်တန်းဆင်း) ၏ ဇနီး ဒေါ်ခင်ရီ (ဖွားစွာ) သထုံ/ဇီးကုန်း (၈၆) ရဲ့ ရက်လည် ဆွမ်းကျွေးကို နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ရပ်နီး၊ ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြပါတယ်။


ဒေါ်ခင်ရီဟာ ၃၀၊ ၁၂၊ ၂၀၁၁ (သောကြာနေ့) မနက် ၅း ၄၀ နာရီက လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဈာပနကို ၁၊ ၁၊ ၂၀၁၂ (တနင်္ဂနွေ) ညနေ ၄ နာရီက ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။


ဒေါ်ခင်ရီကွယ်လွန်ချိန်မှာ သားသမီးများဖြစ်ကြတဲ့ ဦးခင်မောင်ဦး + ဒေါ်စန်းမြင့်၊ ဦးခင်မောင်လတ် + ဒေါ်အေး၊ (ဦးခင်မောင်ဌေး) + ဒေါ်အေးရီ၊ ဦးခင်မောင်သော် + ဒေါ်ခင်ထွေး၊ ဒေါက်တာမြဦး (Emerald maritime medical centre) + ဒေါ်ခင်အေးရီ၊ ဦးနေမျိုး + ဒေါ်ခင်နှင်းရီ၊ ဦးခင်မောင်ဝင်း + ဒေါ်စောပဘာ၊ ဦးအောင်အောင်နိုင် + ဒေါ်ခင်လဲ့ရီတို့ ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Comments