ပြည်သူချစ်တဲ့
ဇာဂနာ နဲ့ ၀ါရှင်တန်မက်ထရို မေရီလန်း မြန်မာတို့ တွေ့ဆုံမည်
ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၆ နာရီက ၉
နာရီ၊ University of Maryland @
Shady Grove/ ၀င်ကြေး အခမဲ့
ဝါရှင်တန်မြို့ တော် ရောက်လာမယ့် ဂတုံးကြီး
ဇာဝါရီ။ ဇန်န၀ါရီ ၂၃၊ ၂၀၁၂
ဘာမှမပြောင်းမလဲ နှစ်ပေါင်းများစွာ တရားမဲ့ အုပ်ချုပ်မင်းလုပ်သူတွေအောက်
ဒဏ်ရာများစွာနဲ့ မေ့မျောနေရာမှ ရုတ်ချည်း အရပ်သားအမည်ခံ စစ်ဗိုလ်ဝန်ကြီးဖြစ်အစိုးရ၏
ဟိုဟာရွှေ့ ဒီဟာပြောင်း လုပ်ပေးလိုက်မှုကြောင့် ရွှေအမည်ခံ ရွှံ့ ဖြစ်နေတဲ့တိုင်းပြည် ပြောင်းလဲလာပြီးလို့
မီဒီယာတွေကအော်၊ ဟိုလူပြော ဒီလူပေါနဲ့ ဖြစ်နေချိန် ကျေးဇူးတော်ကြီးမားပေလှ လွတ်ငြိမ်းနဲ့
အကျဉ်းစခန်းမှ လွတ်မြောက်လာခဲ့ပြီး စကားတွေ ရေပက်မဝင်ပြော၊ လူပေါင်းစုံနဲ့ တွေ့ (ဒီအတွက်
အမြင်စောင်း အခင်အမင်ပြောင်း ဖြစ်ခံရ)၊ နယ်ခြားနိုင်ငံတွေ ခရီးဆက်ပြီး ရေခြားမြေခြား
မြန်မာများနဲ့တွေ့ဆုံ ရှင်းလင်း ဒီလိုဟိုလို အလုပ်များစွာနဲ့ လှုပ်ရှားအရှုပ်များနေသူ
မြန်မာ၊ ကမ္ဘာသိ ဂတုံးကြီး၊ စွယ်စုံရ အနုပညာရှင် ဟာသကဝိ၊ နိုင်ငံရေးကြောင့် ဇာတ်ခုံ၊
ထောင်၊ အိမ် ပတ်လည်ခရီးဆက်နေခဲ့တဲ့ ဇာဂနာ ခေါ် မောင်သူရ တယောက် မကြာခင် ရက်ပိုင်းအတွင်း
ဝေဟင်ခရီးနဲ့ အမေရိကန်ပြည်ထောင်စု မြို့ တော် ဝါရှင်တန်ဒီစီ ကို သမ္မတ အိုဘားမားနဲ့
တွေ့ဖို့တော့မဟုတ် မဟာမြို့ တော်ကြီးတဝိုက်မှာ ရုန်းကန်လှုပ်ရှား ရှင်သန်နေကြတဲ့ (ရွှေ)
မြန်မာမိသားစုများနဲ့ စကားဖွဲ့ဖို့ ရောက်ရှိလာပါတော့မယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ ဘက်ခြမ်း မဟာဝါရှင်တန်မြို
့တော် ဒီစီ၊ မယ်ရီလန်း၊ ဗားဂျီးနီးယား ပြည်နယ်များနေ မြန်မာမိသားစုများနဲ့ ဂတုံးကြီး
တွေ့ဆုံစကားပြောပွဲကို ဖေဖေါ်ဝါရီလ (၄) ရက်နေ့၊ စနေနေ့ ညနေ ၆ နာရီမှ ည ၉ နာရီအထိ မယ်ရီလန်းပြည်နယ်တက္ကသိုလ်
အနုပညာခမ်းမဆောင်မှာ တပျော်တပါး ကျင်းပပြုလုပ်သွားကြမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး စီစဉ်နေသူများက
စကားပွါးလိုက်ပါတယ်။
အခမ်းအနားမှာ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်၏ နှုတ်ဆက်စကား ဗွီဒီယို၊ မြန်မာနိုင်ငံ လွတ်လပ်ခြင်း အနုပညာပွဲတော်မှ
အကောင်းဆုံးနဲ့ ဆုရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားများ ပြသခြင်း နဲ့ နောက်ဆုံး မစ္စတာ ဇာဂနာ
ဟောနှောပွဲ နဲ့ ပရိသတ် အမေးအဖြေကဏ္ဍ တို့ကို စီစဉ်ထားပါတယ်တဲ့။ သူကို တွေ့ချင်လိုသူ၊ စကားပြောလိုသူ၊ ဓါတ်ပုံတွဲရိုက်ချင်သူ၊
မေးခွန်းရှိသူ၊ စစ်ဆေးလိုသူများ ကြွရောက်ကြပါရန် နှိုးဆော်လိုက်ပါတယ် (အသေးစိတ် ဖိတ်စာရှု
့)
မိုင်ထောင်ပေါင်းများစွာ ဖြတ်သန်းပြီး အမေရိကရောက်
မြန်မာမိသားစု မိတ်သင်္ဂဟများကို တွေ့ဆုံစကားပြောလိုတယ့် မစ္စတာ ဇာဂနာ ကို သမ္မတကြီး အိုဘားမား
ကိုယ်စား မဟာဝါရှင်တန်မြို့ တော်ကြီးမှ ကြိုဆိုနေပါတယ်။
Comments