Due to unknown citizen's complaint, township interfered local internet internet game shops

အမည်မဖော်သူမြို့နယ်မှလူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀နာရီ ပိတ်ရမည်
မိုးမခအထောက်တော်၊ ဖေ့စ်ဘွတ်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂
အင်တာနက်ပေါ်တွင် လူပြောများနေသော မြန်မာကြံ့ဖွံ့အစိုးရ၏ ရုံးစာတခုအရ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ၎င်းမြို့နယ်အတွင်းရှိ အင်တာနက်ဂိမ်းဆိုင်များကို ည၁၀နာရီ နောက်ပိုင်း မဖွင့်ရန် ညွှန်ကြားလိုက်သည်ကို တွေ့ရသည်။ ကျောင်းချိန်များတွင်လည်း ဆိုင်များတွင် ကစားခွင့်မပြုရေးကိုလည်း ခန်ဝံကတိများထိုးရမည်ဟု ညွှန်ကြားစာတွင် ရေးထားသည်။
အဆိုပါ ရုံးစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တခုအတွင်း နေထိုင်သူတဦး၏ တိုင်ကြားစာအရ အရေးယူသည့်သဘော ရေးထားရာ အဆိုပါ ပြည်သူတဦး၏ တင်ပြချက်ကို မြို့နယ်အုပ်ချုပ်ရေးမှုးက တိုက်ရိုက် လက်ခံ အရေးယူရာရောက်နေပြီး၊ နိုင်ငံတော်၏ ခွင့်ပြုချက်နှင့် ဖွင့်ထားသော အင်တာနက်ဆိုင်များ၏ အခွင့်အရေးကို မြို့နယ်က တိုက်ရိုက်စွက်ဖက်သည့် သဘောဖြစ်နေသည်။

Comments