Kamar Pale - Poem

နွေဦး ... အစိမ်း
ကမာပုလဲ
ဖေဖော်ဝါရီ ၈၊ ၂၀၁၂


ရုတ်ချည်း
စိတ်လိုလက်ရ ခုန်ချလိုက်တဲ့
ရော်ဝါရွှေရီ သစ်ရွက်ကလေး ...။

စိုးထိတ်ဗျာပွေ ပင်စည်မကြီး
လာလမ်းအတိုင်း လှည့်ပြန်သွားတဲ့
အရှေ့ မြောက်ပြန်လေ ...။

ခပ်နှေးနှေး ကြည်လင်လာစ
ဘ၀အမောပြေ စမ်းချောင်းကလေး
တားဆီး ကျောက်ဆိုင်ထုတွေ အကြား
အပြေးနှုန်းကို ရပ်ပစ်ခဲ့ ...။

ငှက်ကလေးရေ
သင် ဆိုနေကျ
ကြေကွဲတေးနဲ့
ဘ၀ကို တည်ဆောက်ခဲ့ကြ သူတွေပါ ...
ခြေလှမ်းမှားတဲ့ မြေပုံညွှန်းမှာ
(ငါတို့အားလုံး)
ပင်လယ်ပြာနဲ့ ဝေးခဲ့တယ်။ ။

Comments