Letter to Moemaka

What is Good Governance? Where is Clean Government?
(ပေးစာ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂

၁၇၊ ၂၊ ၂၀၁၂ ရက်၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လူထူဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ် အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့်တောင်းခံထားရာ ခွင့်ပြုချက်မရရှိတော့ပါ။ ယနေ့ (၁၅၊ ၂၊ ၂၀၁၂) ရက်နေ့မှ အားကစားကွင်းအား အသုံးပြုခွင့်မပေးနိုင်ကြောင်း အကြောင်းပြန်လာပါသည်။ ပိုဆိုးသည်မှာ တပတ်ကျော်လောက်ကတည်းက ခွင့်ပြုချက်တောင်းခံထားသော်လည်း တိတိပပ အကြောင်းပြန်ကြားခြင်းမရှိဘဲ၊ ယခုလို နီးကပ်လာမှ ခွင်မပြုနိုင်ပါဟု အကြောင်းပြန်လာခြင်းဖြစ်ပါသည်။

ဖျာပုံမြို့သည် ဧရိယာကျဉ်းသော မြို့ကလေးတမြို့သာဖြစ်သဖြင့် ပရိတ်သတ်ထောင်ပေါင်းများစွာ တက်ရောက်အားပေးနိုင်သော နေရာ များများစားစားမရှိပါ။ ယခုလက်ရှိအချိတ်တွင် ဖျာပုံမြို့နယ် အဲန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသူများမှ ဟောပြောပွဲမပျက်စေရန်အတွက် အပူတပြင်း ကြိုးပမ်းနေကြရပါသည်။ မြို့ထဲတွင် လုံလောက်ကျယ်ဝန်းသော နေရာမရှိသဖြင့် မြို့ပြင်လယ်ကွင်းများထဲတွင် အခမ်းအနားကျင်းပနိုင်ရန် ခက်ခဲပင်ပန်းစွာ စီစဉ်နေကြရပါသည်။ ဟောပြောပွဲအတွက် ပြင်း ထန်သော နေပူထဲတွင် ပြင်ဆင်ကြိုးပမ်းနေကြသော ဓာတ်ပုံများကို အများသိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။







ပြည်သူတရပ်လုံး၏စိတ်ဓာတ်နှင့် ဇွဲလုံ့လကို မည်သည့်အရာတို့နှင့်မျှ ပိတ်ပင်တားဆီး၍ မရနိုင်ကြောင်းကို ဖျာပုံမြို့သူ မြို့သားတို့မှ သကသေပြနိုင်ရန် တတ်စွမ်းသရွေ့ ကြိုးစားသွားပါမည်။ (တန်ဖိုးကြီးမားသော စိန်ဆိုသည်မှာ ပြင်းထန်သော ဖိအားနှင့် အပူချိန်တို့မှ ပေါက်ဖွားလာရကြောင်း သက်ဆိုင်သူအားလုံး သိစေချင်သည်)

မင်းခေါင် (ဖျာပုံ)

Comments