နေပြည်တော်ရောက် အမတ်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့
မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၆၊ ၂၀၁၂
မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၆၊ ၂၀၁၂
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် လွှတ်တော်တက်နေကြသည့် အနယ်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။
Reuters သတင်းဓာတ်ပုံအရ တွေ့ဆုံခဲ့သည့် ကိုယ်စားလှယ်ပေါင်း ၁၄ ဦး ရှိသည်ဟု သိရသည်။ မည်သည့်အကြောင်းအရာများကို ပြောဆို ဆွေးနွေးကြခြင်းဖြစ်ကြောင်း မသိရသေးပေ။
ထိုသို့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ဆက်လက် စည်းရုံးရေးဆင်းခဲ့သည်။
မကြာသေးမီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆိပ်နံတုံးကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသည်။ မည်သူ၊ မည်သည့်အဖွဲ့၏ လက်ချက် ဆိုသည်ကို မသိရသေးပေ။
နေပြည်တော်တွင် မဲဆွယ်စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ဆိုင်းဘုတ်ဖျက်ဆီးသည့် လုပ်ရပ်သည် “အောက်တန်းကျသည့်လုပ်ရပ်” ဟု ဝေဖန်လိုက်ကြောင်း သိရသည်။
Comments