ဟံသာဝတီဦးဝင်းတင် မတ် ၁၂ မှာ ၈၂ နှစ်ပြည့်မည်
ဓာတ်ပုံသတင်း၊ မတ် ၉ ၊ ၂၀၁၂
လာမယ့် မတ် ၁၂ မှာ မြန်မာပြည်ရဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ထူထောင်ခဲ့သူ တဦး၊ သံမဏိသက်ရှည် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အသက် ၈၂ ပြည့်မယ်လို့ သိရပါတယ်။ အဲသည် မွေးနေ့အတွက် အမှတ်တရစကားကို ချစ်ခင်လေးစားသူများအတွက် ရေးသားထားတာကို အထက်ပါအတိုင်း တွေ့ရပါတယ်။ ငယ်စဉ် အသက် ၂၈ ကတည်းက သူများအတွက် အသက်ရှင်လာခဲ့သူတဦးအနေနဲ့ သေဖို့အတွက် မနေဘူး၊ သူများအတွက် နေဖို့ အသက်ရှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
Comments