Burmese Consul Office to open in US west coast


ကယ်လီဖိုးနီးယားကို မြန်မာကောင်စစ်ဝန်ရုံး လာဖွင့်မယ်
7Days News Journal  ကောက်နုတ်ချက်၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၃
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေးနိုင်ရန် သက်ဆိုင်ရာ နိုင်ငံနှင့် ညှိနှိုင်းနေပြီး၊ ကောင်စစ်ဝန်ရုံးဖွင့်လှစ်ရန် ကုန်ကျမည့် ဘက်ဂျက်ကိစ္စကို ဆွေးနွေးနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ယနေ့ (ဇန်န၀ါရီ ၂၉) ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ 
အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာသံရုံးရှိပြီး၊ နယူးယောက်မြို့တွင် ကောင်စစ်ဝန်ရုံးတစ်ရုံးဖွင့်လှစ်ပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကမ်းခြေဒေသဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်မှာ အမေရိရောက် မြန်မာ ၁၈၀၀၀ ခန့်နေထိုင်သော ပြည်နယ်ဖြစ်ပြီး၊ ကောင်စစ်ဝန်ရုံး ထပ်မံဖွင့်လှစ်ရန် ညှိနှိုင်းဆွေးနွေးနေကြောင်း ဒုဝန်ကြီးက ပြောကြားသွားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သော မြန်မာဦးရေမှာ ၂၀၁၀ ပြည့်နှစ်စာရင်းအရ ၁၀၀၂၀၀ ကျော်ရှိသည်။ 
နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလှမြင့်ဦး၏ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် အစီအစဉ်ရှိမရှိ မေးခွန်းကို နိုင်ငံခြားရေးဒုဝန်ကြီးက ယနေ့လွှတ်တော်တွင် ပြန်လည်ဖြေကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Comments