မဟာချိုင်မှလူနာ မယ်တော်ဆေးခန်းသို့ ကယ်ဆယ်ရေးဆရာတော် ပို့ဆောင်
ချမ်းမြ၊ ဇန်န၀ါရီ ၉၊ ၂၀၁၃
ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှ မြန်မာအလုပ်သမားတဦးကို “ကူညီရေးဆရာတော်” မှ ကူညီမှုတခုပြုလုပ်ခဲ့သည်။ ဒေါက်တာစင်သီယာမောင် မယ်တော်ဆေးခန်းသို့ ပို့ဆောင် ဆေးကုသပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါအလုပ်သမားသည် ယာယီနေထိုင်ခွင့်  ပတ်စပို့ ပြုလုပ်ထားသော်လည်း ဆေးရုံ၊ ဆေးစစ်လက်မှတ် လုပ်မထားပေ။ အမှန်တကယ် ကျမ္မာရေး ချို့ယွင်းလာသောအခါ ဆေးရုံသို့သွားသော်လည်း အပြင်နှုန်းထားဖြင့်ပေးရမည်ဟု ဆိုသည်။
ငွေကြေးမတတ်နိုင် အခက်အခဲဖြစ်ပြီး ရောဂါကလည်းသည်းလာသည်။ “ကူညီကယ်ဆယ်ရေး”ဆရာတော်ထံ ဆက်သွယ် အကူအညီတောင်းခံလာသဖြင့် ဘန်ကောက်၊ မဟာချိုင်ဒေသမှ မဲဆောက်ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးရုံ အထိ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် လူနာအတွက် ကားခနှင့် ဘတ်ငွေ ၃ထောင်၊ ဆေးရုံဝေယျာဝစ္စအတွက် အလှူတော်ငွေ ဘတ် ၅ထောင်တို့ကို ဆရာတော်ဦးဇောတိကမှ ဇန်န၀ါရီ ၈၊ အင်္ဂါနေ့ နံက် ၁၀ နာရီတွင် သွားရောက် လှူဒါန်းကူညီခဲ့ကြောင်း သိရသည်။ လက်မှတ်မဲ့ဒုက္ခရောက် နေသောသူမှာ မြန်မာနိုင်ငံ၊ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဥတိုရွာမှ မောင်စိုးမိုးအောင်၊အသက် ၃၆ နှစ်ဖြစ်သည်။
Comments