လူမှုခရီးသွားရဲဘော် ကြွေလွင့်ခြင်း
ဇွဲမဟိဏ်ခ
ဇန်န၀ါရီ ၂၉၊ ၂၀၁၃
ဇွဲမဟိဏ်ခ
ဇန်န၀ါရီ ၂၉၊ ၂၀၁၃
လူသားအားလုံး
သေဆုံးရန်အတွက် မွေးဖွားလာကြခြင်းဖြစ်သည် မဟုတ်ပါလော။ သက်တမ်း မစေ့မှီ
သေဆုံးသွားကြသူများလည်း အများအပြား။ သေဆုံးမှု အတတ်ပညာအား သင်ယူရန်မလိုအောင်
ပါရမီရှိကြသော လူသားများဖြစ်သည်။
၂၆.၁.၂ဝ၁၂ ရက်နေ့ နံနက် (ဝ၁း၁၅) နာရီအချိန်ဖြစ်သည်။
“ဇေယျာမျိုး မုံရွာဆေးရုံမှာ ဆုံးသွားပြီ” ဟု ရှိုက်ငင်ကြေကွဲသံဖြင့် မော်တော်ယာဉ်မှူး ဦးစောထွန်း မှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်း ဖြစ်သည်။
၂၆.၁.၂ဝ၁၂ ရက်နေ့ နံနက် (ဝ၁း၁၅) နာရီအချိန်ဖြစ်သည်။
“ဇေယျာမျိုး မုံရွာဆေးရုံမှာ ဆုံးသွားပြီ” ဟု ရှိုက်ငင်ကြေကွဲသံဖြင့် မော်တော်ယာဉ်မှူး ဦးစောထွန်း မှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်း ဖြစ်သည်။
၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့မှ (၁၃) ရက်နေ့အထိ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ “Kyaw Thu’s First Break Out” အယူသီးမှုတိုက်ဖျက်ရေး လူမှုရေးခရီးစဉ်အဖြစ် မန္တလေး - ရွှေဘို - ကျောက်ဆည် - တောင်ကြီး - အင်းလေး အစရှိသည့် ခရီးစဉ်တစ်လျှောက်တွင် မရပ်မနား အပင်ပန်းခံကာ အပြုံးမပျက် အသင်းသား/သူများနှင့်အတူ ပေးဆပ်ခဲ့သည့် ယာဉ်အကူ၊ ရွှေစင်စင်္ကြာ မော် တော်ယာဉ်လိုင်း၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့ပြီး မော်တော်ယာဉ်မှူး တာဝန်ခံ ဦးစောထွန်း၏ အားကိုး ယုံကြည် စိတ်ချရသည့် သား/တပည့်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထပ်မံ သွားရောက်မည့် လူမှုရေးဟောပြောပွဲ ခရီးစဉ်များ၌ လိုက်ပါပေးဆပ်မည်ဟု ကတိပေးခဲ့သူ၊ ရွှေစင်စင်္ကြာ မိသားစုနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် ကူညီလှူဒါန်း ပေးဆပ်မှုများတွင် ပြယုဒ်အဖြစ် ရှေ့ တန်းမှ လုပ်အားဖြင့်ပေးဆပ်ခဲ့သူ ယာဉ်အကူ ကိုဇေယျာမျိုး …. ။
မုံရွာဆေးရုံကြီးမှ ကွယ်လွန်သူ ကိုဇေယျာမျိုး အသက် (၂၉) နှစ်၏ ရုပ်အလောင်းအား ၂၆.၁. ၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင် “ဒေဝဂတိ” နာမှုကူညီရေးအသင်းမှ ကူညီဖေးမမှုဖြင့် စတင်ထွက်ခွာပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြား သည့်အတွက် မိမိတို့မှ လည်း မွန်းလွဲ (၂းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့သည်။ ၂၇.၁.၂ဝ၁၃ ရက်နေ့ နံနက် (ဝ၁းဝဝ) နာရီ အချိန်တွင် ရန်ကုန်မြို့ ရေဝေးသုဿန်သို့ ကွယ်လွန်သူ ကိုဇေယျာမျိုး၏ သက်မဲ့ခန္ဓာကိုယ်ကြီးအား ကွယ်လွန်သူ၏ မိသားစုဝင်များတို့သည် ဝမ်းနည်း စွာကြည့်ရှုကြပြီးနောက် အအေးခန်းတွင်းသို့ ပို့ဆောင် ကူညီပေးနိုင်ခဲ့သည်။
ဆက်လက်၍ ၂၈.၁.၂ဝ၁၃ ရက်နေ့ ညနေ (၃းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ ကိုဇေယျာမျိုး အသက် (၂၉) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အစီအစဉ်ဖြင့် မိသားစု ဝင်များ၊ ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားလုပ်ငန်း လုပ်ဖော်ကိုင်ဖက်များ၊ ရပ်မိ/ဖများ၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ လူမှုရေးခရီးသွား ညီအစ်ကို မောင်နှမများနှင့် အသင်းသား/သူများတို့မှ ဝိုင်းဝန်းပြင်ဆင်လို့ သေဆုံးသူအတွက် ပြင်ဆင်ရခြင်းသည် ဘာမှထူးမလာတော့ဘူးဆိုကြပေမယ့် ကိုဇေယျာမျိုး တစ်ယောက်ကတော့ အလူမီနီယံမှန် အခေါင်းထဲတွင် ပန်းများဝေလို့ ခန်းမထဲတွင် လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများ၊ ဝမ်းနည်းခြင်းမျက်ရည်တွေခင်းလို့ နောက်ဆုံးနှုတ်ဆက်ဖို့ စောင့်နေကြတဲ့ ပရိသတ်များ ရေဝေးသုသာန်၏ ခန်းမတွင် ခြေချရန် နေရာမရှိအောင် ပြည့်ကြပ်လို့နေလေရဲ့။ ကျန်ရစ်သူမိသားစုတို့၏ လွမ်းသူ့ပန်းခွေ၊ ရွှေစင်စင်္ကြာမိသားစု၏ လွမ်းသူ့ပန်းခွေ၊ ရွှေစင်စင်္ကြာမော်တော်ယာဉ်လိုင်းမှ လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းများ၏ လွမ်းသူ့ ပန်းခြင်း၊ နာရေကူညီမှုအသင်း(ရန်ကုန်)၏ လွမ်းသူ့ပန်းခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးခရီးသွား ညီအစ်ကိုမောင်နှမတို့၏ လွမ်းသူ့ပန်းခြင်းနဲ့ ကိုဇေယျာမျိုး၏ နောက်ဆုံးခရီးတွင် လာရောက်၍ နှုတ်ဆက်ချင်ပေမယ့် ပြည်ပခရီးစဉ်မှ အချိန်မီပြန်ရောက်မလာနိုင်သည့် နာရေကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့၏ “ရွှေစင်စင်္ကြာရဲ့ လူမှုရေးခရီးသွားရဲဘော် ကြွေလွင့်သွားခြင်းအပေါ် များစွာကြေကွဲမိပါကြောင်း” ထာဝရနှုတ်ဆက်နေသည့် မြင်ကွင်းလေး ဒီတသက် မေ့ရက်စရာမရှိတော့။ ကြေးစည်သံနှင့်အတူ နောက်ဆုံး နှုတ်ဆက် ရမည့်အချိန် မီးသင်္ဂြိုလ်စက် အဝင်ဝတွင် မိဘဆွေမျိုး၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းများတို့၏ မျက်ရည် စက်တွေနဲ့ နာကျင်ပေါက်ကွဲ ပူဆွေးခဏလေးပေမယ့် တသက်စာအတွက် ကမ္ဘာပျက်သလို နှုတ်ဆက်ခဲ့ လေသလား ကိုဇေယျာမျိုးရယ် နောက်ဆုံးထွက်သက်အနေဖြင့် မီးခိုးခေါင်းတိုင် အဝဆီပျံတက်သွားလေတဲ့ ကိုဇေယျာမျိုး၏ အငွေ့အသက်များ လက်ပြ လို့နှုတ်ဆက်နေသလို “အင်း.. ဦးကျော်သူ ပြန်လာရင်တော့ ခင်ဗျားအဖြစ်အပျက်ကိုရှင်းပြဖို့ ကျွန်တော်တို့ စကားလုံးရှာရဦးမှာပေါ့ ကို ဇေယျာမျိုးရယ်….”
ကိုဇေယျာမျိုး မလိုက်ပါနိုင်တော့သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နောက်လာမည့်ခရီးစဉ်များတွင် အခြားတစ်ယောက် အစား ထိုးရမှာမှန်ပေမယ့် ကျွန်တော်တို့အားလုံး၏ ရင်ထဲမှာတော့ နေရာတခု လိုနေဦးမှာပါ။ ကိုဇေယျာမျိုးရေ … ခင်ဗျားကြုံတွေ့ခဲ့သည့် ကြမ္မာဆိုး အတွက် ကျွန်တော်တို့ ဘာမှ မတက်နိုင်ခဲ့ပေမယ့် ခင်ဗျားရဲ့ နောက်ဆုံးခရီးမှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကျန်ရစ်သူမိသားစုရဲ့ အပူကို ဖေးမကူညီ မျှဝေယူရင်း ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်ပြုလုပ်နေရသည့် ပေးဆပ်မှု ကု သိုလ်အစုစုကို အမျှ… အမျှ… အမျှ… ပေးဝေငှလိုက်ပါတယ် … ကိုဇေယျာမျိုးရေ … သာဓုသုံးကြိမ်ခေါ်ပါနော်။
အချိန်မတန်ခင် ကြွေလွင့်သွားခဲ့သော လူမှုရေးခရီးသွားရဲဘော်အတွက် ကြေကွဲစွာဖြင့် ....
Comments