Hluttaw Man above the law?


လွှတ်တော်အမတ်လည်း ဥပဒေကို လေးစားလိုက်နာစေချင်
လမ်းစောင့်နတ်၊ ဟင်္သာတ၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အာဇာနည်ကျောက်တိုင်အ၀ိုင်းတွင် ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်၌ ဟင်္သာတမြို့ ပြည်သူတွေက ရွေးချယ်တင်မြောက်ထားသော တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးညွှန့်လှိုင်၏ လိုက်ထရပ်ကား နှင့် မိန်းခလေးငယ်တစ်ယောက်၏ စက်ဘီးတို့ ချိတ်မိခဲ့ကြောင်း သတင်းရရှိပါသည်။
 ထိုမိန်းခလေးငယ်မှာ ကားနှင့်ချိတ်မိသောကြောင့် ပွန်းပဲ့(စုတ်ပြဲ)ဒဏ်ရာများရရှိကာ လမ်းပေါ်တွင် ခွေခွေလေးဖြစ်နေစဉ် လွှတ်တော်အမတ်မှ ဒဏ်ရာရရှိသော မိန်းခလေးငယ်အား ကားပေါ်သို့တင်ဆောင်ပြီး ထွက်ခွာသွားကြောင်း မျက်မြင်သက်သေများက ပြောကြားပါသည်။
ဟင်္သာတပြည်သူ့ဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ ဆေးရုံသို့ ရောက်ရှိလာခြင်းမရှိကြောင်း ဖြေကြားပါသည်။ ထို့နောက် စုံစမ်းသိရှိရသည်မှာ ထိခိုက်ဒဏ်ရာရရှိသော မိန်းခလေးငယ်အား ပြည်သူ့ဆေးရုံကြီးသို့ ခေါ်မသွားပဲ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာသိန်းစိုး၏ အပြင်ဆေးခန်းအား ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
 ဖြစ်ပွားခဲ့သည့်နေရာတွင် တာဝန်ကျနေသော ယာဉ်ထိန်းရဲနှစ်ယောက်အား စုံစမ်းမေးမြန်းရာတွင် “ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး” ဟုသာ တွင်တွင်ပြောလျှက် ဆိုင်ကယ် မောင်းထွက်သွားပါသည်။ လွှတ်တော်အမတ်တွေဟာ ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူကို ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရမည်ကို မသိတာလား၊ သိသိကြီးနှင့် မပို့တာလား ဆိုတာကိုတော့ ကာယကံရှင်များကို မေးကြည့်စေလိုပါသည်။

Comments